fbpx

This is digital planet.

HuaweiTech News

2019 ခုနှစ် Q1 မှာ ရောင်းချနိုင်ခဲ့တဲ့ စမတ်ဖုန်း အရေအတွက်အရ Samsung ကို ယှဉ်ပြိုင်နိုင်ဖို့ နီးကပ်လာပြီဖြစ်တဲ့ Huawei

လာမဲ့နှစ်အနည်းငယ်အတွင်း အရောင်းရဆုံးစမတ်ဖုန်းစာရင်းမှာ Samsung ကို အမှီလိုက်မယ်လို့ကြွေးကြော်ထားတဲ့ Huawei အတွက်ကတော့ ၂၀၁၈ ခုနှစ် ကတော့ အငြင်းပွားဖွယ်ရာ ကိစ္စတွေနဲ့ ကြုံတွေ့ခဲ့ရခြင်း၊ Quarter နှစ်ခု ဆက်တိုက် Apple ကို ဖြတ်ကျော်ပြီး နိုင်ငံတကာ စမတ်ဖုန်းရောင်းချနိုင်မှု ဈေးကွက်မှာ ဒုတိယနေရာ အရယူနိုင်ခဲ့ခြင်းတို့နဲ့ အတူ Huawei အတွက် ရိုလာကိုစတာစီး သလို နိမ့်လိုက် မြင့်လိုက် ဖြစ်ခဲ့တဲ့ ခုနှစ်လို့လဲ ပြောနိုင်ပါတယ်။

Image result for mate 30 pro

တရုတ်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Huawei ဟာဆိုရင် ၂၀၁၇ ခုနှစ်က ၁၅၃ မီလီယမ်သာ ရောင်းချနိုင်ခဲ့ရာက ပြီးခဲ့တဲ့ တစ်နှစ်လုံးစာ စမတ်ဖုန်းဈေးကွက်မှာတော့ ၂၀၆ မီလီယမ် အထိ ရောင်းချနိုင်ခဲ့ပြီး တတိယနေရာ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၉ ပထမအပတ် (Q1) အတွက် Strategy Analytics နဲ့ International Data Corporation (IDC) တို့လို ဈေးကွက်သုတေသီတွေဆီက အတည်ပြု ကြေငြာချက် မထွက်သေးပေမယ့် Huawei ကတော့ သူတို့ရဲ့ ကုမ္ပဏီကို Samsung နဲ့ ကွာခြားမှုနည်းလာတယ်ဆိုတဲ့ အထင်ကြီးလောက်စရာ သတင်းတစ်ရပ်ကို အတည်ပြုကြေငြာ ခဲ့ပါတယ်။ Huawei အနေနဲ့ ဒီလိုသာ ဆက်သွားနိုင်မယ်ဆိုရင်တော့ ၂၀၂၀ မှာ Samsung ကို ကျော်ဖြတ်ပြီး နံပါတ်တစ် ရောင်းချသူနေရာကို ရောက်ရှိနိုင်ဖို့အတွက် နီးစပ်လာပြီဖြစ်ပါတယ်။

Image result for huawei vs samsung

South China Morning Post ရဲ့ အဆိုအရတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ နဲ့ မတ်လ အတွင်းမှာ Huawei ဟာ အရေအတွက် ၅၉ သန်းထက် မနည်းတဲ့ စမတ်ဖုန်းတွေကို တင်ပို့ရောင်းချနိုင်ခဲ့တယ်လိုဆိုပါတယ်။ Apple ကတော့ ၂၀၁၈ ခုနှစ် ပထမလေးလပတ် ကာလမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အလုံးရေ ၅၂ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ iPhone တွေရဲ့ တင်ပို့ရောင်းချမှုအတွက် ကာမိစေဖို့ နောက်ထပ် Quarter အနည်းငယ်လောက် လိုနေသေးပေမယ့် Huawei ကတော့ စတင် ကြီးထွားလာနေပြီဖြစ်တာကြောင့် Apple အနေနဲ့ ဈေးကွက်အတွင်း ငွေတံဆိပ်ဆုရှင် အဖြစ် ဒုတိယနေရာ ရနိုင်ဖို့တောင် မသေချာပါဘူး။ စုစုပေါင်းအနေနဲ့ Huawei ဟာတစ်နှစ်ပတ်လုံး အလုံးရေ သန်း ၂၅၀ မှ သန်း ၂၆၀ အတွင်း တင်ပို့ရောင်းချနိုင်ခဲ့မယ်ဆိုရင်တော့ Samsung ကို ဖြတ်ကျော်ပြီး ပထမနေရာကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

အဲ့ဒီမတိုင်ခင်မှာတော့ Huawei ရဲ့ Q1 စမတ်ဖုန်းရောင်းချမှုမှရရှိတဲ့ ဝင်ငွေဟာ ဒေါ်လာ ၂၇ ဘီလီယံ နား နီးကပ်တဲ့အထိ ရောင်းချနိုင်ခဲ့ပြီး နှစ်စဉ်ရောင်းအားထက် ၃၉ % ခုန်တက်နိုင်ခဲ့တာကိုပဲ ထောက်ပြရမှာပါပဲ။ နောက်ထပ် မယုံကြည်နိုင်လောက်စရာကတော့ ၂၀၁၉ ခုနှစ်အတွင်းမှာ အခြားဆက်သွယ်ရေးပစ္စည်း ရောင်းချနိုင်မှုဟာလည်း ဂဏန်းလုံးရေ နှစ်ဆ အထိ တိုးတက်နိုင်ဖို့ မျှော်မှန်းထားတာပဲဖြစ်ပါတယ်။ ဒါကတော့ US အစိုးရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေကြားထဲကမှ စမတ်ဖုန်းရော 5G နှင့် ဆက်စပ် ဆက်သွယ်ရေး ပစ္စည်းတွေကို စံချိန်တင် ရောင်းချနိုင်အောင်ပြုလုပ်နိုင်ခဲ့တဲ့ Huawei ရဲ့ Strategy ကိုတော့ မဖြစ်မနေ ချီကျူးရမှာပဲ ဖြစ်ပါတယ်။

Ref: Phonearena