fbpx

This is digital planet.

RedmiTech News

32MP ရှေ့ကင်မရာ နဲ့ 4000mAh ဘက်ထရီပါဝင်တဲ့ Redmi Y3 ထွက်ရှိလာ

Xiaomi အနေနဲ့ မနေ့က Selfie-centric ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Y3 ကို အိန္ဒိယမှာမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဖုန်းရဲ့ အဓိက Main-Selling Point ကတော့ 32MP selfie ကင်မရာ နဲ့ 4000mAh ဘက်ထရီတို့ပဲဖြစ်ပါတယ်။ ဒါအပြင် ဈေးနှုန်းအနေနဲ့လည်း အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။

Xiaomi Redmi Y3 has been announced in India

Xiaomi Redmi Y3 Specifications and Features

Redmi Y3 မှာတော့ 6.26-inch IPS LCD display ပါဝင်ပြီး waterdrop notch ကိုထည့်သွင်းပေးထားကာ HD+ resolution 720 x 1520 pixels နဲ့ထောက်ပံ့ပေးထားပါတယ်။ Aspect ratio အနေနဲ့ 19.5:9 ရှိပြီး Gorilla Glass 5 နဲ့ screen ကိုကာကွယ်ပေးထားပါသေးတယ်။

Processor ပိုင်းအနေနဲ့ Snapdragon 632 SoC ကိုသုံးပေးထားပြီး RAM 4GB ပါဝင်ကာ 64GB storage ကိုလည်းထည့်သွင်းပေးထားပါတယ်။ External SD slot လည်းပါဝင်ပါတယ်။ MIUI 10 အခြေပြု Android 9 Pie OS ကိုသုံးထားပါ။

ကင်မရာပိုင်းအနေနဲ့ ရှေ့ဖက်မှာ f/2.0 ရှိတဲ့ 32MP ရှိတဲ့ ကင်မရာပိုသုံးထားပြီး 4-in-1 Super Pixel Technology ကိုလည်းထည့်သွင်းပေးထားပါတယ်။ ဒီ နည်းပညာဟာ အလင်းရောင်ကောင်းကောင်းမရတဲ့ အခြေအနေမှာ ကောင်းကောင်းရိုက်ကူးနိုင်ဖို့အတွက် ရည်ရွယ်ထားတာပါ။ ဒါအပြင် Front Camera အတွက် AI Portrait Selfie၊ 80° Group Selfie၊ Auto HDR၊ Shake-Free Selfie with palm Shutter၊ EIS Enabled 1080p Video နဲ့ Screen Flash စတဲ့ Features တွေကိုလည်းထည့်သွင်းပေးထားပါတယ်။ Redmi Y3 ရဲ့ အရင် Version Y2 မှာတော့ ရှေ့ဘက်ကင်မရာမှာ LED flash ပါဝင်ခဲ့ပေးမဲ့ အခု Y3 မှာတော့ မပါလာပါဘူး။

ကျောဘက်မှာတော့ Primary Sensor ကို 12MP သုံးပေးထားပြီး Depth sensor 2MP နဲ့ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။ ဒီကျောဘက် Dual-camera အတွက်လည်း Dual-LED flash၊ All portrait mode scene recognition၊ Google Lens support နဲ့ EIS assisted 1080p video recording at 60fps လို့တွေကိုထောက်ပံ့ပေးခဲ့ပါတယ်။

Redmi Y3 မှာတော့ ဘက်ထရီ အနေနဲ့ 4000 mAh ပါဝင်ပြီး fast charging စနစ်ပါပါတယ်။ Connectivity Options တွေ အနေနဲ့ Dual-SIM support ၊ 4G VoLTE၊ WiFi 802.11 b/g/n၊ Bluetooth 4.2၊ GPS၊ microUSB 2.0၊ IR blaster နဲ့ 3.5mm audio jack ပေါက်တို့ကိုလည်း ပြည့်ပြည့်စုံစုံပါဝင်ပါတယ်။ Security Features တွေ အနေနဲ့ Fingerprints Scanner နဲ့ 360-degree AI face unlock တို့ကိုလည်းပါဝင်ပါတယ်။

Xiaomi Redmi Y3 Price and Release

ဈေးနှုန်းတွေ အနေနဲ့ 3GB/32GB ကို ရူပီး ၉၉၉၉ (ဒေါ်လာ ၁၄၃/မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်) 4GB/64GB (ဒေါ်လာ ၁၇၂/မြန်မာငွေ ၂ သိန်း ၆ သောင်းခန့်) လောက်ကျသင့်မယ်လို့သိရပြီး ၊ Elegant Blue, Bold Red နဲ့ Prime Black စတဲ့ Gradient color တွေနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Redmi Y3 ကိုတော့ Amazon India မှာ April 30 မှစတင်ရောင်းချမယ်လို့သိရပါတယ်။

Ref: Gizmochina

Photos: Device Specifications