fbpx

This is digital planet.

GoogleTech News

2019 iPhone ကင်မရာ ဒီဇိုင်းနဲ့ ဆင်တူနေတဲ့ Google Pixel 4 (Leaks)

နောက်လာမဲ့ Pixel 4 ရဲ့ ဒီဇိုင်းပုံတွေကဖြစ် ထွက်ရှိဖို့ ကာလ အနည်းငယ်လိုသေးသော်လည်း အခုအချိန်မှာ ပထမဆုံးအကြိမ် ထွက်ရှိလာခဲ့ပါတယ်။ ဒီဇိုင်းဟာဆိုရင် Reliable Leaker တစ်ယောက်ဖြစ်တဲ့ OnLeaks ကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ OnLeaks အနေနဲ့ ဒီ ဒီဇိုင်းဟာ Prototype အဆင့်ပဲရှိသေးတယ်လို့ ဆိုပါတယ်။

ဒီဇိုင်းကို ကြည့်ရရင် အတော်ကို ပြောင်းလဲထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Google အနေနဲ့ Pixel series အသစ်တွေကို အောက်တိုဘာ မှာမိတ်ဆက်ပေးလေ့ရှိ ဒီဇိုင်းပိုင်းကို သိပ်ပြီး ပြောင်းလဲလေ့ မရှိပါဘူး။ သို့သော်လည်း ဒီပုံတွေမှာတော့ ကျောဘက်မှာ ကြီးကြီးမားမားပြောင်းလဲထားတဲ့ ကင်မရာ ဒီဇိုင်းကြီးကိုတော့ မြင်တွေ့ရပြီး အရင်က ထွက်ပေါ်လာခဲ့တဲ့ ၂၀၁၉ iPhone ရဲ့ ဒီဇိုင်း နဲ့ ဆင်တူနေပါတယ်။

Google Pixel 4 နဲ့ ပက်သက်၍ ဘာမှမသိရသေးပေးမဲ့ ဒီပုံတွေကနေ တဆင့် ခန့်မှန်းရသလောက်က ကျောဘက်မှာ Fingerprint Sensor ကို မြင်တွေ့ရခြင်းမရှိတာကြောင့် In-display Fingerprint ကို ထည့်သွင်းလာဖို့ရှိနေနိုင်ပါတယ်။ ဒါမှမဟုတ် 3D face unlock နဲ့ အစားထိုးလာနိုင်ပါတယ်။ Android Q နဲ့ပဲ ပွဲထွက်လာမှာဖြစ်ပြီး Notch လည်း ထပ်မံပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

Image result for pixel 4 onleaks render

ကျောဘက်မှာတော့ ကြီးမားတဲ့ Camera လေးထောင့်ကွက်ကြီးကို မြင်တွေ့ရပြီး ဘယ်ဘက်ထိပ်ဆုံး အပေါ်ဘက်မှာမြင်တွေ့ရပါတယ်။ ကင်မရာတစ်လုံးထဲနဲ့ စွမ်းဆောင်ရည်မြင့် ကင်မရာစာရင်းမှာ အမြဲပါလေ့ရှိတဲ့ Pixel အနေနဲ့ နောက်လာမဲ့ Pixel 4 မှာ တစ်လုံးထက်မနည်း ကင်မရာတွေကို မြင်တွေ့ရဖို့ရှိနေပြီး ဖြစ်နိုင်ခြေရှိတာက ၃ လုံးလောက် ပါဝင်လာနိုင်ခြေရှိနေပါတယ်။ ကျောဘက်ကင်မရာ ဒီဇိုင်းကြီးကတော့ ဒီပုံအတိုင်းထွက်ရှိလာရင်တော့ အတော် ရုပ်ဆိုးတယ် ပြောရမှာပါ။ ဘေးဘက်မှာတော့ နဂိုပုံစံအတိုင်းပဲ Power Button နဲ့ Volume Rocker တွေတည်ရှိနေပါတယ်။ ထွက်ရှိဖို့အနည်းငယ်လိုသေးတာကြောင့် အခုအချိန်မှာတော့ ဘာမှမသိရသေးပဲ အခြား Flagship တွေလို Qualcomm Chipset ရဲ့ နောက်ဆုံး Chipset သုံးလာမလားဆိုတာ မသိရသေးပါဘူး။

Ref: xda