fbpx

This is digital planet.

LenovoTech News

12GB RAM နဲ့ ကင်မရာ ၄ လုံးပါဝင်တဲ့ Lenovo Z6 Pro စတင်ထွက်ရှိလာ

ကင်မရာ ၄ လုံးပါဝင်တဲ့ Lenovo Z6 Pro ကတော့ ထွက်ရှိလာခဲ့ပါပြီး၊ ဒီဖုန်းကတော့ Lenovo ဖုန်းတွေထဲမှာ ပထမဆုံး ကင်မရာ ၄ လုံးပါဝင်တဲ့ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ Lenovo အနေနဲ့ ဒီဖုန်းကိုစတင်မိတ်ဆက်ခင်က တည်းက ဒီဖုန်းနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ရရှိနေခဲ့တာဖြစ်ပါတယ်။

Lenovo Z6 Pro Specifications and Features

ပထမဆုံးအနေနဲ့ ကိုယ်ထည်ပိုင်းကိုတော့ Glass နဲ့ Metal တို့ကိုပေါင်းစပ်ထည့်သွင်းထားပါတယ်။ မျက်နာပြင်အနေနဲ့ 6.39-inch ရှိကာ AMOLED display ကိုသုံးပေးထားပြီး Full HD+ resolution ဖြစ်တဲ့ 1080 x 2340 pixels နဲ့ထောက်ပံ့ပေးလာမှာပဲဖြစ်ပါတယ်။ ဒါအပြင် ဖုန်းမှာပါဝင်တဲ့ In-display fingerprint reader ကိုတော့ 6th-generation ကိုသုံးပေးထားတာဖြစ်တာကြောင့် ဆိုဆွတ်နေတဲ့ လက်ချောင်းနဲ့တောင် အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ Lenovo Z6 Pro ရဲ့ Display ကိုတော့ DCI-P3 Wide Color Gamut၊ HDR10၊ Blue Light Filter နဲ့ Full-Range DC Dimming တို့လို့ Feature မျိုးတွေနဲ့လည်းထောက်ပံ့ပေးထားပါတယ်။

Processor ကိုတော့ 7nm Type 2.84 Ghz Octa-core processor ဖြစ်တဲ့ Snapdragon 855 chipset နဲ့မောင်းနှင်ထားတာမျိုးဖြစ်ပြီး RAM ပိုင်းကိုတော့ 6GB/8GB/12GB တို့ကို Storage 128GB/256GB နဲ့. 512GB ဆိုပြီး တွဲဖက် ထည့်သွင်းပေးထားပါတယ်။

OS ပိုင်းကိုတော့ Android 9 Pie အခြေခံ ZUI 11 နဲ့ဖုံအုပ်ပေးထားပြီး Gaming Experience ကောင်းမွန်ဖို့အတွက် Game Turbo လို့ game acceleration features မျိုးတွေကိုထည့်သွင်းပေးထားပါတယ်။ 4000 mAh ဘက်ထရီပါဝင်သလို့ USB-C port နဲ့ 27W fast charging တို့နဲ့လည်းပါရှိပါတယ်။ ဒါအပြင် Device ရဲ့အပူချိန်ကိုထိန်းညှိဖို့အတွက် Coldfront Liquid Cooling Technology ကိုလည်းထည့်သွင်းပေးထားပါတယ်။

ကင်မရာပိုင်းအနေနဲ့ ဖုန်းရဲ့ရှေ့ဘက်မှာတော့ 32MP AI selfie camera ကိုထည့်သွင်းပေးထားပြီး f/2.0 aperture ရှိပါတယ်။ ကျောဘက်မှာတော့ 48MP (primary sensor) + 16MP (super wide-angle) + 8MP (telephotos lens) + 2MP (super video camera) ဆိုပြီး ကင်မရာ ၄ လုံးကိုထည့်သွင်းပေးထားပါတယ်။ ကင်မရာပိုင်း အတွက် အခြား Photography features တွေအဖြစ် Z6 Pro မှာ Super Night Scene Mode ၊ Super-macro images up to 2.39 through Super Wide-angle lens ၊ Hyper Video နဲ့ Double View Vlog စတာတွေပါဝင်ပြီး Dual-tone LED flash နဲ့ Laser Autofocus တို့ကိုတော့ ကင်မရာ ၄ လုံးနဲ့အတူပေါင်းစပ်ထည့်၍ ကျောဘက်မှာထည့်သွင်းပေးထားပါတယ်။

Lenovo Z6 Pro မှာ L1+L5 dual-frequency GPS technology ကို Accurate Location Tracking အတွက်ပါဝင်ပြီး အခြား Connectivity features တွေအနေနဲ့ Dual-SIM support၊ 4G LTE၊ WiFi 802.11ac၊ Bluetooth 5.0 နဲ့ flagship တွေရဲ့ ရှားပါးပစ္စည်း 3.5 mm headphone jack ပေါက်တို့လည်းပါဝင်ပါတယ်။ ဖုန်းရဲ့အရွယ်အစား အနေနဲ့ 157.5 x 74.6 x 8.65 mm ရှိပြီး အလေးချိန် အနေနဲ့ 185g ရှိပါတယ်။

Lenovo Z6 Pro Price and Release Date

Lenovo Z6 Pro ရဲ့ဈေးနှုန်းတွေအနေနဲ့

6 GB RAM + 128 GB storage – 2,899 Yuan ($431 / မြန်မာငွေ ၆ သိန်း ၆ သောင်းကျော်)

8 GB RAM + 128 GB storage – 2,999 Yuan ($446 / မြန်မာငွေ ၆ သိန်း ၈ သောင်းကျော်)

8 GB RAM + 256 GB storage – 3,799 Yuan ($565 / မြန်မာငွေ ၈ သိန်း ၇ သောင်းဝန်းကျင်)

12 GB RAM + 512 GB storage – 4,999 Yuan ($744 / မြန်မာငွေ ၁၁ သိန်း ဝန်းကျင်) လောက်ကျသင့်မှာဖြစ်ပါတယ်။

Lenovo Z6 Pro မှာ ရွေးချယ်စရာ အရောင်တွေ အနေနဲ့ Red-Black နဲ့ Green-Blue တို့ပါဝင်ပြီး ဒီဖုန်းရဲ့ ပထမဆုံးရောင်းချမှုကို April 29 ရက်နေ့ တရုတ်မှာ စတင်ရောင်းချမယ်လို့သိရပါတယ်။ ဒါအပြင် 5G ပါဝင်တဲ့ Lenovo Z6 Pro 5G Discovery Edition ကိုလည်း Lenovo မှာထက်ထုတ်ဖို့ရှိသေးတယ်လို့လည်းသိရပါတယ်။

Ref: Gizmochina