fbpx

This is digital planet.

realmeTech News

120Hz Display နဲ့ Realme X50 5G တရား၀င်ထွက်ရှိလာ

Realme X50 5G ကတော့ ဒီနေ့မှာတရား၀င်ထွက်ရှိလာခဲ့ပါပြီ။ ဖုန်းဟာ Realme ရဲ့ပထမဆုံး 5G ဖုန်းအနေနဲ့ထွက်လာခဲ့ပါတယ်။ Realme X50 နဲ့အတူ ကုမ္ပဏီအနေနဲ့ ဈေး မြန်မာငွေ ၈သောင်း၀န်းကျင်ရှိတဲ့ Realme Buds Air ကိုပါမိတ်ဆက်ခဲ့ပါ‌သေးတယ်။

ဈေး တရုတ်ယွမ် 2499 (မြန်မာငွေ ၅ သိန်းခွဲ၀န်းကျင်) ကနေစရှိလာတဲ့ Realme X50 5G မှာ 120Hz Refresh Rate ၊ Snapdragon 765 Processor ၊ 64-Megapixel Quad Rear Cameras ၊ 16-Megapixel Dual Selfie Sappers နဲ့ Fast Charging ထောက်ပံ့ပေးထားတဲ့ ပိုးများပြီး Battery ပါ၀င်လာပါတယ်။

Realme X50 5G Specifications

Glass Body ရှိတဲ့ Realme X50 ကို ရှေ့ကော‌နောက်မှာပါ Gorilla Glass 5 Panels တွေနဲ့ကာကွယ်ပေးထားပါတယ်။ ဖုန်းရဲ့အလေးချိန်ဟာ 202 Grams ရှိပြီး အတိုင်းအတာ 163.8 x 75.8 x 8.9mm ရှိပါတယ်။ ဖုန်းမှာ 6.57 လက်မရှိတဲ့ IPS LCD Display ကိုသုံးပေးထားပါတယ်။

120Hz Display နဲ့အတူ 20:9 Aspect Ratio ရှိပြီး 1080 x 2400 Pixels ရှိတဲ့ full HD+ Resolution ပါ၀င်ပါတယ်။ Screen-to-body Ratio ကတော့ 90.4 Percent ရှိပါတယ်။

ဖုန်းမှာ Adreno 620 Graphics ပါတဲ့ 7nm Snapdragon 765G Mobile Platform
၊ မျိုးဆက်ငါးခုမြောက် AI Processing Engine ၊ Dual-mode 5G တို့နဲ့ အားဖြည့်ပေးထားပါတယ်။ ဖုန်းမှာ 6 GB ၊ 8 GB ၊ 12 GB LPDDR4x RAM စတဲ့ Version သုံးမျိုးရှိပြီး Storage မှာတော့ 64 GB ၊ 128 GB နဲ့ 256 GB ဆိုပြီးရွေးချယ်နိုင်မှာပါ။

Realme X50 5G ဟာ ပိုတည်ငြိမ်ပြီး အနှောက်အယှက်မရှိတဲ့ Connection ရဖို့ Dual Wi-Fi connections ကိုသာမက 5G Networks နှစ်ခုကို တစ်ပြိင်နက်ချိတ်နိုင်ပါတယ်။ Graphic Sheet နှစ်ထပ် Lquid Cooled Cooper Pipe ၊ Thermal Gel ၊ Thermal Silicon Pad ၊ Cooper Foil Thermal Array နဲ့ တစ်ခြား Graphic Sheet အထပ်တွေပါတဲ့ Five-dimensional ice-cooled Heat Dissipation System ဟာ Realme X50 5G ကို ပြင်းထန်တဲ့ Performance လုပ်ဆောင်နေချိန်မှာ အေးအောင်ပြုလုပ်ပေးမှာပါ။

ဖုန်း‌ရဲ့ရှေ့ဘက်မှာ ဆေးတောင့်ပုံစံ Cutout ထဲမှာ 16 -Megapixels (f/2.0 aperture Sony IMX471 )Primary Lens နဲ့ 8-Megapixel (f/2.2 aperture )Superwide Sensor တို့ပါ၀င်ပါတယ်။

ထိုရှေ့ဘက် Camera နှစ်လုံးမှာ UIS Super Image Stabilizer ၊Video Portrait Blur ၊ Portrait Night ၊ AI Portrait Beauty နဲ့ 30fps 1080p Video Recording စတဲ့ Features တွေပါ၀င်ပါတယ်။

ဖုန်းရဲ့နောက်ဘက်မှာတော့ f/1.8 Aperture Samsung GW1 64-Megapixel Main Lens ၊ f/2.3 Aperture 8-Megapixel Ultrawide Lens ၊ f/2.5 Aperture 12-Megapixel Telephoto Lens နဲ့ f/2.4 Aperture 2-Megapixel Macro Lens တို့ပါတဲ့ Quad-Cameras ကိုတပ်ဆင်ပေးထားပါတယ်။ ထို Cameras လေးလုံးမှာ Dual-LED flash ၊ 20x Hybrid Zoom ၊ UIS နဲ့ UIS Max Video Stabilization၊ 30fps 4K Video Recording နဲ့ 960fps Slow-motion Recording စတဲ့ Features တွေပါ၀င်ပါတယ်။

Realme X50 5G မှာ အဆင့်မြင့်ထားတဲ့ 30W VOOC 4.0 Flash Charge Technology ကိုထောက်ပံ့ပေးထားတဲ့ 4,200mAh Battery ပါ၀င်ပါတယ်။ ထို Flash Charge Technology ဟာ အား 70 % အထိကို မိနစ် ၃၀အတွင်းအားဖြည့်ပေးနိုင်မယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။

Realme X50 5G မှာ Side-mounted Fingerprint Reader ၊ microSD card slot ၊ 1216 super linear speaker Dolby Sound နဲ့ Hi Res audio support ၊ microSD နဲ့အတူ dual-SIM slot ပါခြင်း ၊ Dual frequency GPS ၊ Wi-Fi 802.11ac ၊Bluetooth 5.0 နဲ့ USB-C စတဲ့ Features တွေပါ၀င်ပါတယ်။ တစ်ခုဆိုးတာကတော့ ဖုန်းမှာ 3.5mm Audio Jack မပါတော့ပါဘူး။ ဖုန်းမှာ Android 10 OS ကိုပြင်ဆင်ထားတဲ့ Realme UI နဲ့ Run ပေးထားပါတယ်။

Realme X50 5G Master Edition

အခု Editon ကတော့ နာမည်ကြီး ဂျပန် Designer တစ်ဦးက Design လုပ်ပေးထားပါတယ်။ Realme X50 5G Master Edition မှာ အရောင်နှစ်‌ရောင်ရှိပါတယ်။ ဖုန်းရဲ့ Design ဟာ ထူခြားတဲ့ လိုင်းတွေနဲ့ပုံစံဖော်ထားပြီး အရောင်စိုတဲ့ Metallic ပုံရဖို့ Classic Indium Plating Process ပါတဲ့ ပန်းပုထွင်းထားတဲ့ အမှတ်အသားရှိပါတယ်။ အခု Editon မှာတော့ 12 GB RAM နဲ့ 256 GB Internal Storage ဆိုပြီးရှိလာမှာပါ။

Realme X0 5G ရဲ့ ဈေးနှုန်းများ

8 GB RAM + 128 GB storage – 2,499 Yuan (~$360) (မြန်မာငွေ ၅ သိန်းခွဲ၀န်းကျင်)
6 GB RAM+ 256 GB storage – 2,699 Yuan (~$388) (မြန်မာငွေ ၅ သိန်း ၈ သောင်း၀န်းကျင်)
12 GB RAM + 256 GB storage -2999 Yuan (~$432) (မြန်မာ‌ငွေ ၆ သိန်း သုံးသောင်း ၀န်းကျင်)

Realme X50 Master Edition

12GB + 256GB – 3,099 Yuan (~$446) (မြန်မာ‌ငွေ ၆ သိန်း ခွဲကျော် )
အရောင်အနေနဲ့ Polar White နဲ့ Glacier Blue ဆိုပြီးရရှိနိုင်မှာပါ။ Realme X50 5G ကိုအခုတရုတ်မှာစတင်၀ယ်ယူလို့ရနေပါပြီ။ Realme X50 5G Master Edition ကတော့ Jan. 14 မှာစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ် ။

Ref: Gizmochina