fbpx

This is digital planet.

Tech NewsXiaomi

18W fast charging ပါတဲ့ Black Shark 10000mAh Power bank ကို Xiaomi မိတ်ဆက်

Xiaomi ရဲ့ Black Shark ဟာ Gaming smartphones တွေမှာ နာမည်ရထားပါတယ်။ Black Shark ဟာ သူတို့ရဲ့ Powerful Set Up တွေဖြစ်တဲ့ ကြာရှည်ခံတဲ့ Battery မှာသုံးထားတဲ့ Fast Charging နဲ့ ဆန်းသစ်တဲ့ cooling system ကြောင့် နာမည်ကျော်နေပါတယ်။ အဲ့တာက Users တွေကို ဂိမ်းဆော့ဖို့အချိန်း အများကြီးရနိုင်ပြီး Battery ကုန်သွားမှာကို စိတ်ပူစရာမလိုပါဘူး။ အခု Black Shark ဟာ 10000mAh battery ပါ၀င်တဲ့ Power Bank ကို မိတ်ဆက်လိုက်တဲ့အတွက် Battery ကုန်သွားရင်တောင် စိတ်ပူစရာမလိုတော့ပါဘူး။

Black Shark ရဲ့ 10000mAh Power bank ရဲ့ Case ဟာ ခမ်းနားတဲ့ Design ပုံစံရှိပါတယ်။ Design က Black Shark ဖုန်းတွေရဲ့ပုံစံကို Inspire ယူထားပါတယ်။ Body ကိုတော့ Rubber နဲ့ Metal ကို Silver Coating နဲ့တွဲအုပ်ထားပါတယ်။ Power Bank ရဲ့ အလယ်မှာ Battery Level ကိုပြထားတဲ့ အစိမ်းရောင် LED strip ပါ၀င်ထားပါတယ်။ အောက်ဘက်မှာတော့ Power Bank အားသွင်းနေရင် ပြမယ့် LED light တစ်ခုရှိပါတယ်။

Power Bank မှာတော့ 18W fast charge support ကို အဓိက Feature အနေနဲ့ထည့်ပေးထားပါတယ်။ အဲ့တာက bi-directional ပါ။ Power Bank မှာ USB-A ports နှစ်ခုပါပြီး USB-C port ကိုအားသွင်းဖို့ထည့်ပေးထားပါတယ်။ အဲ့ USB-C port ဟာ တစ်ခြား Device ကို Reverse Charging လုပ်ပေးနိုင်ပါတယ်။ Company ကတော့ Black Shark 2 Pro ကို 30 minutes အတွင်း 47% အထိအားဖြည့်ပေးနိုင်မယ်လို့ပြောထားပါတယ်။ Excessive heating, short circuit or overcorrect တွေကိုကာကွယ်ပေးမယ့် safety features တွေပါ၀င်ထားပါတယ်။ Black Shark Gamepad ဒါမှမဟုတ် Smart band လို Gadgets တွေကိုအားသွင်းတဲ့အခါ Charging Speed ကိုနှေးပေးနိုင်မယ့် ခလုတ်ပါ၀င်ထားပါတယ်။

လက်ရှိ Black Shark 10000mAh Power Bank ဟာ Black Shark Official Website နဲ့ Mi.com မှာ 119 Yuan (16$) မြန်မာငွေ ၂ သောင်းခွဲကျော် နဲ့ဝယ်လို့ရနေပါပြီ။

Ref: Gizmochina