fbpx

This is digital planet.

ArticlesPocophoneRedmiTech NewsXiaomi

2018 ကနေ Xiaomi ကို ပေးခဲ့တဲ့ သင်ခန်းစာ

ထင်မှတ်မထားပဲ 2019 ရဲ့ Smartphone War ဟာ နှစ်အစပိုင်းမှာတင် ပြင်းထန်နေခဲ့တယ်။ အဲလိုအချိန်မှာ အားလုံးသိထားပြီးတဲ့အတိုင်း Xiaomi ကနေ Redmi Note 7 ကို မိတ်ဆက်ပြီး ပြိုင်ဘက်တွေကို စစ်ကြေငြာခဲ့သလို Smartphone လောက ကိုလည်း ပွက်လောရိုက်စေခဲ့တယ်။ ဒါဟာ နောက်ပိုင်းနှစ်တွေမှာ Xiaomi ရဲ့ အလှပဆုံး စတင်ခြင်းလို့တောင် ဆိုနိုင်ပါတယ်။ ဆိုတော့ကာ ဒီလို စတင်နိုင်အောင် ဘယ်အရာတွေကနေ Xiaomi ကို တွန်းအားပေးနိုင်ခဲ့သလဲဆိုတာ စိတ်ဝင်စားမိတဲ့အတွက် Xiaomi ရဲ့ 2018 တစ်နှစ်တာကို လှန်လှောပြန်ကြည့်ဖြစ်ခဲ့ပါတယ်။

Smartphone Market ဟာ တဖြည်းဖြည်း Saturated ဖြစ်လာပြီဆိုတာကို Company တွေရော နည်းပညာလိုက်စားသူတွေပါ အသိဖြစ်ပါလိမ့်မယ်။ ပြီးတော့ နည်းပညာပိုင်းမှာလည်း အရင်လောက် တစ်ဟုန်ထိုးတိုးတက်နိုင်စွမ်းလျော့နည်းလာတာကြောင့် Smartphone အသစ်တွေဟာ အရင်ကလောက် Fan တွေကို Wow ဖြစ်စေတဲ့အချက်တွေပါဝင်မှုဟာ အရင်ထက်နည်းပါးလာတာ တွေ့ရမှာပါ။ အထူးသဖြင့် Premium Brand တွေအတွက် Innovation ပိုင်းကနေ အမြတ်အစွန်းများနိုင်သလောက် Xiaomi လို P2P Brand အနေနဲ့ Innovation ဆိုတာ Risk အရမ်းများတဲ့အရာတစ်ခု ုဖြစ်လို့နေပါတယ်။ အဲဒီအားနည်းချက်ဟာ Xiaomi အပေါ် ဘယ်လိုနေရာတွေမှာ သက်ရောက်မှုရှိစေခဲ့သလဲ?

Image result for redmi note 6

BGR.in

ခိုကပ်မှု

နားဝင်ဆိုးပေမယ့် ဒီထက်လွယ်ကူထိရောက်တဲ့ခေါင်းစဉ်ကို စဉ်းစားလို့ မရခဲ့တာအမှန်ပါ။ ကိုယ်တိုင်လည်း 2018 မှာထွက်ခဲ့တဲ့ Xiaomi ရဲ့ Phone Model ဟာ နောက်လာမယ့် Model တွေအတွက် “ချန်” နေတဲ့ခံစားချက်မျိုးကို ရခဲ့တယ်။ ပထမဆုံး ခံစားခဲ့ရတာက Redmi 5 & 5 Plus ပါ။ Design ပိုင်းပြောင်းလဲမှုကလွဲရင် Redmi Note 4 နဲ့ ပြောင်းလဲတဲ့ကွာခြားမှုမျိုး မတွေ့ခဲ့ရ။

ဒါနဲ့ Redmi Note 5 Pro ဆိုတာ ဖြစ်လာခဲ့တယ်။ သို့ပေမယ့် Market Demand ကို Xiaomi အနေနဲ့ နောက်တစ်ကြိမ် လျှော့တွက်ခဲ့ပြန်ပါတယ်။ Xiaomi အနေနဲ့ သတိမထားမိခဲ့တာက 2018 မှာ Brand အတော်များများဟာ Affordable Mid-range ဖုန်းတွေအပေါ် ပိုအာရုံစိုက်လာကြတယ် ဆိုတာပါပဲ။ အဲဒါကြောင့် Global Version မှာခိုခဲ့တဲ့ 12MP, f/2.2 Camera ကို China Version မှာ f/1.9, 1.4µ နဲ့ အစားထိုးခဲ့ရတယ်။

ခိုကပ်ခြင်းရဲ့ Xiaomi ရဲ့ တစ်နှစ်တာ Plan အပေါ် သက်ရောက်မှုဟာ ဒီမှာတင် မရပ်တန့်ခဲ့ပါဘူး။ In-Display Fingerprint နဲ့ ကို Standard Model မှာ ချန်ခဲ့မိလို့ Meizu ရဲ့ သမတာကို ခံခဲ့ရတာ၊ Xiaomi ရဲ့ ရိုးရာအတိုင်း အရွယ်အစားသေးသေးကျစ်ကျစ်နဲ့ High End ဖြစ်လာခဲ့သင့်တဲ့ Mi 8SE ကို ဝိတ်လျှော့ပစ်ခဲ့တာ၊ Mi Max 2 ရဲ့ အဓိက Function တစ်ခုဖြစ်တဲ့ Dual Speaker ကိုဖြုတ်ပြီး Snapdragon 636 ကို သုံးခဲ့တာ၊ နောက်ဆုံးမှာ Global အတွက် ရည်ရွယ်ချက်နဲ့ Note 5 နဲ့ သိပ်မထူးခြားနား Note 6 ကို ထပ်ထုတ်ခဲ့တာ စတဲ့အချက်တွေဟာ Xiaomi ကို ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်ချိန်မှာ အထိနာစေခဲ့တဲ့ အကြောင်းအရင်းတွေလို့ ယူဆပါတယ်။

Image result for xiaomi iphone look alike

TechCrunch

အာရုံများခြင်း

2018 ဟာ Xiaomi ရဲ့ နယ်ချဲ့တဲ့နှစ်လို့တောင် ဆိုနိုင်ပါတယ်။ နိုင်ငံတကာမှာ Mi Store တွေဖွင့်လှစ်ခြင်းနဲ့အတူ ဈေးကွက်ချဲ့ထွင်မှုကို အာရုံရောက်နေတဲ့ Xiaomi ဟာ သူတို့ရဲ့ Product တွေအပေါ် အာရုံစိုက်နိုင်မှု လျော့နည်းခဲ့ပုံရတယ်။ ဒီအပိုင်းကတော့ အထူးတလည်ပြောဖို့လိုမယ်မထင်။

iPhone နဲ့ဆင်တူတဲ့ Camera Design ကို 2018 ရဲ့ Xiaomi ဖုန်းအတော်များများမှာ မြင်တွေ့ခဲ့ရတဲ့အတွက် အမာခံ Fan တွေကိုယ်တိုင်တောင် မချင့်မရဲဖြစ်ခဲ့ရတဲ့အထိပါပဲ။ (iPhone Camera Design ကို Fingerprint နဲ့တွဲမြင်ရင် Mi Phone မှန်း သိသာစေတာကတော့ အဆိုးထဲက အကောင်းပြောရမလားပဲ) 😅

Image result for miui ads

Android Authority

MIUI ပေါ်က Ads များ

ဒါကတော့ ပြဿ နာအကြီးစားလို့ မဆိုနိုင်သည့်တိုင် Ads တွေကို Sensitive ဖြစ်တဲ့သူတွေအတွက် စိတ်ညစ်စရာဖြစ်ခဲ့ရတယ်။ Ads ထည့်ရတဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ Xiaomi ရဲ့ Product Line အပေါ် 5% ပဲ အမြတ်ယူထားတဲ့ Policy ကြောင့်ပါ။

ဒီတော့ သူတို့ရဲ့ အပိုဝင်ငွေ တစ်စိတ်တစ်ဒေသကို Software ပိုင်းဖြစ်တဲ့ MIUI ကနေရှာဖွေရာမှာ Ads တွေကို တစ်စိတ်တစ်ပိုင်းအဖြစ် စမ်းသပ်ခဲ့တယ်။ သို့ပေမယ့် နောက်ပိုင်း Update တွေမှာ Ads တွေမမြင်ရတော့သလို Setting ထဲမှာ Recommendation တွေပိတ်တာ၊ 3rd Party Muisc & Video Player တွေသုံးတာ စတာတွေနဲ့ Ads တွေမမြင်ရအောင် လုပ်လို့ရနိုင်ပါတယ်။

ဒါတွေကတော့ 2018 မှာ Xiaomi ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊ အလွဲအချော်တစ်ချို့ပါ။ အခုလို လွဲချော်မှုလေးတွေရှိခဲ့ပေမယ့် 2018 မှာ Xiaomi ဟာ Global Smartphone Share မှာ No.4 နေရာကို ရယူထားနိုင်ခဲ့ပြီး အကြီးမားဆုံး Smartphone Market တွေဖြစ်ကြတဲ့ China နဲ့ India တို့မှာလည်း ထိပ်ပိုင်းနေရာမှာ ရပ်တည်နိုင်ခဲ့တယ်။ အဲလိုရပ်တည်နိုင်ခဲ့တာကလည်း Xiaomi ရဲ့မှန်ကန်တဲ့ ရွေးချယ်မှုတစ်ချို့ကြောင့်လို့ ဆိုရမှာပါ။

Image result for mi store

Mi Malaysia

Global Mi Stores

Xiaomi ရဲ့ ဈေးကွက်ချဲ့ထွင်မှုမှာ အရေးအပါဆုံးနေရာမှာ ရှိနေခဲ့တာက သူ့ရဲ့ Offline Store တွေပါ။ Xiaomi ရဲ့ Smartphone အဓိကရောင်းချတဲ့လမ်းကြောင်းဟာ Online Sale အပေါ်အခြေခံခဲ့လို့ ကုန်ကျစရိတ်ကို အမြောက်အများလျှော့ချနိုင်ခဲ့ပေမယ့် Retail Store တွေမှာ လိုချင်တဲ့ Product ကို စိတ်ကြိုက်ရွေးချယ်ပြီး Customer Service ကို ပိုအလေးပေးတတ်တဲ့ အနောက်နိုင်ငံတွေအတွက်တော့ ဒီနည်းလမ်းဟာ ထင်သလောက်အဆင်မပြေတာ သိလာပုံရတယ်။ ဒါကြောင့် 2018 အတွင်း Mexico, Spain, Germany, Italy တို့လိုနိုင်ငံတွေမှာ Xiaomi ဟာ Official Store တွေဖွင့်လှစ်နိုင်ခဲ့တယ်။

Xiaomi ရဲ့ခြေလှမ်းတွေဟာ ဒီမှာတင် ရပ်တံ့မသွားခဲ့ပါဘူး။ ပစ္စည်းအမျိုးအစားစုံလင်တဲ့ Store တစ်ခုဟာ Customer တွေကို ဝင်ရောက်ကြည့်ရှုချင်အောင် ဆွဲဆောင်နိုင်တယ်ဆိုတဲ့အချက်ကို သဘောပေါက်နားလည်ခဲ့တယ်။ ဒါကြောင့် Mi Store တွေဟာ Smartphone သက်သက်မဟုတ်ပဲ Mi Home Product တွေကိုပါ ကြည့်ရှုလေ့လာနိုင်တဲ့ Store တွေ ဖြစ်ခဲ့ပြီး Mi Store တွေကို ဝင်ရောက်လေ့လာ၊ ဝယ်ယူသူတွေဟာ ပြိုင်ဘက်တွေထက် အမြဲလိုလို များပြားနေတတ်တာကို တွေ့ခဲ့ရတယ်။

ဒါ့အပြင် Apple ကိုယ်တိုင် စက်ရုံတည်ဆောက်ဖို့မျက်စိကျနေတဲ့ India မှာ Xiaomi အနေနဲ့ Smartphone ထုတ်လုပ်တဲ့စက်ရုံတွေကို ဆောက်လုပ်ခဲ့ပြီး Global ကိုဖြန့်ချီမယ့် Smartphone အများစုကိုလည်း အဲဒီကနေထုတ်လုပ်တပ်ဆင်တာကြောင့် Made in China ကို Sensitive ဖြစ်တတ်သူတွေအတွက် ဖြေသာစရာဖြစ်သလို ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်တာကြောင့် ခဲတစ်လုံးငှက်နှစ်ကောင်ပစ်သလို ထိရောက်ခဲ့တယ်ဆိုရမှာပါ။

Image result for mi subbrand

Marketing Mind

Sub Brands

Pocophone လို India နဲ့ Europe ဈေးကွက်အတွက် Affordable High End Smartphone တွေထုတ်လုပ်မယ့် Brand, Gaming Trend တစ်ခုကို အမှီလိုက်ဖို့ ဖန်တီးခဲ့တဲ့ Black Shark စတာတွေက Xiaomi ကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက Target အသီးသီးကို သေချာအာရုံစိုက်နိုင်စေခဲ့တယ်ဆိုရမှာပါ။

ဒီတော့ 2019 မှာ Xiaomi ကနေ Independent Brand အဖြစ်ခွဲထွက်ခဲ့တဲ့ Redmi ရဲ့ Note 7 ဟာလည်း 2018 မှာ Xiaomi ရဲ့ အမှားတွေထဲကသင်ခန်းစာ၊ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနည်းလမ်း စတာတွေကနေ ပေါင်းစပ်မွေးဖွားလာခဲ့တဲ့ Product လို့ ထင်မိပါတယ်။ ဈေးတန်တဲ့ Mid-range Smartphone တွေထုတ်လုပ်ဖို့တာဝန်ကို Redmi ကိုလွှဲအပ်နိုင်ခဲ့ပြီဆိုတော့ Mi အနေနဲ့ရော ပိုကောင်းတဲ့ Design, ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ Spec တွေပါဝင်မယ့် Flagship Killer တွေကို စင်မြင့်ပေါ် ပို့ဆောင်ပေးဦးမလဲဆိုတာကို စောင့်စားရင်ခုန်မိနေပါတော့တယ်။