fbpx

This is digital planet.

Tech NewsXiaomi

120Hz OLED displays ကို စမ်းသပ်နေတဲ့ Xiaomi

Xiaomi ကတော့ နေ့စဉ်သတင်းတိုင်းနီးပါးရဲ့ ခေါင်းစဉ်မှာ တွေ့နေရတဲ့အတွက် အခုနောက်ပိုင်းမှာ တော်တော်လေး တက်ကြွနေတယ်လို့ ဆိုရမှာပါ။ သူတို့ရဲ့ Xiaomi Mi CC9 Pro ရဲ့ Camera Performance ဟာ DxO ထိပ်အဆင့်ထိ ယူဆောင်နိုင်ခဲ့ပြီး Mi Note 10 Pro မှာလည်း ပိုမိုအားစိုက်လာဖို့ရှိနေပါတယ်။ အခု ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ Displays တွေကို 120Hz OLED displays တွေကိုသုံးပြီး ပိုကောင်းအောင်ပြုလုပ်နေတယ်လို့ သတင်းတွေအရသိရပါတယ်။

အခုသတင်းဟာ Weibo leaker @数码闲聊站 ဆီကနေထွက်လာတာပါ။ သူတို့ပြောပုံအရ Xiaomi ဟာ သူတို့ရဲ့ဖုန်းတွေအတွက် 120Hz AMOLED displays ကို စမ်းသပ်နေပြီဖြစ်တယ်လို့သိရပြီး နောက်နှစ်မှာ စတင်ကြော်ငြာဖို့ အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။ 120Hz AMOLED displays ပါမယ့်အကြာင်းကို ပိုသေချာသွားတာက MIUI 11 beta မှာ 120Hz display ရှိကြောင်းညွန်ပြထားတဲ့ Option ပါ၀င်လာလို့ပါပဲ။

Photo from xda.

အကယ်၍ အပေါ်က သတင်း‌တွေသာ မှန်ခဲ့ရင်
နောက်နှစ် Xiaomi ရဲ့ Flagship ဖုန်းမှာ ပါ၀င်လာဖို့ ဖြစ်နိုင်ချေများနေပါတယ်။ နောက်ထက်စိတ်၀င်စားဖို့ကောင်းတာက Xiaomi ရဲ့ sub-brands တွေအပေါ်သက်ရောက်မှုပါပဲ။ Pocophone ဒါမှမဟုတ် K20 ရဲ့ နောက် Version မှာ 120Hz ပါ၀င်လာရင် ကျွန်တော်တို့အနေနဲ့ နောက်ထပ် Flagship Killer အစစ်ကို တွေ့လာရဦးမှာပါ။

Xiaomi အနေနဲ့ အခုနောက်ပိုင်း ဖြစ်ပျက်သမျှ ကိစ္စတွေကို တာ၀န်ယူဖြေရှင်းပေနေပါပြီ။ လူအများတောင်းဆိုထားတဲ့ app drawer ကို MIUI မှာ Gadget အသစ်တွေနဲ့ Devices အမြောက်အမြား မှာ launch လုပ်ပေးဖို့ကနေစပြီး တာ၀န်ယူမှုတွေ အဆက်မပျက်လုပ်ဆောင်နေပါတယ်။ အခုလို့ တီထွင်မှုအသစ်တွေနဲ့ သူတို့ရဲ့ တိုးတက်မှုတွေကြောင့် နောက်နှစ်ဟာ Xiaomi အတွက် တောက်ပတဲ့ နှစ်ဖြစ်လာနိုင်ပါတယ်။

Ref: Gizmochina