fbpx

This is digital planet.

iQOOTech NewsVivo

2019 PUBG MOBILE Club Open မှာ အသုံးပြုမယ့် Vivo IQOO Gaming Smartphone

လက်ရှိ Mobile Gaming ဈေးကွက်မှာတော့ Xiaomi (Black Shark) ၊ Razer ၊ Asus ( ROG ) နဲ့ Vivo (IQOO) တို့ဟာ အသီးသီးပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိနေပါတယ်။ PUBG Mobile ကိုစတင်မွေးဖွားပေးခဲ့တဲ့ Tencent Games အနေနဲ့ 2019 PUBG MOBILE Club Open အတွက် အဓိက ပါတနာ ဟာ Vivo ဖြစ်လာမယ်လို့ကြေညာခဲ့ပါတယ်။ အဆိုပါ Club Open ကိုဝင်ရောက်ယှဉ်ပြိုင်မယ့် Region ၁၀ ခုမှာရှိတဲ့ ပြိုင်ပွဲဝင်တွေအနေနဲ့ Vivo ရဲ့စမတ်ဖုန်းတွေနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 2019 PUBG MOBILE Club Open ကိုတော့ The Spring Split Global Finals နဲ့ The Fall Split Global Finals ဆိုပြီး ၂ မျိုးခွဲခြားထားပြီး The Spring Split Global Finals ကိုတော့ July မှာပြုလုပ်မှာဖြစ်ကာ The Fall Split Global Finals ကိုတော့ December မှာကျင်းပမှာဖြစ်ပါတယ်။ Total Prize Pool အနေနဲ့ အမေရိကန်ဒေါ်လာ ၂.၅ သန်းရရှိမှာဖြစ်ပါတယ်။

Active Players ပေါင်း သန်း ၃၀ ရှိတဲ့ PUBG MOBILE ကတော့ Mobile Gaming လောကမှာနာမည်အကြီးဆုံးဂိမ်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်က ပြုလုပ်ခဲ့တဲ့ PUBG MOBILE STAR CHALLENGE ပြိုင်ပွဲကိုကြည့်ရူသူ Viewers အရေအတွက် သန်း ၂၃၀ ကျော်ရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ အဆိုပါအရေအတွက်ထက်ပိုမိုများပြားလာဖွယ်ရှိနေပါတယ်။

Vivo ရဲ့ IQOO စမတ်ဖုန်းကိုတော့ ဒီနှစ် 2019 PUBG MOBILE Club Open ပြိုင်ပွဲမှာအသုံးပြုမှာဖြစ်ပြီး ဒီဖုန်းမှာတော့ 6.41-inch FHD+ display , Snapdragon 855 + 12GB RAM အပြင် In-display fingerprint sensor , Liquid Cooling နဲ့ 4000 mAh ဘက်ထရီပါဝင်ကာ 44W fast charging နဲ့ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။

Vivo အတွက်ကတော့ သူတို့ရဲ့ IQOO Brand အတွက် Fan တွေတိုးပွားလာဖို့နဲ့ သူတို့ရဲ့ Brand နာမည်ကို Mobile Gaming လောကမှာနေရာတစ်ခုရရှိဖို့အခွင့်ကောင်းပဲဖြစ်ပါတယ်။ သင့် အနေနဲ့ ဒီလို့ Vivo ရဲ့ IQOO ဖုန်းနဲ့ PUBG ကစားရတဲ့အရသာကို ခံစားကြည့်ချင်ရင်တော့ ဒီ Link မှတဆင့် ပြိုင်ပွဲဝင်ဖို့စာရင်းပေးသွင်းနိုင်ပါတယ်။

Ref: GSMArena