fbpx

This is digital planet.

OPPOTech News

32 MP Pop-up Selfie Camera ပါဝင်လာမယ့် Oppo F11 Pro

ပေါက်ကြားလာတဲ့ ဓာတ်ပုံတစ်ချို့အရ “Selfie ဘုရင်” လို့ အများသိကြတဲ့ Oppo ဟာ 2019 မှာထွက်ရှိမယ့် သူတို့ရဲ့ F11 Pro မှာ Notch မပါတဲ့ Display ကို အသုံးပြုလာမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဒီဖုန်းမှာ 32 MP Selfie Camera ကို ဖုန်းရဲ့ အပေါ်ဘက် အလယ်နေရာမှာ Pop-up အနေနဲ့ ထည့်သွင်းလာဖို့ရှိနေပါတယ်။

gsmarena_002

အပေါ်ပုံအရ F11 Pro ဟာ ကျောဘက်မှာ 48 MP ကို Main Camera အဖြစ်သုံးထားတဲ့ Triple Camera Set up ကို Selfie Camera နဲ့ ဒေါင်လိုက်တစ်ဆက်တည်း တွေ့မြင်ရမှာပါ။ F11 Pro အနေနဲ့ Vivo ရဲ့ V15 Pro မှာသုံးထားတဲ့ 48 MP, Samsung ISOCELL Sensor ကိုပဲ သုံးလာနိုင်ပြီး Mediatek Chipset အသစ်နဲ့အတူ ပွဲထွက်လာနိုင်ပါတယ်။

Storage အနေနဲ့ 128 GB ကို 6 GB RAM နဲ့ တွဲသုံးလာနိုင်ပြီး အရောင်အနေနဲ့ကတော့ အနီတစ်ဝက်၊ အပြာတစ်ဝက်ကို တွဲစပ်ထားတဲ့ Gradient (Barcelona အသင်း) Color နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ $350 ဝန်းကျင်လောက် ကျသင့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ Oppo F11 Pro ကို March လ ပထမပတ်လောက်မှာ India မှာစတင်မိတ်ဆက်မယ်နိုင်ခြေရှိနေပါတယ်။

Source