fbpx

This is digital planet.

MSITech News

2019 Computex မှာ မိတ်ဆက်ခဲ့သော MSI Gaming Laptop အသစ်များ

ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ မေလ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ Computex ပွဲမှာတော့ ကမ္ဘာအကြီးဆုံး Gaming Laptop တွေကို ထုတ်လုပ်နေတဲ့ MSI က ဆန်းသစ်တဲ့ တီထွင်မှုတွေနဲ့ တကယ် Gamer အကြီးစားတွေ အတွက် ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါထုတ်ကုန်တွေကတော့ GT76 Titan နဲ့ GE65 Raider တို့ဖြစ်ကြပါတယ်။ ထပ်မံပြီး MSI အနေနဲ့ ယုံကြည်အရဆုံး နည်းပညာမြင့် Brand တစ်ခုအနေနဲ့လည်း ဥရောပ Notebook ဈေးကွက်မှာ နေရာတစ်ခုရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါအပြင် သတင်းတွေအရ ၊ MSI ဟာ အကြီးဆုံး Gaming Laptop တွေကို တင်ပို့သူဖြစ်လာနေပြီးလို့လည်း ဆိုပါတယ်။

GT76 Titan

MSI ရဲ့ နောက်ဆုံးထွက် Laptop တစ်ခုဖြစ်တဲ့ GT76 ကတော့ Gaming Laptop အတော်များများရဲ့ စွမ်းဆောင်ရည်ကို ကျော်လွန်ပြီး Desktop-Level အထိ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်တာကို တွေ့ရပါတယ်။ ဒီ GT76 မှာတော့ Hardcore’s Gamers တွေအတွက် လက်ရှိအကောင်းဆုံး Processor ဖြစ်တဲ့ 5.0GHz Overclocked ရှိတဲ့ Intel® Core™ i9-9900K desktop processor ကို သုံးပေးထားပြီး Graphic ကိုလည်း NVIDIA GeForce RTX 2080 ကိုထည့်သွင်းပေးထားပါတယ်။ လက်တော့ရဲ့ အပူကို ထိန်းသိမ်းဖို့အတွက် MSI ရဲ့ကိုယ်ပိုင် Cooler Boost Titan အပြင် 11-pipe cooling design နဲ့ Fan ၄ ခု ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါအပြင် Gamers တွေအတွက် တကယ် Visual Experience ကောင်းကောင်းရရှိဖို့အတွက် တိုက်ပွဲတွေကို မြင်ကွင်းကျယ် နဲ့ ပါဝင်နိုင်ဖို့ GT76 မှာ 17.3-inch 4K IPS-Level Display ကိုလည်း ထည့်သွင်းပေးထားပါတယ်။

GT76 ရဲ့ Display တွေမှာတော့ ပါးလွှားတဲ့ Bezel တွေပါဝင်ပြီး ဒီ Thin Bezel Design တွေကလည်း အောက်ခံ ၁၇ လက်မ အထိ အရွယ်အစားကို လျော့ချပေးနိုင်တာကို သိသာထင်ရှားစွာ မြင်တွေ့ရမှာဖြစ်တယ်။ Wired နဲ့ Wireless Networking ပိုင်းတွေကိုလည်း အဆင့်မြင့်တင်ပေးထားပြီး Killer DoubleShot Pro အနေနဲ့လည်း အခုအချိန်မှာ 2.5Gbps Lan နဲ့ WiFi 6 ကို ထောက်ပံ့ပေးပြီးဖြစ်ပါတယ်။ ဒီ Flagship Gaming Laptop အနေနဲ့ အလန်းစား Hardware တွေနဲ့ ပွဲထွက်လာယုံသာမက ကြီမားတဲ့ Storage နဲ့ Memory capacity တွေကို ကိုယ်လိုသလောက် Desktop တွေလို ထည့်သွင်းအသုံးပြုခွင့်လည်းပေးထားပါတယ်။

ဖွဲ့စည်းတည်ဆောင်ပုံအရ အောက်ခံကိုယ်ထည်ကိုတော့ အရည့်အသွင်းမြင့် Aluminum နဲ့တည်ဆောင်ထားပြီး လေဝင်လေထွက်ကောင်းမွန်ပြီး အပူစုတ်ထုတ်နိုင်ဖို့အတွက် ကာဗွန်ဖိုင်ဘာတွေကိုလည်း ထည့်သွင်းထားပါတယ်။ Keyboards ပေါ်မှာတော့ ပုံမှန် RGB Lighting တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်၊ သို့သော်လည်း အရင်က မရှိဖူးခဲ့တဲ့ ထူးခြားတဲ့ အရောင်တွေကြောင့် တမှုထူးခြားတဲ့ User Experience ကိုလည်း ရရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Computex 2019 မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Best Choice Golden Award ရရှိခဲ့တဲ့ ဒီ Flagship Gaming GT76 Titan ကတော့ ပွဲအတွင်းမှာ လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။

GE65 Raider

Gaming Laptop တစ်လုံးမှာတော့ Speed နဲ့ Power ဟာ အမြဲတမ်းအရေးပါပါတယ်။ ဒါကြောင့် MSI အနေနဲ့ နောက်ထပ် Gaming Laptop တစ်လုံးဖြစ်တဲ့ GE65 မှာလည်း နောက်ဆုံးထွက် NVIDIA GeForce RTX Graphics အပြင် 9th Gen Intel® Core™ i9 processor ကိုသုံးပေးထားတာကြောင့် နောက်ဆုံးထွက် AAA Games တွေကို အကောင်းဆုံး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် Ultra-fast 240Hz IPS-Level ပါးလွှာတဲ့ bezel Display ကိုလည်း ထည့်သွင်းပေးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိမှာစေပါတယ်။ Laptop ရဲ့ အောက်ခြေမှာလည်း New Two-toned mesh design နဲ့ ဖွဲ့စည်းထားကာ Dragon theme ကို Inspire ရယူထားတာဖြစ်ပါတယ်။ ဂိမ်းကစားနေစဉ်အတွင်း Laptop အတွင်းကထွက်ရှိတဲ့ လေပူတွေအနေနဲ့ စက်အတွင်းမှာ ပြန်လည်ဝင်ရောက်မှုမရှိအောင်လည်း လေဝင်လေထွက်ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတာကြောင့် အပူချိန်ကို ထိန်းသိမ်းပေးပြီးသာဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။ GE65 Raider မှာဆိုရင်လည်း WiFi 6 ကိုထောက်ပံ့ပေးထားတာကြောင့် တဆင့်မြင့်တဲ့ မြန်နှုန်းမြင့် Network Experience ကို အကောင်းဆုံးရရှိစေမှာဖြစ်ပါတယ်။

MSI အနေနဲ့ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ Next-level AI Lighting ကိုလည်း ထုတ်ဖော်ပြသခဲ့ကာ RGB Light Panels တွေမှ တဆင့် သင်ရဲ့ အသံ နဲ့ ထိန်းချူပ်မှုမှ တဆင့် အခန်းတစ်ခုလုံးကို ရာသီဥတု ရှုခင်းပုံတွေကို ပြသပေးနိုင်တဲ့ အထိ အံသြဖွယ်ရာဖြစ်ပါတယ်။ ဒါအပြင် MSI အနေနဲ့ Game Developer ဖြစ်တဲ့ UniSoft နဲ့ ပူးပေါင်းပြီး The Division 2 ကို အကောင်းဆုံး စွမ်းဆောင်ရည်တွေ နဲ့ ဆော့ဖို့အတွက် ထောက်ပံ့ပေးထားမယ်လို့သိရပြီး ကောင်းမွန်လှတဲ့ RGB Battlefield အတွေ့အကြုံတွေကို ခံစားစေမယ်လို့လည်း သိရပါတယ်။

အဲ့အပြင် P Series ရဲ့နောက်ဆုံး Model ဖြစ်တဲ့ P65 Creator နဲ့ P75 Creator တို့မှာ Nvidia ရဲ့ GeForce RTX™ graphics ကိုထည့်သွင်းထုတ်လုပ်လိုက်ပြီးဖြစ်ပါတယ်။ Computex 2019 မှာဆိုရင်လည်း MSI က နာမည်ကြီး Creators တွေ Star Wars နဲ့ Marvel Movies တို့ရဲ့ Concept artist တွေဖြစ်တဲ့ Colie Wertz, ZBrush World Champion Maarten Verhoeven နဲ့ Professional photographer တွေဖြစ်တဲ့ Alexander Heinrichs နဲ့ Henrik Matzen ပူးပေါင်းပြီး သူတို့ရဲ့အတွေ့အကြုံနဲ့ အလုပ်အကြောင်းတွေကို Sharing လုပ်သွားပါတယ်။