fbpx

This is digital planet.

ArticlesBlackberryLGMotorolaSonyTech NewsXiaomi

2018 အတွက် မပေါက်မြောက်ခဲ့သော ဖုန်းများ

Pixel 3, Mate 20 Pro, Galaxy Note 9, OnePlus 6T, iPhone XS တို့ Hit ဖြစ်ခဲ့တာကိုသတိထားမိကြမှာပါ။ Pocophone F1, Mi 8 တို့က Mid-Range ဈေးနဲ့ Flagship ဖုန်းတွေအပြင် Honor 8X, Nova 3 and Realme 2 Pro တို့ကလည်း Mid-Range နေရာတစ်ခုစီယူထားနေချိန်မှာ လူတွေ သတိမထားမိခဲ့၊ ထင်သလောက်မပေါက်ခဲ့တဲ့ ဖုန်းတွေလည်းရှိပါတယ်။ အချို့ဖုန်းတွေက ဈေးနှုန်းအရကော၊ Specs အရကော၊ နည်းပညာအရကော ခေတ်နောက်ကျနေတာမျိုးကြောင့် လူတွေ အာရုံစိုက်ခြင်းမှဖယ်ပေးခဲ့ရတယ်။ ဘယ်ဖုန်းတွေလည်း ဆိုတာဆက်ကြည့်လိုက်ရအောင်…

Image result for blackberry key2

Blackberry Key2 – $650

(Snapdragon 660, RAM 6GB, Storage 64GB/128GB
Dual 12MP, 8MP and 3500mAh battery)

2018 အတွက် Android ဖုန်းတွေထဲမှာ စိတ်အချရဆုံးနဲ့ လုံခြုံမှုအရှိဆုံးဖုန်းဆိုလို့ Google Pixel 3 နဲ့ Blackberry Key2 တို့ပဲဖြစ်ပါတယ်။ ဒီလိုမျိုးရလဒ်ကောင်းတွေက Blackberry Key2 မှာရှိခဲ့ပေမဲ့ ထင်သလောက်မပေါက်မြောက်ခဲ့ပါဘူး။ Specs နဲ့ ဈေးနှုန်းအရယှဉ်မယ်ဆိုရင်လည်း P2P သမားတွေအတွက် လှည့်တောင်မကြည့်တဲ့ဖုန်းတစ်လုံးဆိုတာ သေချာပါတယ်။ Blackberry ရဲ့ Traditional Style လို့ပြောလို့ရတဲ့ Physical Keyboard တွေနဲ့ လုံခြုံစိတ်ချရတဲ့ DTEK Security တို့ပါဝင်သော်လည်း 2018 အတွက် နေရာမယူနိုင်ခဲ့ပါဘူး။

Image result for lg g7 thinq

LG G7 ThinQ – $600

(Snapdragon 845, RAM 4GB/6GB, Storage 64GB/128GB
Dual 16MP, 8MP and 3000mAh Battery)

iPhone X ထက်ကို Notch ကို သူအရင်လုပ်ခဲ့တာပါ၊ မလုပ်ခင် user တွေဆီမှာ စစ်တမ်းကောက်ယူမှုတွေရှိခဲ့တယ်၊ ဘာညာပြောပေမဲ့ အခုချိန်မှာ ဘယ်သူအရင်စတာထက် ဘယ်သူဘယ်လောက်စွမ်းလည်းဆိုတာ စောင့်ကြည့်တဲ့ခေတ်ရောက်နေပါပြီ။ သို့သော် LG အနေနဲ့ တွက်ကိန်းမှားပြီးထုတ်ခဲ့တာလားမသိဘူး LG G7 ThinQ ဟာ လူတွေကြားထဲမေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။ OnePlus မှာ မပါတဲ့ Water resistance, Wireless charging တွေ သူမှာပါသော်လည်း၊ အသံပိုင်းဆိုင်ရာမှာဆိုရင် အကောင်းဆုံးဖုန်းတစ်လုံးအဖြစ် လက်ညိုးထိုးစရာဖြစ်နေသော်လည်း ထင်သလောက်မအောင်မြင်ခဲ့ပါဘူး။ $600 ၀န်းကျင်မှာ သေချာပေါက် အကောင်းဆုံးဖုန်းတစ်လုံးပါ။

Image result for motorola one power

Motorola One Power -$230

(Snapdragon 636, RAM 3GB/6GB, Storage 32GB/64GB
Dual 16MP+5MP, 12MP, 5000mAh Battery)

မြန်မာပြည်မှာ Motorola သွင်းတဲ့သူရှိရဲ့သားနဲ့ဘာလို့ဒီဖုန်းကို မသွင်းခဲ့လည်းမသိဘူး။ မြန်မာပြည်မှာ သူဝင်ခဲ့ရင် သေချာပေါက် Mi A1/A2/Note5, Asus Max Pro M1/M2, Huawei Nova3i/2i တို့နဲ့ ယှဉ်ရွေးစရာဖြစ်မှာသေချာပါတယ်။ ကြီးမားတဲ့ Battery အပြင် Android One ကိုသုံးထားတဲ့အတွက် Stock ကြိုက်သူတွေ စဉ်းစားမှာသေချာပါတယ်။ Software updates ကို 2 years နဲ့ security updates ကို 3 years ထိပေးသော်လည်း မပေါက်မြောက်ခဲ့တဲ့ ဖုန်းအဖြစ် ကျန်ရှိခဲ့ပါတယ်။ သူမှမဟုတ်ဘူး moto Z3 ကလည်းမပေါက်မြောက်ခဲ့ပါဘူး။

Image result for sony xz2 compact

Sony Xperia XZ2 Compact and XZ3

Sony ရဲ့ မူလပုံဟောင်း ရှေးမူမပျက်တဲ့ ပုံစံနဲ့ ထုတ်လုပ်ခဲ့တဲ့ ဒီဖုန်း ၂ လုံးဟာ မပေက်မြောက်ခဲ့တဲ့ ဖုန်းတွေပါ။ XZ2 Compact ဆိုရင် 5 inch နဲ့ Snapdragon 845, RAM 4GB, Storage 64 GB စတဲ့ ကောင်းမွန်းတဲ့ Specs တွေနဲ့ လက်ထဲ သေးသေးကျစ်လစ်ပြီးကိုင်ချင်လောက်လုပ်ထားသော်လည်း မအောင်မြင်ခဲ့တဲ့ဖုန်းအဖြစ် ကျန်ရှိခဲ့တာတော့ စိတ်မကောင်းစရာပါ။

Image result for sony xz3

XZ3 ဟာလည်း Design အသစ်နဲ့ OLED screen ပြောင်းသုံးလိုက်ပြီး 960 fps ကို 1080p နဲ့ရိုက်ကူးနိုင်အောင် ဖန်တီးထားသော်လည်း အာရုံစိုက်ခြင်းနည်းခဲ့တဲ့ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ Sony ဖုန်းတွေဟာ နည်းပညာအရ အခြားထက် နောက်ကျနေသလိုဖြစ်နေပါတယ်။ XZ4 မှာတော့ ပိုကောင်းတဲ့ နည်းပညာအသစ်တွေ IMX 607 Lens အသစ်နဲ့ ပြန်လည်ဦးမော့နိုင်မယ်လို့ ထင်ပါတယ်။

Related image

Xiaomi Mi Mix 2s

Xiaomi တံဆိပ်ပါလာလို့အံသြမသွားပါနဲ့။ March လောက်က မိတ်ဆက်ပေးမဲ့ပေမဲ့ Mix 3 ထွက်ခဲ့တဲ့ကာလအထိ လူတွေအာရုံစိုက်မှုနည်းခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ Mix 2s ထွက်ပြီး သိပ်မကြာဘူး Mi 8 Brothers တွေ Poco F1 တွေ ထွက်လာတာကလည်း ကိုယ့် ဈေးကွက် ကိုပြန်ဖျက်သလိုဖြစ်သွားခဲ့ပါတယ်။ သို့သော် Xiaomi အနေနဲ့ Mix 2s မရောင်းရရုံလေးနဲ့ သူတို့ဘာမှမဖြစ်သွားတာတော့အမှန်ပါပဲ။

Photos from Internet