fbpx

This is digital planet.

AppleTech News

2019 မှာ iPhone 11 Pro ဆိုတဲ့နာမည်နဲ့ Model အသစ်ထွက်ရှိလာနိုင်

Apple အနေနဲ့ iPhones အသစ်သုံးမျိုးကိုမကြာခင်မှာ မိတ်ဆက်ဖို့ရှိနေပြီး Twitter တင်ထားတဲ့ Tweet အရ Models သုံးမျိုးထဲက တစ်မျိုးမှာ iPhone 11 Pro ဆိုပြီး Pro version ပါဝင်လာမယ်လို့ တင်ထားပါတယ်။ အဲ့ Tweet ကို CoinX လို့ခေါ်တဲ့ Account တစ်ခုက တင်ခဲ့ပြီး အရင်နှစ်တွေတုန်းက iPhone XS ၊ iPhone XS Max နဲ့ iPhone XR စတဲ့ Apple Products တွေရဲ့ သတင်းတွေနဲ့ 2018 ရဲ့ iPad Pro models တွေမှာ နားကြပ်ပေါက်မပါတာကအစ တိတိကျကျခန့်မှန်းနိုင်ခဲ့ပါတယ်။ ပြီးတော့ 2018 iPhone နာမည်တွေကိုပါ အတိအကျ Leak ခဲ့ပါသေးတယ်။

အခု 2019 အတွက် “Pro” for iPhone? ဆိုပြီး မေးခွန်းထုတ်ပြီး Tweet ခဲ့ပါတယ်။ August 4 တုန်းက MacRumors ရထားတဲ့ အချက်တွေအရဆိုရင် Square camera ပါဝင်လာမယ့် iPhone ကို iPhone 11 Pro လို့ခေါ်လာမှာပါတဲ့။ ဆိုလိုတာက 2019 မှာ iPhone 11 ၊ iPhone 11 Pro Lineup ထွက်လာနိုင်ပြီး iPhone 11R ပါ ပါဝင်လာနိုင်ပါတယ်။ သေချာတော့မသိရသေးပါဘူး။

Apple အနေနဲ့ iPhones အသစ်သုံးမျိုးကို နောက်လလောက်မှာ စတင်မိတ်ဆက်ဖို့ရှိနေပြီး higher-end 5.8-inch နဲ့ 6.5-inch OLED Display models နဲ့ lower-end 6.1-inch LCD model ပါဝင်လာမှာပါ။ Rumors တွေအရ High End Model နှစ်ခုမှာ Triple-lens rear cameras ရယ် ပိုများတဲ့ Batteries နဲ့ two-way charging of AirPods စတာတွေပါဝင်လာမယ်လို့သိရပါတယ်။

Image result for iPhone 11 Pro

Ref: MacRumors

အခြားသော အကြောင်းအရာများ