fbpx

This is digital planet.

GoogleTech News

16 MP Telephoto lens ပါဝင်လာဖွယ်ရှိတဲ့ Google Pixel 4

Google အနေနဲ့ သိပ်မကြာသေးခင်ကပဲ သူကိုယ်တိုင်း သူရဲ့ဖုန်းနောက်ကျောဘက်အနေအထားကို ချပြသွားခဲ့ပါတယ်။ ဒါဟာ မဖြစ်စဖူးဖြစ်တဲ့ ကိစ္စရပ်မျိုးလည်းဖြစ်ပါတယ်။ Google က ချပြသွားခဲ့တဲ့ပုံမှာဆိုရင် နောက်ကျောဘက်ကင်မရာက လေးထောင့်ပုံစံခွက်ထဲမှာ ကင်မရာနှစ်လုံးထည့်ထားတာကို တွေ့ရမှာလည်း ဖြစ်ပါတယ်။ Dual cameras setup ဖြစ်တဲ့အတွက်ကြောင့် main camera အပြင် secondary camera ပါဝင်တဲ့ Google ရဲ့ ပထမဆုံးဖုန်းလည်းဖြစ်လာမှာပါ။

အဲ့ဒီပုံထွက်ပေါ်လာပြီးတဲ့အချိန်ကစပြီး Google အနေနဲ့ သူ့ရဲ့ နောက်ထွက်မဲ့ Google Pixel 4 မှာ wide lens သုံးမလား Tele သုံးမလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ခံခဲ့ရပါတယ်။ အများစုမျှော်လင့်ထားတာကတော့ Wide lens ဖြစ်ပါတယ်။ ဒါ့အပြင် ခုလက်ရှိ flagship ဖုန်းတော်တော်များများမှာ ultra wide lens ကို တပ်ဆင်လာကြတာကြောင့် Google အနေနဲ့လည်း သူ့ရဲ့ Pixel 4 မှာ ultra wide lens ကို အသုံးပြုလာနိုင်တယ်လို့ ထင်ကြေးပေး ယူဆသူတွေအများအပြားပေါ်ပေါက်လာခဲ့ပါတယ်။

Google Pixel ဖန်တွေအနေနဲ့လည်း နောက်ထွက်မဲ့ Pixel 4 မှာ Dual cameras setup နဲ့ထွက်ပေါ်လာမှာဖြစ်တဲ့အတွက် ultra wide lens ကိုပဲအသုံးပြုဖို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာပဲ Google အနေနဲ့ ultra wide lens အစား 16 MP Telephoto lens ကို တပ်ဆင်ပေးသွားမယ်လို့ သတင်းတွေထွက်ပေါ်လာတယ်။ ဒီလိုဆိုရင်တော့ Google Pixel အသုံးပြုသူတွေအနေနဲ့ ultra wide shots တွေရိုက်နိုင်ဖို့ မျှော်လင့်ချက်က နည်းပါးသွားပြီလို့ပြောရတော့မှာပါ။

Related image

အရင်ကတည်းက Developers တွေအနေနဲ့လည်း Google Pixel 4 ရဲ့ camera app ပေါ်မှာ support လုပ်ဖို့ စတင်လုပ်ကိုင်နေကြပြီလို့လည်း သိရပါတယ်။ ခုထွက်မဲ့ Google Pixel 4 မှာ ပထမဦးဆုံး front IR sensor လည်းပါဝင်လာမှာဖြစ်ပြီး သူ့ရဲ့အဓိကရည်ရွယ်ချက်က Android Q မှာပါလာမဲ့ face authentication feature ကို အဓိက အထောက်အပံ့ပေးဖို့ ဖြစ်ပါတယ်။ ခုထွက်လာတဲ့သတင်းတွေထဲမှာတော့ Google Pixel 4 ပေါ်မှာ ultra wide lens ပါဝင်လာဖို့အတွက် မျှော်လင့်ထားတဲ့သူတွေအတွက်တော့ စိတ်မကောင်းစရာ သတင်းပါပဲ။

Ref: GSMARENA