fbpx

This is digital planet.

AppleTech News

2020 ထွက်ရှိမယ့် iPhones သုံးလုံးစလုံးမှာ 5G ပါရှိလာနိုင်…

June လလောက်တုန်းက 2020 မှာထွက်ရှိမယ့် Apple Devices သုံးခုမှာ နှစ်ခုကပဲ 5G Modems ရမယ်လို့ Apple analyst Ming-Chi Kuo က ပြောခဲ့ပါတယ်။ အခုသူပြောတာက အဲ့ဒီ Device သုံးခုလုံးမှာ 5G ရမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ Apple ဟာ Intel ရဲ့ Smartphone modem business ကို $ 1 billion နဲ့ဝယ်ယူလိုက်တဲ့အတွက်ကြောင့် 5G Phones တွေထုတ်ဖို့ တော်တော်လေးသင့်တော်နေပြီလို့ Ming-Chi Kuo က ယုံကြည်နေပါတယ်။

နောက်ထပ် သူခန့်မှန်းတာက 2020 နှစ်ဝက်လောက်မှာ 5G Android Phones တွေရဲ့ဈေးက $250-350 ပဲရှိပါမယ်တဲ့ ပြီးတော့ Apple ကလည်း သူတို့ရဲ့ Entry Level Device မှာတောင် 5G ကိုသုံးလာနိုင်ပါတယ်။ 2020 မှာ 5G ကို ဝယ်သူတွေအနေနဲ့ အဓိကထားပြီး ရွေးချယ်လာတော့မှာမလို့ Apple အနေနဲ့ အဲ့အခွင့်အရေးကို လက်လွှတ်မခံချင်လို့ 5G Phone ကို ထုတ်ဖို့ပြင်နေတာလို့ ပြောလို့ရပါတယ်။

ပထမဆုံး 5G iPhone မှာ ပိုမြန်တဲ့ mmWave technology အစား Sub-6GHz functionality ကိုပဲ သုံးသွားမယ်လို့ Kuo ကပြောခဲ့ပါတယ်။ အဲ့တာက 5G iPhones တွေရဲ့ဈေးကို သက်သာစေနိုင်ပါတယ်။ Qualcomm ရဲ့ Modems တွေကိုပဲ Apple က သူတို့ရဲ့ ပထမဆုံး 5G iPhones တွေမှာ သုံးမယ်လို့ သတင်းတွေထွက်ထားပါတယ် ဒါက ပထမအသုတ် 5G iPhone တွေအတွက် အသုံးပြုမှာဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် Modems တွေကို Develop လုပ်ဖို့အချိန်ယူနေတာဖြစ်ပါတယ်။ ကိုယ်ပိုင် Modem နဲ့ 5G iPhone ကတော့ 2021 လောက်မှာ ထွက်ရှိလာနိုင်ပါတယ်။

Ref: GSMArena