fbpx

This is digital planet.

SamsungTech News

120Hz display ထောက်ပံ့ထားတဲ့ Exynos 990 ကို Samsung မိတ်ဆက်

Samsung ဟာ ဒီနှစ်အတွက် အရေးပါတဲ့ ဖုန်းတွေကို ကြော်ငြာခဲ့ပြီး အခုမှာတော့ နောက်နှစ် သူတို့ရဲ့ တန်ဖိုးကြီးဖုန်းတွေမှာ သုံးလာမယ့် Chipset ကိုကြိုဆိုရတော့မှာပါ။ Samsung ဟာ Exynos 990 Chipset အသစ်ကိုမိတ်ဆက်လိုက်ပါပြီ။ Exynos 990 Chipset ဟာ GPU အသစ် ၊ 120Hz screen ထောက်ပံ့မှုနဲ့ Performance ဟာ သိသိသာသာတိုးတက်လာမှာပါ။

7nm EUV process အပေါ်မှာ ထုတ်လုပ်ထားတာဖြစ်ပြီး Performance 20% Exynos 9820 နဲ့ Exynos 9825 တို့ထက် အားပိုသက်သာလာမှာပါ။ အဲ့အပြင် 990 အတွက် 5G ကိုဖွင့်လို့ရမယ့် Modem အသစ် Exynos Modem 5123 အသစ်ကိုပါမိတ်ဆက်လာပါတယ်။

Samsung announces Exynos 990 with 120Hz display support

Samsung ဟာ Chipset မှာပါ၀င်မယ့် CPU အတွက် Clock Speeds တွေကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် အဲ့တာတွေက တိကျတဲ့ ဆောင်ရွက်မှုအပေါ်မှာပဲ မူတည်နေပါတယ်။ Chipset မှာ Powerful ဖြစ်တဲ့ Custom cores နှစ်ခု ၊ high-performance Cortex A76 Units နှစ်ခု နဲ့ အားသက်သာတဲ့ Cortex-A55 cores လေးခုပါ၀င်ထားပါတယ်။ Exynos 990 ဟာသူတို့ရဲ့ Neural Processing Unit အတွက် Dual-core ကိုလည်းဆက်ထိန်းထားပါတယ်။ အဲ့ဒါအပြင် DSP ဟာတိုးတက်အောင် လုပ်ထားတယ်လို့သိရပါတယ်။ Samsung ကတော့ တစ်စက္ကန့်မှာ ten-trillion operations ထက် စွမ်းဆောင်နိုင်မယ်လို့ ဆိုထားပါတယ်။

Efficiency နဲ့ security အတွက် NPU ဟာ AI ကို ကန့်သတ်လို့ရလာတော့မှာပါ။ ဆိုလိုတာက Network နဲ့ Server အပေါ်အားထားနေခြင်းအစား Device ပေါ်က Data ကို စီမံနိုင်မှာပါ။ အဲ့တာက Facial Recognition နဲ့ Scene Detection ကိုပိုမြန်အောင်လုပ်ပေးလာမှာပါ။

Exynos Modem 5123 ဟာ 5G modem chips တွေထဲက ပထမဆုံး 5G modem ဖြစ်ပြီး 7nm EUV process အပေါ်မှာ တည်ဆောက်ထားပါတယ်။ အဲ့တာက Networks အားလုံးနီးပါးကို ထောက်ပံ့လာမှာဖြစ်ပြီး LTE networks တွေမှာ 3 Gbps download ထိရမယ်လို့ Samsung က ပြောထားပါတယ်။ 5G မှာ 8CA အထိထောက်ပံ့ပေးမှာဖြစ်ပြီး sub-6 GHz မှာ အများဆုံး Download Speed 5.1 Gbps နဲ့ mmWave မှာ 7.35 Gbps ကို ပေးပို့လာမှာပါ။

Exynos 990 ဟာ Memory bandwidth အတွက် LPDDR5 data rates ၊ 120Hz refresh rate ပါတဲ့ Display နဲ့ 108MP Resolution ထိရမယ့် Camera ပါလာမယ့် ဖုန်းကို ထောက်ပံ့ပေးလာမှာပါ။ 990 chipset အများအပြားထုတ်လုပ်မှုနဲ့ 5123 modem ထုတ်လုပ်မှုဟာ ဒီနှစ်အကုန်မှာ စတင်လာနိုင်ပါတယ်။ အဲ့အချိန်ဟာ Samsung Galaxy S11 ထွက်ဖို့အတွက် ကွက်တိကျလာမယ့် အချိန်ပါ။

Ref: Gizmochina