fbpx

This is digital planet.

Tech NewsTesla

2020 ခုနှစ်မှာ RoboTaxi ကွန်ယက် စတင်ဖို့ပြင်ဆင်နေတဲ့ Tesla

Tesla ကတော့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ အငှားယာဉ် (Robotaxi) ကွန်ယက်ကို ပိုမို ကျယ်ပြန့်တဲ့ အမြင်နဲ့ စတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ CEO ဖြစ်သူ Elon Musk က ကုမ္ပဏီရဲ့ Autonomy Day မှာ ပြောကြားခဲ့ပါတယ်။ “လာမယ့်နှစ်မှာ Robotaxi တွေ စတင်နိုင်တော့မယ်လို့ ခန့်မှန်းထားနိုင်တာ တကယ်ကို ယုံကြည်ချက် ပြည့်ဝနေသလို ခံစားမိပါတယ်။ လမ်းကြောင်း ခွင့်ပြုချက် နေရာတိုင်းမှာ မရသေးတာကြောင့် အပြည့်အဝ လုပ်ခွင့်ရတာမျိုးတောမဖြစ်နိုင်သေးပါဘူး” လို့ Musk က ပြောခဲ့ပေမယ့် ၊ ဘယ်လိုလည်ပတ်မှုလမ်းကြောင်းကို ဆိုလိုတာလဲဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။ သူက ဆက်လက်ပြီး နောက်နှစ်အတွင်းမှာတော့ ကုမ္ပဏီအနေနဲ့ လမ်းကြောင်းခွင့်ပြုချက်ကို ရနိုင်ဖို့ ယုံကြည်ချက်ရှိတယ်လို့ပြောခဲ့ပါတယ်။

Tesla အနေနဲ့ ယာဉ်ပိုင်ရှင်များကို သူတို့ရဲ့ ယာဉ်မျှဝေသုံးစွဲနိုင်တဲ့ Application (Uber နဲ့ Airbnb တို့လို ပုံစံဆင်တူတဲ့ business model) မှာပါဝင်ခွင့်ပေးမှာဖြစ်ပြီး Tesla အနေနဲ့ ၂၅% ကနေ ၃၀% အထိ ဝန်ဆောင်ခရယူမှာဖြစ်တယ်လို့ musk ကပြောခဲ့ပါတယ်။ ကားတွေကို ဝေမျှမှု မလုံလောက်တဲ့နေရာတွေမှာတော့ Tesla ရဲ့ Robotaxi တွေကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။

Image result for tesla robotaxi

Musk ဟာ ၂၀၁၆ ခုနှစ်ကတည်းက ယာဉ်ပိုင်ရှင်တွေကို သူတို့ရဲ့ ယာဉ်တွေကို Tesla ရဲ့ App မှာ ထည့်သွင်းစေဖို့ရန် အတွက် Tesla ကွန်ယက်ရဲ့ အကြောင်းနဲ့ ရည်မှန်းချက်တွေကို ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ Tesla မှ ထုတ်လုပ်ခဲ့တဲ့ ယာဉ်အသစ်များအားလုံးမှာတော့ သူတို့ရဲ့ကိုယ်ပိုင် Self-driving Chips တွေ ကို အပြည့်အစုံ ထည့်သွင်းပေးထားပြီဖြစ်ပါတယ်။ အဆိုပါ Chip ဟာ Self-Driving စနစ်အတွက် လိုအပ်တဲ့ hardware လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် ကျန်ရှိနေတဲ့ အဆင့်ကတော့ Musk ပြောခဲ့တဲ့ ပြီးပြည့်စုံတဲ့ သဏ္ဍာန်ရှိမယ့် အာရုံစူးစိုက်စရာမလိုမယ့် ယုံကြည်စိတ်ချရတဲ့ အနေအထားမျိုးရှိမယ့် Software ပိုင်းပါပဲ။ “ကျွန်တော်တို့ရဲ့ ရပ်တည်မှုအရဆိုရင်တော့ တစ်နှစ်သို့မဟုတ် တစ်နှစ်နဲ့ သုံးလလောက် ထပ်စောင့်မယ်ဆိုရင် ဘယ်လိုဖြစ်ဖြစ် နောက်နှစ်ကတော့ သေချာပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ robotaxi တစ်သန်းအထက်ကို လမ်းပေါ်မှာ တွေ့နိုင်ပါလိမ့်မယ်” လို့ Musk ကပြောခဲ့ပါတယ်။

Image result for tesla robotaxi

Musk ကတော့ သူတို့ရဲ့ Self-Driving ပြုလုပ်နိုင်မယ့် Robotaxi တွေအတွက် လည်ပတ်မှုလမ်းကြောင်း ခွင့်ပြုချက် လိုအပ်နေသေးတယ်လို့ ကြိမ်ဖန်များစွာ ထည့်ပြောခဲ့ပါသေးတယ်။ ဖယ်ဒရယ် အစိုးရအနေနဲ့ robotaxi တွေနဲ့ ပတ်သတ်ပြီး တိကျတဲ့ ဥပဒေ ပြဌာန်းထားတာမျိုး မရှိသေးတာကြောင့် US အစိုးရဟာ Tesla ကို ဘယ်လို ကန့်သတ်ချက်တွေ ပြုလုပ်နိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Musk ကတော့ ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ယာဉ်ငှားရမ်းမှု ကွန်ယက်ဆိုင်ရာ ဥပဒေကို စံထားမယ်လို့ ခန့်မှန်းရပါတယ်။ Tesla ဘက်က နောက်ထပ် တိကျတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်မယ်ဆိုရင်တော့ ထပ်ပြီးဖော်ပြပေးသွားမှာပါ။

Ref: Techcrunch

Photos: Tesla & Internet