fbpx

This is digital planet.

Tech News

192MP အထိ Camera Support ပေးနိုင်မယ့် Qualcomm Chipset များ

ဒီနှစ်ထဲမှာ အသုံးများလာတဲ့ 48MP Sensor တွေ၊ Nokia 9 PureView ရဲ့ Camera ၅ လုံး စတာတွေဟာ Mobilie Photography ကို နောက်တစ်ဆင့်တက်လှမ်းဖို့ ကနဦးရောင်နီဖြစ်လာနိုင်ပါတယ်။ ခုလို ခေတ်စားလာတဲ့ Trend တစ်ခုမှာ အမှီလိုက်နိုင်ကြောင်းသက်သေပြတဲ့အနေနဲ့ Qualcomm ကနေ သူတို့ရဲ့ Snapdragon SOC တစ်ချို့မှာပါဝင်တဲ့ ISP (Image Signal Processor) အချက်အလက်တွေကို ဖော်ထုတ်ပြသခဲ့ပါတယ်။

ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီး ပထမဆုံးသတိထားတွေ့ရှိခဲ့တာကတော့ Google Camera ကို တခြားဖုန်းတွေမှာ အသုံးပြုနိုင်အောင် Ports Apk တွေဖန်တီးပေးခဲ့တဲ့ XDA Developer ပါ။ သူတို့အနေနဲ့ GCam ကို Snapdragon SOC နဲ့တခြားဖုန်းတွေမှာ ကောင်းကောင်းအသုံးချနိုင်ဖို့ Chipset ရဲ့ ISP ပိုင်းကို တွက်ချက်ဆန်းစစ်ရင်း ခုလိုအံ့သြစရာရလဒ်ကို ရှာတွေ့ခဲ့တယ်ဆိုရမှာပါ။

SD 710

အပေါ်က ထုတ်ပြန်ထားတဲ့ Spec Sheet တွေမှာ Single နဲ့ Dual Camera တွေလုပ်ဆောင်နိုင်စွမ်း၊ Slow-mo Video တွေကို ဘယ်လောက်ထိရိုက်နိုင်စွမ်း၊ Autofocus ကို ဘယ်လောက်ထိမြန်မြန်ဆန်ဆန်လုပ်နိုင်စွမ်း စတဲ့အချက်တွေပါဝင်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာအကောင်းဆုံးကတော့ Qualcomm Chipset တွေဟာ Camera တစ်လုံးထဲကို 192MP အထိ Support လုပ်နိုင်တယ်ဆိုတဲ့ အချက်ပါ။ အဲလိုလုပ်နိုင်တဲ့ Chipset စာရင်းထဲမှာ SDG 855, 845, 710, 675 နဲ့ 670 တို့ ပါဝင်နေပါတယ်။

SD 845

လက်ရှိအချိန်မှာတော့ ဘယ်ဖုန်းမှာမှ 50MP ကျော်တဲ့ Camera ကိုတောင် အသုံးမပြုသေးတာမို့ ဒီတွေ့ရှိချက်ဟာ Theory ပိုင်းဆိုင်ရာ တွက်ချက်မှုရလဒ်တစ်ခုအဖြစ်ပဲ ရှိနေပါသေးတယ်။ တကယ်လို့ အဲလို Camera မျိုးတပ်ဆင်နိုင်ခဲ့ရင်တောင် အဲဒီဖုန်းမှာ Dual Camera ကို အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ယုတ်စွအဆုံး Selfie Camera ပါ တပ်မသုံးနိုင်အောင်အထိ ဖုန်းပေါ်ရော၊ Chipset ပေါ်မှာပါ ဝန်ပိစေနိုင်ပါတယ်။ ဒါ့အပြင် ISP ရဲ့ Feature တစ်ချို့ဖြစ်တဲ့ Multi-frame Noise Reduction, Shutter Speed စတာတွေ အသုံးပြုရအဆင်မပြေတော့တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် 192MP Camera Support လုပ်နိုင်မယ်ဆိုတဲ့အချက်ဟာ Theory အရတွက်ချက်မှုတစ်ခုပိုဆန်သလို လက်ရှိအချိန်မှာလည်း ဘယ်သူကမှ အဲလောက် Megapixel များတဲ့ Sensor ကိုလည်း Smartphone တွေမှာ အသုံးပြုကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် ခုလို Future Proof ဖြစ်စေမယ့် Chipset တွေကို ဖန်တီးထုတ်လုပ်ထားနိုင်တဲ့ Qualcomm ရဲ့ နည်းပညာခေတ်ရှေ့ပြေးနိုင်မှုကတော့ ချီးကျူးစရာဖြစ်နေပါတော့တယ်။

Ref: GSMArena