ကောလဟာလတွေ, ပေါက်ကြားမှုတွေမျိုးစုံနဲ့ သတင်းတွေမျိုးစုံ အပြီးမှာတော့ Lenovo ဟာ သူတို့ရဲ့ Flagship စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်နိုင်ခဲ့ပါတယ်။ အဆိုပါဖုန်းဟာ ကြိုတင် မှာယူမှုတွေ များစွာလည်း ရရှိထားပြီးပြီ ဖြစ်ပြီး April 29 ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။
အခုချိန်မှာတော့ Weibo အသုံးပြုသူတစ်ယောက်တင်ခဲ့တဲ့ အဆိုပါ စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ Post တစ်ခုကတော့ အနည်းငယ် ထူးခြားနေပါတယ်။ ဖုန်းက 27W Charger ပါလာပေမယ့် တကယ်တမ်းတော့ 18 W fast Charging ကိုပဲ Support လုပ်နေတာပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ Microblogging platform တစ်ခုမှာတော့ Lenovo Company ရဲ့ တာဝန်ခံဖြစ်သူက အဆိုပါ စမတ်ဖုန်းဟာ USB 3.0 နဲ့ Qualcomm ရဲ့ Quick Charge 4.0 ကို အသုံးပြုထားတာဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် ဒီ Charger ကိုအသုံးပြုပြီးတော့ တခြားသောဖုန်းတွေကိုတောင် ပြန်ပြီး အားသွင်းပေးနိုင်မှာပါ ဖောရှောရိုက်ခဲ့ပါတယ်။ တော်တော်နောက်တဲ့ Lenovo 18 W Charging Support လုပ်တဲ့ဖုန်းကို 27 Charger ထည့်ပေးလိုက်ပြီး Complaint တတ်တော့မှ အခြားဖုန်းတွေကို အားပြန်သွင်းလို့ရအောင် စေတနာနဲ့ထည့်ပေးတာဆိုပဲ :D
အဆိုပါ စမတ်ဖုန်းဟာ 6.39-inch AMOLED Full HD+ Display ကိုအသုံးပြုထားပြီး SD 855 SoC နဲ့ In-display fingerprint တို့ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ RAM/Storage အနေနဲ့ 6GB/128GB, 8GB/256GB and 12GB/512GB ထိပါဝင်ပြီး Camera ပိုင်းမှာတော့ 48 MP + 16 MP + 8 MP + 2 MP နဲ့ Selfie ပိုင်းမှာတော့ 32MP ထိအသီးသီး ထည့်သွင်းပေးထားပါတယ်။ အဲ့အပြင် AI Hyper Video feature လဲပါဝင်မှာဖြစ်ပါတယ်။ ZUI 11 နဲ့ Android 9 အသုံးပြုထားတဲ့ အဆိုပါ စမတ်ဖုန်းဟာဆိုရင် Gaming ပိုင်းအတွက်တော့ အလွန်သာလွန်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဘူးထဲမှာတော့ 27 W charger ပါဝင်ခဲ့ပေမယ့် 18 W fast Charging ကိုပဲ Support လုပ်ပါတယ်လို့ Weibo အသုံးပြုသူတစ်ယောက်က post တင်ခဲ့တာပဲဖြစ်ပါတယ်။
Ref: Gizmochina and Gizchina