fbpx

This is digital planet.

ArticlesTech News

2019 မွာ Popular ျဖစ္လာမယ့္ Smartphone နယ္ပယ္က Trend မ်ား

Zawgyi

Trend ဆိုတာ Smartphone နယ္ပယ္မွ မဟုတ္ပါဘူး၊ ဘယ္နယ္ပယ္မွာမဆို လစ္လ်ဴရွဳပစ္ပယ္လိို႔ မရတဲ့အရာပါ။ Trend တစ္ခု Popular ျဖစ္ျပီဆိုရင္ အဲဒီ Trend ဟာ ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ Customer ေတြအေနနဲ႔ လက္ခံရေတာ့တာပါပဲ (Notch is still the best example) ဒီေတာ့ မၾကာခင္ေရာက္ရွိလာေတာ့မယ့္ Mobile World Congress (MWC Barcelona) နဲ႔အတူ 2019 မွာေရာ ဘယ္လို Trend ေတြ Popular ျဖစ္လာဦးမလဲဆိုတာ ခန္႔မွန္းၾကည့္ၾကတာေပါ့။

Related image

– 5G Network

ဒါကေတာ့ ဟုတ္သည္ရွိ၊ မဟုတ္သည္ရွိ 2019 မွာ ေသခ်ာေပါက္ Follow လုပ္ရမယ့္ Trend ဖစ္လာပါလိမ့္မယ္။ 2019 နဲ႔ 2020 ၾကားမွာ 5G ကို ေနရာအမ်ားအျပားမွာ အသံုးျပဳႏိုင္ေအာင္ အေကာင္အထည္ေဖာ္မယ္ဆိုတဲ့သတင္းကလည္း ေသခ်ာသေလာက္ရွိေနပါျပီ။ 2018 December မွာ Qualcomm ကေန Snapdragon 855 နဲ႔အတူ 5G Network ကို Support လုပ္ေတာ့မယ္လို႔ ေၾကျငာျပီးခ်ိန္မွာေတာ့ Company ေတြဟာလည္း 5G Smartphone ေတြထုတ္လုပ္ဖို႔ကို ဦးတည္လာၾကပါေတာ့တယ္။

4G နဲ႔ယွဥ္ရင္ 5G Network ဟာ Internet Speed အေနနဲ႔ 15-50% အထိ တိုးတက္လာႏိုင္ျပီး Netflix 4K Movie ေတြကိုေတာင္ ၂မိနစ္ေလာက္နဲ႔ျပီးေအာင္ Down ႏိုင္မယ္ဆိုေပမယ့္ အဲဒီအျမန္ႏွဳန္းနဲ႔ထိုက္တန္ေအာင္ ေစ်းႏွဳန္းပိုင္းမွာလည္း ပိုၾကီးလာဖို႔ရွိေနပါတယ္။ ထိုနည္းတူပဲ 5G Support လုပ္မယ့္ဖုန္းေတြဟာလည္း 4G ဖုန္းေတြထက္ ေဒၚလာ ၂၀၀ ကေန ၃၀၀ အထိ ပိုျပီးျမင့္တက္လာႏိုင္ပါတယ္။

ေနာက္ျပီး 5G Network ကို 2018 မွာကတည္းက စတင္စမ္းသပ္ေနျပီး 2019 မွာ တရားဝင္မိတ္ဆက္မယ္ဆိုေပမယ့္ 2020 နဲ႔ေနာက္ပိုင္းမွာမွ တြင္တြင္က်ယ္က်ယ္ အသံုးျပဳႏိုင္ေျခမ်ားပါတယ္။ ဒါေၾကာင့္ 2019 ရဲ႕ 5G ဖုန္းေတြဟာ Flagship ပိုင္းကိုပဲ အဓိက Target ထားႏိုင္ေျခရွိျပီး 5G ဖုန္းေတြဟာလည္း 2019 မွာ သံုးဖို႔ထက္ Future-proof ျဖစ္ဖို႔နဲ႔ Company ေတြအတြက္ အျပိဳင္အဆိုင္ ပိုက္ဆံပိုရွာႏိုင္မယ့္ Trend တစ္ခုျဖစ္လာဖို႔ ပိုမ်ားပါတယ္။

– Small Notch and Notchless Designs

Image result for waterdrop notch

Waterdrop Notch

ဒီ Design ကေတာ့ 2018 မွာ စခဲ့တဲ့ Design ပိုင္းေျပာင္းလဲမွဳပါ။ ဒါေပမယ့္ 2019 မွာေတာ့ မႏွစ္ကထက္ Waterdrop Notch Design ကို ပုိျပီးေတြ႔ရဖို႔ရွိေနပါတယ္။ မ်ားေသာအားျဖင့္ Mid-range ဖုန္းေတြအတြက္ Screen-to-body Ratio မ်ားႏိုင္သမ်ွမ်ားဖို႔ ဒီ Design က အေကာင္းဆံုး Solution ျဖစ္လာႏိုင္ပါတယ္။

Image result for punch-hole display

Pin-hole, Punch-hole Design

Display ကို အေပါက္ေဖာက္ျပီး Camera ထည့္တဲ့ Design ဟာ Notch ေဖ်ာက္ႏိုင္ဖို႔ ထိေရာက္တဲ့ Design တစ္ခုျဖစ္လာမွာပါ။ ဒါေပမယ့္ တစ္ဖက္ကၾကည့္ရင္ နည္းပညာပိုင္းအခက္အခဲရယ္၊ Display တစ္ခုခုထိခိုက္ခဲ့ရင္ သာမန္ Display ထက္ လဲဖို႔ခက္ႏိုင္တာရယ္ေတြေၾကာင့္ ဒီ Design ကို Flagship Device ေတြမွာပဲ အဓိကသံုးလာႏိုင္ေျခရွိေနပါတယ္။

Related image

Mechanical Sliders

Bezel-less Smartphone ေတြကို Innovative ျဖစ္တယ္လုိ႔ ခံစားရေစမယ့္ User ေတြအၾကိဳက္ ေရွ႕မွီ၊ ေနာက္မွီ Design ဆိုရင္လည္း မမွားပါဘူး။ Mi Mix လို Display ေပၚဘက္မွာ Selfie Camera ကိုေတာင္ ေသးေသးအတင္မခံတဲ့ ဖုန္းမ်ိဳးအတြက္ေတာ့ ဒီ Design ကို ဆက္သံုးလာႏိုင္ျပီး OnePlus အေနနဲ႔လည္း New Generation မွာ Slider ပါလာမယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚေနပါတယ္။ Company ၾကီးေတြအေနနဲ႔ကေတာ့ Water Resistance မရႏိုင္တာရယ္၊ Slider ရဲ႕ Durability ကို စိုးရိမ္မွဳရယ္၊ ဖုန္းအရဲ႕ အထူပိုမ်ားလာႏိုင္တာရယ္ေၾကာင့္ ဒီ Design ကို သံုးႏိုင္ေျခ နည္းပါးပါတယ္။

Related image

Dual Display

လူၾကိဳက္နည္းတဲ့ Design မို႔ သူမတူတဲ့ဖုန္းမ်ိဳး ကိုင္ခ်င္သူေတြေလာက္ကလြဲရင္ စိတ္ဝင္စားမွဳ နည္းပါးပါလိမ့္မယ္။

Related image

– In-Display Fingerprint

ဒါကလည္း 2018 မွာ စခဲ့တဲ့ Trend ပါပဲ။ သို႔ေပမယ့္ 2019 မွာေတာ့ Samsung, LG, Sony, Nokia တို႔အျပင္ Apple ေတာင္ ဒီ Trend ကို Follow လုပ္လာႏိုင္ေျခ မ်ားေနပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ထဲမွာေတာ့ In-Display Fingerprint ကို ပိုျပီး Scanning Area က်ယ္တဲ့၊ Speed ပိုျမန္တဲ့၊ ပိုျပီး Secure ျဖစ္တဲ့ Unlock Function အျဖစ္ ေတြ႔ရႏိုင္ပါတယ္။

Image result for 48mp sensor

– More Megapixel, More Cameras

ဒါကလည္း ေသခ်ာေပါက္ျဖစ္လာႏိုင္တဲ့ Trend တစ္ခုပါပဲ။ Sony IMX 586 နဲ႔ Samsung Bright GM1 Sensor ေတြေၾကာင့္ Mid-range နဲ႔ High End ပိုင္းေတြမွာ Megapixel ပိုင္း အားျပိဳင္မွဳေတြ အဓိကျဖစ္လာႏိုင္ပါတယ္။ 2018 ရဲ႕ DXO Mark သရဖူကို ရယူထားတဲ့ Huawei အေနနဲ႔လည္း Sony ရဲ႕ IMX 607 Sensor, 38 MP Leica Camera နဲ႔အတူ ပြဲထြက္လာႏိုင္ေျခ သတင္းေတြထြက္ေနသလို Sony ကိုယ္တိုင္လည္္း ဒီ Sensor ကို XZ4 မွာ သံုးလာႏိုင္တယ္ဆိုတဲ့သတင္းေတြက 2019 ရဲ႕ Smartphone Camera Battle ကို ပိိုျပီးျပင္းထန္ေစဦးမွာပါ။

Camera အေရအတြက္အေနနဲ႔လည္း 2018 မွာ အသံုးမ်ားခဲ့ၾကတဲ့ Dual Camera ကေန Triple Camera ဆီကို Company အမ်ားစုက တက္လွမ္းၾကဖို႔ရွိေနပါတယ္။ Third Camera ေနရာမွာ ျဖစ္လာႏိုင္ေျခအမ်ားဆံုးကေတာ့ Ultra Wide Angle Camera နဲ႔ TOF (Time of Flight) 3D Camera ပါ။ Honor V20 နဲ႔အတူ မိတ္ဆက္လာတဲ့ 3D Camera ဟာ ကိုယ္ရိုက္ကူးမယ့္ လူနဲ႔ တျခား Object ေတြကို 3D ဆန္တဲ့ပံုေတြအျဖစ္ ဖန္တီးေပးႏိုင္ဖို႔ အေထာက္အကူျပဳမယ့္ Camera ပါ။ ဒါေၾကာင့္ ဒီ Camera ေတြဟာ AR အပိုင္းကို အေထာက္အကူျပဳလာႏိုင္ေျခ ရွိေနပါတယ္။

Related image

– Ceramic Body

2019 မတိုင္ခင္က Ceramic ကို ပိုျပီးမာေက်ာ၊ အၾကမ္းခံ၊ Premium ဆန္တာေၾကာင့္ Apple Watch လို Smart Device တစ္ခ်ိဳ႔မွာ ေတြ႔ခဲ့ရေပမယ့္ Smartphone နယ္ပယ္မွာေတာ့ Mi Mix Series ကလြဲရင္ Ceramic ကို တစိုက္မတ္မတ္ သံုးတဲ့ Brand ကို မေတြ႕ဖူးခဲ့ပါဘူး။ ဒါေပမယ့္ 2019 မွာေတာ့ Apple နဲ႔ Samsung တို႔က သူတို႔ရဲ႕ မ်ိဳးဆက္သစ္ Smartphone ေတြမွာ Ceramic Body ကို အသံုးျပဳတဲ့ Edition ေတြကို ထုတ္လုပ္သြားမယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ဒါေၾကာင့္ ေစ်းပိုၾကီး၊ Premium ပိုဆန္လာမယ့္ Ceramic Flagship Smartphone ေတြကို ျမင္ေတြ႔ရႏိုင္ပါတယ္။

Image result for Faster Charging

– Faster Charging

Oppo Find X မွာ သံုးခဲ့တဲ့ Super VOOC ဟာ 2018 မွာ အျမန္ဆံုး Charging စနစ္တစ္ခုျဖစ္ခဲ့တယ္။ ထိုနည္းတူ တျခား Company ေတြကလည္း Battery Capacity မ်ားမ်ားကို အားျမန္ျမန္သြင္းႏိုင္ဖို႔ နည္းလမ္းကိုယ္စီနဲ႔ ၾကိဳးစားလာၾကဦးမွာပါ။ Qualcomm အေနနဲ႔လည္း Quick Charge 5 ကို မိတ္ဆက္လာႏိုင္ျပီး Xiaomi မွာလည္း 32W အထိ Support ေပးလာမယ္ဆိုေတာ့ 2019 မွာ 18W ထက္ပိုတဲ့ Fast Charging Technology ေတြကို ေပါေပါမ်ားမ်ား ျမင္လာရႏိုင္ပါတယ္။ Wireless Charging အပိုင္းမွာလည္း 15W ဟာ Standard တစ္ခု ျဖစ္လာႏိုင္ပါတယ္။

Image result for Foldable Smartphones

– Foldable Smartphones

2019 ရဲ႕ Creative အျဖစ္ဆံုး နည္းပညာျဖစ္လာႏို္င္တဲ့ Trend တစ္ခုဆိုေပမယ့္ အႏုနယ္ဆံုးနဲ႔ ေစ်းအရမ္းေျမာက္မယ့္အရာမို႔ ေနာက္ဆံုးမွ ထည္႔ေရးျဖစ္သြားတာပါ။ Flexpai အေနနဲ႔ ပထမဆံုး Foldable Smartphone ကို ခ်ျပထားျပီး တစ္ႏွစ္ျပီးတစ္ႏွစ္ ထြက္မလိုလိုနဲ႔ ၾကာျမင့္လာျပီျဖစ္တဲ့ Samsung ရဲ႕ Flexible Display နဲ႔ Smartphone ကို တရားဝင္ထုတ္လုပ္ေရာင္းခ်လာႏိုင္ပါတယ္။ ဒါေပမယ့္ ပို Stable ျဖစ္ျပီး ပိုေကာင္းတဲ့ Functionality ေတြပါတဲ့ Foldable ဖုန္းေတြကိုေတာ့ 2020 ေလာက္မွပဲ ျမင္ေတြ႔ရႏိုင္ပါလိမ့္မယ္။

ဒါေတြကေတာ့ လက္ရွိအခိ်န္မွာထြက္ေပၚေနတဲ့ သတင္းအခ်က္အလက္ေတြအေပၚမူတည္ျပီး ခန္႔မွန္းထားၾကတဲ့ 2019 မွာ Hit ျဖစ္ႏိုင္တဲ့ Trend ေတြပါ။ သင္တို႔အေနနဲ႔ေရာ ဘယ္လို Trend ေတြက Popular ဖစ္လာႏုိင္ဦးမယ္လို႔ ျဖည့္စြက္ခ်င္သလဲ? တကယ္ေတာ့ Trend ဆိုတာ အျမဲလိုက္လုပ္သင့္တဲ့အရာမဟုတ္သလို လံုးဝလစ္လ်ဴရွဳထားလို႔လည္း မရတဲ့အရာတစ္ခုပါပဲ။

Unicode

2019 မှာ Popular ဖြစ်လာမယ့် Smartphone နယ်ပယ်က Trend များ

Trend ဆိုတာ Smartphone နယ်ပယ်မှ မဟုတ်ပါဘူး၊ ဘယ်နယ်ပယ်မှာမဆို လစ်လျူရှုပစ်ပယ်လို့ မရတဲ့အရာပါ။ Trend တစ်ခု Popular ဖြစ်ပြီဆိုရင် အဲဒီ Trend ဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ Customer တွေအနေနဲ့ လက်ခံရတော့တာပါပဲ (Notch is still the best example) ဒီတော့ မကြာခင်ရောက်ရှိလာတော့မယ့် Mobile World Congress (MWC Barcelona) နဲ့အတူ 2019 မှာရော ဘယ်လို Trend တွေ Popular ဖြစ်လာဦးမလဲဆိုတာ ခန့်မှန်းကြည့်ကြတာပေါ့။

Related image

– 5G Network

ဒါကတော့ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ 2019 မှာ သေချာပေါက် Follow လုပ်ရမယ့် Trend ဖစ်လာပါလိမ့်မယ်။ 2019 နဲ့ 2020 ကြားမှာ 5G ကို နေရာအများအပြားမှာ အသုံးပြုနိုင်အောင် အကောင်အထည်ဖော်မယ်ဆိုတဲ့သတင်းကလည်း သေချာသလောက်ရှိနေပါပြီ။ 2018 December မှာ Qualcomm ကနေ Snapdragon 855 နဲ့အတူ 5G Network ကို Support လုပ်တော့မယ်လို့ ကြေငြာပြီးချိန်မှာတော့ Company တွေဟာလည်း 5G Smartphone တွေထုတ်လုပ်ဖို့ကို ဦးတည်လာကြပါတော့တယ်။

4G နဲ့ယှဉ်ရင် 5G Network ဟာ Internet Speed အနေနဲ့ 15-50% အထိ တိုးတက်လာနိုင်ပြီး Netflix 4K Movie တွေကိုတောင် ၂မိနစ်လောက်နဲ့ပြီးအောင် Down နိုင်မယ်ဆိုပေမယ့် အဲဒီအမြန်နှုန်းနဲ့ထိုက်တန်အောင် ဈေးနှုန်းပိုင်းမှာလည်း ပိုကြီးလာဖို့ရှိနေပါတယ်။ ထိုနည်းတူပဲ 5G Support လုပ်မယ့်ဖုန်းတွေဟာလည်း 4G ဖုန်းတွေထက် ဒေါ်လာ ၂၀၀ ကနေ ၃၀၀ အထိ ပိုပြီးမြင့်တက်လာနိုင်ပါတယ်။

နောက်ပြီး 5G Network ကို 2018 မှာကတည်းက စတင်စမ်းသပ်နေပြီး 2019 မှာ တရားဝင်မိတ်ဆက်မယ်ဆိုပေမယ့် 2020 နဲ့နောက်ပိုင်းမှာမှ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ခြေများပါတယ်။ ဒါကြောင့် 2019 ရဲ့ 5G ဖုန်းတွေဟာ Flagship ပိုင်းကိုပဲ အဓိက Target ထားနိုင်ခြေရှိပြီး 5G ဖုန်းတွေဟာလည်း 2019 မှာ သုံးဖို့ထက် Future-proof ဖြစ်ဖို့နဲ့ Company တွေအတွက် အပြိုင်အဆိုင် ပိုက်ဆံပိုရှာနိုင်မယ့် Trend တစ်ခုဖြစ်လာဖို့ ပိုများပါတယ်။

– Small Notch and Notchless Designs

Image result for waterdrop notch

Waterdrop Notch

ဒီ Design ကတော့ 2018 မှာ စခဲ့တဲ့ Design ပိုင်းပြောင်းလဲမှုပါ။ ဒါပေမယ့် 2019 မှာတော့ မနှစ်ကထက် Waterdrop Notch Design ကို ပိုပြီးတွေ့ရဖို့ရှိနေပါတယ်။ များသောအားဖြင့် Mid-range ဖုန်းတွေအတွက် Screen-to-body Ratio များနိုင်သမျှများဖို့ ဒီ Design က အကောင်းဆုံး Solution ဖြစ်လာနိုင်ပါတယ်။

Image result for punch-hole display

Pin-hole, Punch-hole Design

Display ကို အပေါက်ဖောက်ပြီး Camera ထည့်တဲ့ Design ဟာ Notch ဖျောက်နိုင်ဖို့ ထိရောက်တဲ့ Design တစ်ခုဖြစ်လာမှာပါ။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင် နည်းပညာပိုင်းအခက်အခဲရယ်၊ Display တစ်ခုခုထိခိုက်ခဲ့ရင် သာမန် Display ထက် လဲဖို့ခက်နိုင်တာရယ်တွေကြောင့် ဒီ Design ကို Flagship Device တွေမှာပဲ အဓိကသုံးလာနိုင်ခြေရှိနေပါတယ်။

Related image

Mechanical Sliders

Bezel-less Smartphone တွေကို Innovative ဖြစ်တယ်လို့ ခံစားရစေမယ့် User တွေအကြိုက် ရှေ့မှီ၊ နောက်မှီ Design ဆိုရင်လည်း မမှားပါဘူး။ Mi Mix လို Display ပေါ်ဘက်မှာ Selfie Camera ကိုတောင် သေးသေးအတင်မခံတဲ့ ဖုန်းမျိုးအတွက်တော့ ဒီ Design ကို ဆက်သုံးလာနိုင်ပြီး OnePlus အနေနဲ့လည်း New Generation မှာ Slider ပါလာမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ Company ကြီးတွေအနေနဲ့ကတော့ Water Resistance မရနိုင်တာရယ်၊ Slider ရဲ့ Durability ကို စိုးရိမ်မှုရယ်၊ ဖုန်းအရဲ့ အထူပိုများလာနိုင်တာရယ်ကြောင့် ဒီ Design ကို သုံးနိုင်ခြေ နည်းပါးပါတယ်။

Related image

Dual Display

လူကြိုက်နည်းတဲ့ Design မို့ သူမတူတဲ့ဖုန်းမျိုး ကိုင်ချင်သူတွေလောက်ကလွဲရင် စိတ်ဝင်စားမှု နည်းပါးပါလိမ့်မယ်။

Related image

– In-Display Fingerprint

ဒါကလည်း 2018 မှာ စခဲ့တဲ့ Trend ပါပဲ။ သို့ပေမယ့် 2019 မှာတော့ Samsung, LG, Sony, Nokia တို့အပြင် Apple တောင် ဒီ Trend ကို Follow လုပ်လာနိုင်ခြေ များနေပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာတော့ In-Display Fingerprint ကို ပိုပြီး Scanning Area ကျယ်တဲ့၊ Speed ပိုမြန်တဲ့၊ ပိုပြီး Secure ဖြစ်တဲ့ Unlock Function အဖြစ် တွေ့ရနိုင်ပါတယ်။

Image result for 48mp sensor

– More Megapixel, More Cameras

ဒါကလည်း သေချာပေါက်ဖြစ်လာနိုင်တဲ့ Trend တစ်ခုပါပဲ။ Sony IMX 586 နဲ့ Samsung Bright GM1 Sensor တွေကြောင့် Mid-range နဲ့ High End ပိုင်းတွေမှာ Megapixel ပိုင်း အားပြိုင်မှုတွေ အဓိကဖြစ်လာနိုင်ပါတယ်။ 2018 ရဲ့ DXO Mark သရဖူကို ရယူထားတဲ့ Huawei အနေနဲ့လည်း Sony ရဲ့ IMX 607 Sensor, 38 MP Leica Camera နဲ့အတူ ပွဲထွက်လာနိုင်ခြေ သတင်းတွေထွက်နေသလို Sony ကိုယ်တိုင်လည်း ဒီ Sensor ကို XZ4 မှာ သုံးလာနိုင်တယ်ဆိုတဲ့သတင်းတွေက 2019 ရဲ့ Smartphone Camera Battle ကို ပိုပြီးပြင်းထန်စေဦးမှာပါ။

Camera အရေအတွက်အနေနဲ့လည်း 2018 မှာ အသုံးများခဲ့ကြတဲ့ Dual Camera ကနေ Triple Camera ဆီကို Company အများစုက တက်လှမ်းကြဖို့ရှိနေပါတယ်။ Third Camera နေရာမှာ ဖြစ်လာနိုင်ခြေအများဆုံးကတော့ Ultra Wide Angle Camera နဲ့ TOF (Time of Flight) 3D Camera ပါ။ Honor V20 နဲ့အတူ မိတ်ဆက်လာတဲ့ 3D Camera ဟာ ကိုယ်ရိုက်ကူးမယ့် လူနဲ့ တခြား Object တွေကို 3D ဆန်တဲ့ပုံတွေအဖြစ် ဖန်တီးပေးနိုင်ဖို့ အထောက်အကူပြုမယ့် Camera ပါ။ ဒါကြောင့် ဒီ Camera တွေဟာ AR အပိုင်းကို အထောက်အကူပြုလာနိုင်ခြေ ရှိနေပါတယ်။

Related image

– Ceramic Body

2019 မတိုင်ခင်က Ceramic ကို ပိုပြီးမာကျော၊ အကြမ်းခံ၊ Premium ဆန်တာကြောင့် Apple Watch လို Smart Device တစ်ချို့မှာ တွေ့ခဲ့ရပေမယ့် Smartphone နယ်ပယ်မှာတော့ Mi Mix Series ကလွဲရင် Ceramic ကို တစိုက်မတ်မတ် သုံးတဲ့ Brand ကို မတွေ့ဖူးခဲ့ပါဘူး။ ဒါပေမယ့် 2019 မှာတော့ Apple နဲ့ Samsung တို့က သူတို့ရဲ့ မျိုးဆက်သစ် Smartphone တွေမှာ Ceramic Body ကို အသုံးပြုတဲ့ Edition တွေကို ထုတ်လုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဈေးပိုကြီး၊ Premium ပိုဆန်လာမယ့် Ceramic Flagship Smartphone တွေကို မြင်တွေ့ရနိုင်ပါတယ်။

Image result for Faster Charging

– Faster Charging

Oppo Find X မှာ သုံးခဲ့တဲ့ Super VOOC ဟာ 2018 မှာ အမြန်ဆုံး Charging စနစ်တစ်ခုဖြစ်ခဲ့တယ်။ ထိုနည်းတူ တခြား Company တွေကလည်း Battery Capacity များများကို အားမြန်မြန်သွင်းနိုင်ဖို့ နည်းလမ်းကိုယ်စီနဲ့ ကြိုးစားလာကြဦးမှာပါ။ Qualcomm အနေနဲ့လည်း Quick Charge 5 ကို မိတ်ဆက်လာနိုင်ပြီး Xiaomi မှာလည်း 32W အထိ Support ပေးလာမယ်ဆိုတော့ 2019 မှာ 18W ထက်ပိုတဲ့ Fast Charging Technology တွေကို ပေါပေါများများ မြင်လာရနိုင်ပါတယ်။ Wireless Charging အပိုင်းမှာလည်း 15W ဟာ Standard တစ်ခု ဖြစ်လာနိုင်ပါတယ်။

Image result for Foldable Smartphones

– Foldable Smartphones

2019 ရဲ့ Creative အဖြစ်ဆုံး နည်းပညာဖြစ်လာနိုင်တဲ့ Trend တစ်ခုဆိုပေမယ့် အနုနယ်ဆုံးနဲ့ ဈေးအရမ်းမြောက်မယ့်အရာမို့ နောက်ဆုံးမှ ထည့်ရေးဖြစ်သွားတာပါ။ Flexpai အနေနဲ့ ပထမဆုံး Foldable Smartphone ကို ချပြထားပြီး တစ်နှစ်ပြီးတစ်နှစ် ထွက်မလိုလိုနဲ့ ကြာမြင့်လာပြီဖြစ်တဲ့ Samsung ရဲ့ Flexible Display နဲ့ Smartphone ကို တရားဝင်ထုတ်လုပ်ရောင်းချလာနိုင်ပါတယ်။ ဒါပေမယ့် ပို Stable ဖြစ်ပြီး ပိုကောင်းတဲ့ Functionality တွေပါတဲ့ Foldable ဖုန်းတွေကိုတော့ 2020 လောက်မှပဲ မြင်တွေ့ရနိုင်ပါလိမ့်မယ်။

ဒါတွေကတော့ လက်ရှိအချိန်မှာထွက်ပေါ်နေတဲ့ သတင်းအချက်အလက်တွေအပေါ်မူတည်ပြီး ခန့်မှန်းထားကြတဲ့ 2019 မှာ Hit ဖြစ်နိုင်တဲ့ Trend တွေပါ။ သင်တို့အနေနဲ့ရော ဘယ်လို Trend တွေက Popular ဖစ်လာနိုင်ဦးမယ်လို့ ဖြည့်စွက်ချင်သလဲ? တကယ်တော့ Trend ဆိုတာ အမြဲလိုက်လုပ်သင့်တဲ့အရာမဟုတ်သလို လုံးဝလစ်လျူရှုထားလို့လည်း မရတဲ့အရာတစ်ခုပါပဲ။

 

Photos from internet.

Leave a Reply

Your email address will not be published.