fbpx

This is digital planet.

HuaweiTech News

2019 Q1 မှာ စံချိန်တင် Market share တန်ဖိုးကို ပိုင်ဆိုင် ခဲ့တဲ့ Huawei

2019 ခုနှစ်ရဲ့ ပထမဆုံး အပိုင်း Q1 ပြီးဆုံး သွားသည်နှင့် အညီ IDC နှင့် counterpoint စတဲ့ reporter တို့ရဲ့ Q1 report တွေကို ထုတ်ပြန်လိုက်ပါတယ်။ ဒီ report တွေကနေ တစ်ဆင့် smartphone ကုမ္ပဏီတွေရဲ့ insight နှင့် ဒီ market ကဘယ် လိုဖြစ်နေလဲ ဆိုတာကို သတိ ပြုမိစေပါတယ်။

Quarter 1( January 1 – March 31 ) မှာcompany အားလုံး စုစုပေါင်း စမတ်ဖုန်း အလုံးရေ ၃၄၅ သန်း အထိ တင်ဖို့ရောင်းချခဲ့ ပါတယ်။ အရင်နှစ် နှင့် ယှဉ်ရင် 5 % လောက်လျော့ ကျနေတာကိုတွေ့ရပါတယ်။ ဒီ Smartphone တွေ ရဲ့ လိုအပ်မှု demand တွေက တစ်နှစ်ထက် တစ်နှစ် ထိုး ကျနေတာ 2017 ခုနှစ်ကတည်းကပါ ။

Photo Credit: Counterpoint

Shipment unit အလုံးရေ တွေနှင့် ကြည့်မယ် ဆိုရင် Samsung က 72 သန်း နဲ့ပထမဆုံးနေရာမှာ ရောက်ရှိနေပြီး Huawei က ဒုတိယနေရာ 59.1 သန်းနှင့် ကပ်လျက်ရှိနေပါတယ်။ Huawei က အရင်နှစ် Q1 မှာ 39.3 သန်းကနေ ယခုနှစ် 59.1 အထိ ၅၀ % ထိုး တက်သွားပြီး သူ့ရဲ့ စံချိန်တင် market share ကို ရယူခဲ့ပါတယ်။

Photo Credit: Counterpoint

တတိယနေရာမှာ Apple က 42.2 သန်း တင်ပို့နိုင် ခဲ့ပါတယ် ။ Xaomi, OPPO, Vivo တို့ က အဆင့် ၄ ၅ ၆ မှာ သူမသာ ကိုယ်မသာ ရပ်တည်နေပါတယ်။ အရင်နှစ်ရဲ့Q1 တင်ပို့မှု နှုန်း နှင့် ယှဉ်မယ်ဆိုရင် Xaomi က 1% ကျဆင်း ပြီး Oppo က 10 % Vivo က 27 % ထိုးတက်နေတာ ကို တွေ့ရမှာပါ ။

ဒီ Market တန်ဖိုးတွေ မှာ အရင်က ထိပ်တန်း ဝင်ခဲ့ တဲ့ Sony, HTC တို့က တော့ တစ်ဖြည်းဖြည်း နောက်ဆုတ်ပျောက်ကွယ်ပြီး ဘယ်အချိန်ပြန်ဦးမော့လာမလဲ မသိရပါဘူး။

Ref: GSMArena