fbpx

This is digital planet.

GamesTech News

2 Million USD ထိ ဆုကြေးပေးမယ့် PUBG Mobile Club Open 2019 ပြိုင်ပွဲ

Region ၈ ခုက Mobile Player တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး $2 Million ဆုကြေးကို အနိုင်ရသူတွေဆီခွဲဝေပေးမယ့် ပြိုင်ပွဲတစ်ခုကို PUBG Mobile ကနေ ထပ်ပြီးကြေငြာလိုက်ပြန်ပါပြီ။ PUBG အနေနဲ့ မတ်လ ၁၀ ရက်နေ့မှပြီးဆုံးမယ့် Indian Tournament မပြီးခင်မှာပဲ နောက်ထပ်ပြိုင်ပွဲတစ်ခုအတွက် ခုလိုထပ်ပြီးကြေငြာခဲ့တာပါ။ သင်ဟာ တကယ်လို့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့စိတ်ကူးရှိတယ်ဆိုရင်တော့ သင်နဲ့ စိတ်တူကိုယ်တူ Team Member တွေရှိဖို့ မဖြစ်မနေလိုအပ်ပါလိမ့်မယ်။

Image result for pubg

ဆိုတော့ကာ ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းလေးတွေကို အတိုချုပ်ပြောပြပေးပါ့မယ်။

– ပြိုင်ပွဲဝင်မယ့်သူတွေအနေနဲ့ ပြိုင်ပွဲစတင်မယ့်ရက်ကို နောက်ဆုံးထားပြီး အသက် ၁၆ နှစ်ပြည့်ဖို့ လိုအပ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ ၁၆ နှစ်အောက်နဲ့ အရွယ်ရောက်ပြီလို့ သတ်မှတ်ထားတာကြောင့် ၁၆ နှစ်အောက် ပြိုင်ပွဲဝင်တွေကတော့ မိဘ၊ အုပ်ထိန်းသူရဲ့ ထောက်ခံချက် လိုအပ်မှာပါ။

– အနည်းဆုံး Team ထဲက Member ၃ ယောက်ဟာ တစ်နိုင်ငံထဲကနေ Register လုပ်သူတွေဖြစ်ရပါမယ်။

– ပါဝင်မယ့် Player တိုင်းဟာ Register လုပ်ချိန်မှာ Platinum နဲ့အထက် Rank ရောက်နေသူတွေ ဖြစ်ရပါမယ်။

– Register လုပ်ပြီးမှ ပြန်ဖျက်တာ၊ လူစာရင်းပြောင်းတာတွေ လုပ်ခွင့်မရှိပါဘူး။

– Team တစ်ခုမှာ အနည်းဆုံး Player ၄ယောက်နဲ့ အရန်အဖြစ် ၁ယောက်၊ အများဆုံး ၅ယောက်အထိ ပါဝင်ခွင့်ရှိပါတယ်။

– တစ်ပွဲနဲ့တစ်ပွဲကြားမှာ Team Member ထဲက လူအပြောင်းအလဲလုပ်ခွင့်ရှိမယ်။

– Qualification Round က Result ဟာ အဲဒီ Round အတွင်းကစားထားတဲ့ပွဲရလဒ်တွေအပေါ်မူတည်နေတာမို့ Register လုပ်ထားတဲ့ Team Name နဲ့ ဂိမ်းထဲက Team Name ကို တူအောင်ပေးထားရပါလိမ့်မယ်။

– ပြိုင်ပွဲတစ်ခုလုံးစာဦးဆောင်မယ့် Team Leader တစ်ယောက်ကို ကြိုရွေးထားရပါမယ်။ (တစ်ပွဲကို Leader တစ်ယောက်ပြောင်းခွင့်မရှိပါဘူး)

– ပြိုင်ပွဲတိုင်းကို TPP(Third Person Play) Squad Mode နဲ့ ဆော့ရပါမယ်။

– ပြိုင်ပွဲဝင်မယ့်သူတွေအနေနဲ့ 8.3.2019 မြန်မာစံတော်ချိန် ည ၉နာရီခွဲကနေ 19.3.2019 မြန်မာစံတော်ချိန် မနက် ၄နာရီခွဲအထိ စာရင်းပေးသွင်းနိုင်မှာပါ။

Image result for pubg

ဒီပြိုင်ပွဲရဲ့ ဆုကြေးငွေကလည်း မနဲသလို ပြိုင်ရမယ့်အဆင့်ဆင့်ကလည်း မလွယ်တဲ့အတွက် စာရင်းသွင်းချင်သူတွေအနေနဲ့ ပြိုင်ပွဲဝင်တွေလိုက်နာသင့်တဲ့အချက်တွေကို သေချာဖတ်ရှုစေလိုပါတယ်။ ဝင်ပြိုင်ဖို့ ဆန္ဒရှိသူတွေအနေနဲ့လည်း ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

စာရင်းပေးသွင်းရန်

Ref: right-brother

Photos: PUBG