fbpx

This is digital planet.

Social NetworkTech News

2019 Q1 မှာ Snapchat ရဲ့active users တိုးလာမှုမှာ မျှော်မှန်းထားသည်ထက် ပိုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့

လူမှုကွန်ယက် app တစ်ခုဖြစ်တဲ့ snapchat ဟာဆိုရင် 2019 ခုနှစ် Q1 မှာ သူတို့ရဲ့ ဝင်ငွေဟာ ခန့်မှန်းထားတဲ့ ပမာဏကိုကျော်လွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ CNBC သတင်းဌာနရဲ့ အသေးစိတ် တင်ပြချက်များအရ Snapchat ဟာ $320 သန်း ထိ ဝင်ငွေရှိကြောင်းဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် active users လည်း များပြားလာခဲ့ပါတယ်။ ဝေဖန်ဆန်းစစ်သူတွေကတော့ အခု ပထမ သုံးလပတ် အတွက် ဝင်ငွေ $ 307 သန်း ရှိမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။

Image result for snapchat using

Photo: The Verge

Snapchat ဟာဆိုရင် user တစ်ယောက်ကဆီကရတဲ့ ပျမ်းမျှဝင်ငွေမှာလည်း ခန့်မှန်းထားတာထက်ပိုခဲ့ပါတယ်။ ထုတ်ပြန်ချက်တွေအရတော့ user တစ်ယောက်ဆီမှ ပျမ်းမျှ 1.68 $ ဝင်ငွေ ရရှိခဲ့တာဖြစ်ပြီး ဝေဖန်ပိုင်းခြားသူတွေရဲ့ ခန့်မှန်းချက်ကတော့ user တစ်ယောက်ဆီမှ ပျမ်းမျှဝင်ငွေ 1.62 $ ခန့်ရရှိနိုင်ဖို့ မျှော်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ Quarter မှာတုန်းက တစ်ရက် ပျမ်းမျှ အသုံးပြုသူ 186 သန်း သာ ရှိခဲ့ရာမှ အခု Quarter မှာတော့ တစ်ရက် ပျမ်းမျှအသုံးပြုသူ 190 သန်း အထိ တိုးလာခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က တစ်ရက်ကို ပျမ်းမျှအသုံးပြုသူ 191 သန်း ရှိခဲ့တုန်းကနဲ့ နှိုင်းစာရင်တော့ အဆိုပါ  ကိန်းဂဏန်းတွေက နည်းနေသေးတယ်ဆိုပေမယ့် လူမှုကွန်ယက်တစ်ခု အတွက်တော့ Quarter တစ်ခုထက် တစ်ခု ပိုပြီး တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။

Related image

“ပထမ လေးလပတ်မှာပဲ ကျွန်တော်တို့ရဲ့ လုပ်ငန်းဟာ daily active user ရော ဝင်ငွေမှာပါ တိုးတက်လာနိုင်ခဲ့ပါတယ်” လို့ CEO ဖြစ်သူ Evan Spiegal က ပြောခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ android application အသစ်ဟာလည်း အသုံးပြုသူတွေဆီကို ကတိပေးထားတဲ့ အတိုင်းစောစော ရောက်ရှိနိုင်ခဲ့ပါတယ်။ အခုလထဲမှာတော့ ထိတွေ့မှုများများ ထပ်ရနိုင်မယ့် products အသစ်တွေကို ဆက်လက် ထုတ်လုပ်သွားဦးမှာပါ” လို့သူကပြောခဲ့ပါတယ်။

Ref: 9to5Mac