fbpx

This is digital planet.

realmeTech News

မနက်ဖြန်မှာ မိတ်ဆက်ပေးတော့မဲ့ Realme U1 ရဲ့အသေးစိတ်အချက်အလက်များထွက်ပေါ်လာ

(Zawgyi)








Source – gizmochina

(Unicode)

Realme အနေနဲ့မနက်ဖြန် နိုဝင်ဘာ ၂၈ ရက်နေ့မှာ မိတ်ဆက်ပွဲတစ်ခုပြုလုပ်ဖို့ရှိနေပြီး U-series ရဲ့ ပထမဆုံး Readme U1 ကိုမိတ်ဆက်ပေးဖို့လည်းရှိနေပါတယ်။ အခုအချိန်မှာတော့ အဆိုပါ U1 နဲ့ပက်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုကတော့ Online မှာထွက်ပေါ်လာပါတယ်။Leak တွေအရ , Realme U1 မှာတော့ 3 GB RAM + 32 GB internal storage နဲ့ 4 GB RAM + 64 GB internal storage နှစ်မျိုးရှိပြီး Color Options တွေ အနေနဲ့ Ambitious Black, Brave Blue, Fiery Gold နဲ့ထွက်ရှိမှာဖြစ်ပါတယ်။3 GB RAM model ကိုတော့ ဒေါ်လာ ၁၆၉ (၂ သိန်း ၈ သောင်း) လောက်ကျသင့်မှာဖြစ်ပြီး 4 GB RAM ကိုတော့ ဒေါ်လာ ၂၁၂ (၃ သိန်း ၄ သောင်း) လောက်ကျသင့်မယ်လို့လည်းသိရပါတယ်။ ဒီဖုန်းကတော့ Selfie ရှေ့ကင်မရာကို အဓိကထားပြီး ထုတ်လုပ်ထားတဲ့အတွက် Xiaomi Redmi Y2 နဲ့ အဓိကထားယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

Realme ကတော့ Readme U1 ကို “the most powerful selfie camera ever” ဆိုပြီးတော့အရင်က ပြောဆိုထားပါတယ်။ Processor ကိုတော့ MediaTek Helio P70 12 nm Octa-core Processor ကိုအသုံးပြုမယ်လို့လည်း အတည်ပြုထားပါတယ်။ အဆိုပါဖုန်းကိုရောင်းချမဲ့ Amazon India ကတော့ အဆိုပါဖုန်းမှာ high-resolution depth engine, faster multi-frame noise reduction shot, anti-blooming engine နဲ့ accurate Al detection စတဲ့ feature တွေပါဝင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ရှေ့ကင်မရာကိုတော့ Sony IMX576 sensor f/2.0 aperture 25-megapixel ကိုအသုံးပြုထားတယ်လို့သိရပြီး ကျောဘက်မှာတော့ 13 MP Sensor f/2.2 aperture နဲ့ 2 MP Secondary sensor f/2.4 aperture ကိုအသုံးပြုထားမယ်လို့သိရပါတယ်။

ဒီဖုန်းမှာတော့ 6-inch ရှိတဲ့ Full HD+ display ပါဝင်မှာဖြစ်ပြီး 2340 x 1080 pixels screen resolution ရှိကာ 19.5:9 aspect ratio ရှိပါတယ်။ Waterdrop notch ကိုအသုံးပြုထားမှာဖြစ်ပြီး Screen-to-body ratio 90 percent အထိရှိပါတယ်။ Display ကိုတော့ Corning Gorilla Glass 3 နဲ့ကာကွယ်ပေးထားမယ်လို့လည်းသိရပါတယ်။

Connectivity Options တွေအနေနဲ့ Dual 4G VoLTE, WiFi 802.11 ac, Bluetooth 4.2 နဲ့ GPS တို့ပါဝင်ကာ Andriod 8.1 Oreo နဲ့အတူ ColorOS 5.1 ကိုအသုံးပြုထားမှာဖြစ်ပြီး ဘက်ထရီ 3400 mAh ဘက်ထရီကိုအသုံးပြုထားမယ်လို့လည်းသိရပါတယ်။

“Observe Here. Trust Yourself”

Source – gizmochina