This is digital planet.

Tech News

2020 အစောပိုင်းမှာ မြင်တွေ့ရမည့် ဖုန်းများ

2019 ကလည်း ကုန်ခါနီးပြီ။ တစ်နှစ်လုံးစွာအတွက်လဲ Technology Company တွေအနေနဲ့ Innovation တွေချပြခဲ့ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ များစွာသော Smartphone တွေ Impressive နည်းပညာတွေကို မြင်တွေ့ခဲ့ရသလို Company တွေအနေနဲ့လည်း လာမည့်နှစ်တွေအတွက် ပြင်ဆင်မှုတွေပြုလုပ်နေကြပါပြီ။ ဘယ် Company တွေက ဘယ်လို နည်းပညာတွေနဲ့ ဖုန်းတွေကို အစောဆုံးပွဲထုတ်မလားဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်…..

Image result for oneplus concept one

OnePlus Concept One

OnePlus အနေနဲ့ January 7 ကနေ 10 ရက်နေ့အထိကျင်းပမယ့် CES 2020 (Consumer Electronics Show) မှာ အထူးပွဲတစ်ခုကို ကျင်းပဖို့ရှိနေပါတယ်။ ထိုပွဲမှာ အရေးပါတဲ့ ဖုန်းတစ်လုံးကိုတွေ့လာရမယ်လို့ OnePlus ရဲ့ CEO Pete Lau က‌ဆိုပါတယ်။ အဲ့နောက်မှာ ကုမ္ပဏီအနေနဲ့ Concept ဖုန်းအသစ်ကို မိတ်ဆက်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ထိုဖုန်းဟာ OnePlus ရဲ့ပထမ‌ဆုံး Concept ဖုန်းဖြစ်ပြီး ကုမ္ပဏီကတော့ OnePlus Concept One ဆိုပြီး နာမည်ပေးထားပါတယ်။

ဆိုးတာဖုန်း ထိုဖုန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီအနေနဲ့ ဘာအချက်ကိုမှ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ထုံးစံအတိုင်း Concept ဖုန်းတွေဟာ ဆန်းသစ်ပါတယ်။ အဲ့အတွက် လုံး၀ထူးခြားတဲ့ ဖုန်းကို မျှော်လင့်လို့ရလာနိုင်ပါတယ်။ အယူအဆသမားတွေအရ OnePlus ဟာ သူတို့ရဲ့ ပထမဆုံး Foldable ဖုန်းကိုမိတ်‌ဆက်လာမယ်လို့သိရပါတယ်။ ဒါပေမယ့် တစ်ချို့သောသူတွေထင်တာက ကုမ္ပဏီဟာ OnePlus X ပြီးကတည်းက မထွက်ခဲ့တဲ့ Mid-range ဖုန်းနဲ့ True Wireless Earphone တစ်စုံကိုထုတ်လာမယ်လို့သိရပါတယ်။

Related image

Redmi K30 Pro

မကြာသေးခင်က Xiaomi အနေနဲ့ Redmi K30 နဲ့ K30 5G ကို တရား၀င်မိတ်ဆက်ခဲ့ပါတယ်။ K30 Lineup ထဲမှာ လူအများစုထင်ထားသလို Flagship တန်း Version မပါခဲ့ဘဲ Mid-range ဖုန်းတွေပဲဖြစ်ခဲ့ပါတယ်။ K30 5‌G မှာတောင် Qualcomm ရဲ့ ပထမဆုံး 5G ပါတဲ့ Mid-range Chipset ဖြစ်တဲ့ Snapdragon 765G chipset ကိုသုံးထားတဲ့အတွက် ဖုန်းဟာ Mid-range ဖုန်းတစ်လုံးဖြစ်ပါတယ်။

ဒါပေမယ့် K30 Series မှာ Flagship ဖုန်းကတော့ ရှိကိုရှိလာမှာပါ။ အခုနောက်ဆုံးထွက်ထားတဲ့ သတင်းအရ Redmi K30 Pro သာ March 2020 မှာမိတ်ဆက်လာဖို့ရှိနေပြီး မိတ်ဆက်ထားတာမကြာသေးတဲ့ Snapdragon 865 Chipset ကို သုံးလာမှာပါ။ ထို Flagship SoC ကို 2020 Flagship ဖုန်းအများစုမှာ တွေ့လာဖို့ရှိနေပါတယ်။

Image result for mi 10

Xiaomi Mi 10

အပေါ်မှာ Snapdragon 865 Chipset ပါလာမယ့် K30 Pro ဟာ March 2020 မှာ ထွက်လာနိုင်ခြေရှိတဲ့အကြောင်းကို ပြောခဲ့ပါတယ်။ ဒါပေမယ့် အခု Redmi K30 Pro ဟာ Snapdragon 865 SoC ကို ပထမဆုံး သုံးလာမယ့်ဖုန်း မဖြစ်နိုင်တော့ပါဘူး။ Qualcomm Snapdragon Tech အစည်းအ‌ဝေးမှာ Xiaomi ရဲ့ Co-founder ဖြစ်တဲ့ Lin Bin ရဲ့အတည်ပြုချက်အရ Xiaomi Mi 10 ဟာ Snapdragon 865 SoC ကို ပထမဆုံးသုံးလာမယ့် Xiaomi ဖုန်းဖြစ်လာမယ်လို့သိရပါတယ်။ နောင်ထပ် Xiaomi Mi 10 Pro ပါထွက်ရှိလာမယ်လို့ Lin Bin က တရား၀င်အတည်ပြုခဲ့ပါသေးတယ်။

အဆိုသာရှိသေးတဲ့ Xiaomi Mi 10 ဟာ 30W Fast Charging နဲ့အတူ 3C Certified ရထားပါတယ်။ ဖုန်းဟာ Android 10 ကိုအခြေခံထားတဲ့ MIUI 11 တစ်ခါတည်းပါ၀င်လာမှာပါ။ ဖုန်းမှာ 108 MP Main Camera နဲ့ 5G ထောက်ပံ့လာဖို့ မျှော်လင့်ရပါတယ်။ အဲ့ထပ်ပိုပြီး Xiaomi Mi 10 နဲ့ 10 Pro တို့ရဲ့ Specifications တွေကိုမသိရ‌သေးပါဘူး။

Image result for redmi 9

Redmi 9

2020 မှာ Flagships ဖုန်းတွေကြည့်မဟုတ်ဘဲ ဈေးသက်သာတဲ့ဖုန်းတွေလည်းထွက်လာဖို့ရှိနေကြောင်းသိရပါတယ်။ သတင်းတွေအရ Redmi 9 ဟာ ၆.၆ လက်မရှိတဲ့ Notch Display ပါဝင်လာဖို့ရှိနေပါတယ်။ ဖုန်းမှာ MediaTek Helio G70 Chipset နဲ့ အားဖြည့်လာဖို့ရှိနေပါတယ်။ ထို Chipset ဟာ Helio G90 နဲ့ Helio G90T Processors တို့ထက် နိမ့်တဲ့ Version အနေနဲ့ ထွက်လာမှာပါ။ဖုန်းဟာ MediaTek Helio G70 chipset နဲ့အတူ 4GB RAM နဲ့ တွဲလာဖို့ရှိနေပြီး Internal Storage 64 GB ပါဝင်လာမှာပါ။

Redmi 9 ဟာ တရုတ်မှာ ၂၀၂၀ ပထမ ၃လအတွင်း ထွက်ရှိလာနိုင်ပါတယ်။ Xiaomi Fans တွေအနေနဲ့ Redmi 9 မှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ဓာတ်ပုံပိုင်းကို မျှော်လင့်လို့ရနိုင်မှာပါ။ ဖုန်းမှာ Android 10 ကိုအခြေခံထားတဲ့ MIUI 11 နဲ့ မောင်းနှင်လာဖို့ရှိနေပါတယ်။ ဖုန်းရဲ့ တစ်ခြား Specifications တွေကတော့ သေချာမသိရသေးပါဘူး။

Image result for oneplus 8

OnePlus 8 Series

OnePlus အနေနဲ့ OnePlus 8 Series အသစ်ကို 2020 လ၀က်လောက်မှာ မိတ်‌ဆက်လာဖို့ရှိနေပါတယ်။ ဒါပေမယ့် ဖုန်းတွေရဲ့ အချက်အလက်တွေကတော့ ထွက်ပေါ်နေပါပြီ။ OnePlus 8 Series ထဲမှာ OnePlus 8 ၊ OnePlus 8 Pro နဲ့ OnePlus 8 Lite တို့ပါ၀င်လာမှာပါ။ အဲ့ထဲက OnePlus 8 Lite ဟာ ‌ဈေးသက်သာတဲ့ဖုန်းဖြစ်လာမှာပါလို့ သတင်းများထွက်ပေါ်နေပါတယ်။

OnePlus 8 နဲ့ OnePlus 8 Pro တို့ဟာ 6.4-inch နဲ့ 6.7-inch အသီးသီးရှိပြီး Super AMOLED Curved Display သုံးလာမှာပါ။ ဖုန်းနှစ်လုံးစလုံးမှာ Dual Punch-Hole နဲ့အတူ 120Hz Refresh Rate ကိုထောက်ပံ့ပေးလာမှာပါ။ Resolution မှာတော့ 1440 x 3140 Pixels Quad HD+ Resolution အထိရလာမှာပါ။

OnePlus 8 Lite မှာတော့ 90Hz Refresh Rate ရတဲ့ 6.4-inch Super AMOLED Display ပါဝင်လာနိုင်ပါတယ်။ ဖုန်းသုံးလုံးစလုံးမှာ In-Display Fingerprint Scanner ပါ၀င်လာမှာပါ။ OnePlus 8 နဲ့ 8 Pro မှာ Snapdragon 865 Chipset နဲ့အတူ 8 or 12 GB LPDDR5 RAM ၊128 or 256 GB UFS 3.0 Internal Storage တို့နဲ့တွဲလာမှာပါ။ OnePlus 8 Lite မှာတော့ Dimensity 1000 SoC ပါဝင်လာဖို့ရှိနေပြီး 8 GB LPDDR4x RAM နဲ့ 128 GB or 256 GB UFS 3.0 Storage ဆိုပြီးရှိလာမှာပါ။ OnePlus 8 နဲ့ 8 Pro မှာ 32 MP+ 3D ToF Dual Front-Facing Camera System ပါဝင်လာမှာပါ။

OnePlus 8 Lite မှာတော့ 16MP Front-Facing Camera ပါ၀င်လာမယ်လို့သိရပါတယ်။ OnePlus 8 Lite ရဲ့နောက်ဘက်မှာ OIS ၊ EIS တို့ပါတဲ့ 48-Megapixel Main Sensor ၊16-Megapixel Ultrawide နဲ့ 12-Megapixel Telephoto Lens တို့ပါတဲ့ Triple Camera Setup အသုံးပြုလာမှာပါ။ OnePlus 8 and 8 Pro မှာတော့ OIS ၊ EIS တို့ပါတဲ့ 64 MP main sensor ၊ 20 MP ultrawide sensor ၊ 5x optical zoom ထောက်ပံ့ပေးနိုင်တဲ့ 12 MP Telephoto lens နဲ့ 3D TOF sensor တို့ပါ၀င်လာမှာပါ။

OnePlus 8 နဲ့ OnePlus 8 Lite မှာ 4,000mAh Battery ပါဝင်လာဖို့ရှိနေပြီး 8 Pro မှာတော့ ပိုများတဲ့ 4,500mAh Battery နဲ့အတူ 35W Fast Charging ကိုထောက်ပံ့ပေးလာမှာပါ။ နောက်ထပ် OnePlus 8 Series မှာ Stereo Speaker ပါဝင်လာမှာဖြစ်ပြီး ဖုန်းတွေရဲ့ နောက်ဘက်ကိုတော့ Gorilla Glass 5 ၊ 6 protections တွေနဲ့ကာကွယ်ပေးထားပါတယ်။ အဲ့အပြင် OnePlus 8 နဲ့ 8 Pro တို့ဟာ Waterproof Certification (IP68 Rating) ရှိပါတယ်။

Related image

Samsung S11

နှစ်တိုင်းလိုပဲ Samsung ဟာ သူတို့ရဲ့ အဓိက Flagship Line-up ကို 2020 ပထမသုံးလအတွင်း မိတ်ဆက်လာဖို့ရှိနေပါတယ်။ Samsung Galaxy S11 မှာ 5x optical zoom နဲ့ 9 in 1 Pixel Binning ပါတဲ့ 108 MP Sensor ပါ၀င်လာဖို့ရှိနေပါတယ်။ ဖုန်းမှာ US ဈေးကွက်အတွက် Snapdragon 865 Chipset သုံးလာဖို့ရှိနေပြီး ဥရောပဈေးကွက်အတွက် 5G Modem ပါတဲ့ Exynos 990 chipset သုံးလာနိုင်ပါတယ်။

Samsung Galaxy S11 ဟာ Fingerprints နှစ်ခုအထိပြိုင်တူ Scan လုပ်ပေးနိုင်မှာပါ။ S11 Plus မှာ LG ကထုတ်တဲ့ 5000 mAh battery ပါလာဖို့ရှိနေပြီး Galaxy Note 10 series လိုပဲ Punch Hole ဟာ ဖုန်းရဲ့ အလယ်တည့်တည့်မှာ ရှိလာနိုင်ပါတယ်။

Image result for oppo find x2

OPPO Find X2

OPPO ဟာလည်း 2020 မှာ ပြီးပြည့်စုံတဲ့ Flagship ဖုန်းကိုထုတ်ဖို့ စီစဉ်‌နေပါတယ်။ ထိုဖုန်းဟာ Find X2 လို့နာ‌မည်ပေးလာမှာဖြစ်ပြီး Find X နေရာကို ဆက်ခံလာမှာပါ။ ဖုန်းကို 2020 ပထမသုံးလအတွင်းမိတ်ဆက်လာမယ်လို့ ကုမ္ပဏီက အတည်ပြုခဲ့ပြီးပါပြီ။ ဖုန်းမှာ အရင် Find X ထက် ပိုများတဲ့ Refresh rate (120Hz ဖြစ်နိုင်)ပါတဲ့ Display နဲ့ ပိုမြင့်တဲ့ Resolution (Quad HD ဖြစ်နိုင်) ပါ၀င်လာဖို့ရှိနေပါတယ်။

OPPO Find X2 မှာ Snapdragon 865 chipset နဲ့အားဖြည့်လာမှာဖြစ်ပြီး Snapdragon X55 integrated modem ကြောင့် 5‌G Network ကိုထောက်ပံ့ပေးလာမှာပါ။ ဖုန်းမှာ Display အောက်တွင်ထည့်ထားတဲ့ in-display camera technology အသစ်ပါ၀င်လာဖို့ရှိနေပါတယ်။ တကယ်သာဆိုရင်တော့ Punch Holes တွေ Bye Bye ပါ :xD OPPO Find X2 မှာ PDAF (Phase Detection Autofocus) နဲ့ 2×2 on-chip lens (OCL) solution အသစ်ပါတဲ့ Sony ရဲ့ နောက်‌ဆုံးပေါ် Image Sensor ကိုသုံးလာဖို့ရှိနေတဲ့အတွက် ဖုန်းဟာ အံဩဖွယ်အကောင်းဆုံး Camera ဖုန်းတွေထဲက ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ Lens အသစ်‌တွေသာ ပိုမြန်ပြီး Low Light အခြေအနေမှာတောင် ပိုကောင်းတဲ့ Performance အတွက် Auto-focus ဟာပိုပြီးတိကျလာမှာပါ။

Image result for realme x50

Realme X50

Xiaomi နဲ့အတူ Realme ဟာလည်း Q1 2020 (January) မှာ 5G ထောက်ပံ့ပေးထားတဲ့ mid-range series ဖုန်းကိုထုတ်လာဖို့ရှိနေပါတယ်။ Realme X50 series ဟာ Chinese Spring Festival မတိုင်ခင်ထွက်လာဖို့ရှိနေပြီး Realme ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်လာမှာပါ။ ဖုန်းဟာ 5G ပါဝင်တဲ့ Snapdragon 765G chipset ကိုသုံးလာဖို့ရှိနေပြီး Redmi K30 5G နဲ့ အဓိက ယှဉ်ပြိုင်လာမှာပါ။ ကောလဟလတွေအရ Realme X50 မှာ 6.44-inch AMOLED display နဲ့ နောက်ဘက် Camera မှာ 64 MP Sony IMX686 main sensor ၊ 8MP ၊ 2MP ၊ 2MP တို့ပါဝင်လာမှာပါ။

Battery မှာတော့ VOOC 4.0 Flash Charge နည်းပညာထောက်ပံ့ပေးထားတဲ့ 4500 mAh Battery ပါဝင်လာမှာပါ။ ဖုန်းဟာ 12 GB RAM နဲ့ 256 GB Internal Storage ပါဝင်လာဖို့ရှိနေပြီး Android 10 ကိုအခြေခံထားတဲ့ ColorOS 7 တစ်ခါတည်းပါဝင်လာမှာပါ။ Realme X50 ဟာ ပိုသက်သာတဲ့စျေးနဲ့ Youth Edition ထွက်လာဦးမှာပါ။ Realme X50 ဟာ အစက ဒီလကုန်မှာ တရားဝင်ထွက်လာဖို့ရှိနေသော်လည်း အခုမှာတော့ January 26 မတိုင်ခင်ထွက်လာမယ်လို့သိရပါတယ်။

Image result for huawei p40

Huawei P40

U.S. ban ကြောင့်ပြဿနာတွေရှိခဲ့သော်လည်း Huawei ဟာ P40 series ကို 2020 ပထမသုံးလအတွင်းမိတ်ဆက်လာလာဖို့ရှိနေပါတယ်။ Huawei ရဲ့ CEO Richard Yu ရဲ့အတည်ပြုချက်အရ ဖုန်းဟာ March 2020 မှာထွက်လာမယ်လို့သိရပါတယ်။ Huawei P40 မှာ ဘယ်မှာမှမတွေ့ရသေးတဲ့ Design နဲ့ တိုးတက်လာမယ့် Cameras ပါဝင်လာမှာပါ။ ဖုန်းဟာ HarmonyOS ကိုတော့ Run လာမှာမဟုတ်ပါဘူး။ ဖုန်းမှာ Android 10 ကိုအခြေခံထားတဲ့ EMUI ကို Run လာမှာဖြစ်ပြီး Europe မှာ Google services တွေမပါဘဲ Huawei Mobile Services နဲ့ ရောက်လာဖို့ရှိနေပါတယ်။

Ref: GizmoChina