fbpx

This is digital planet.

Tech News

ဒေါ်လာ ၁ သောင်းတန် Intel Processor ၂ လုံးပေါင်းရင်တောင် မမီတဲ့ Threadripper 3990X

၂၀၂၀ မှာ အဖွင့်လှခဲ့တဲ့ AMD ကတော့ Intel နဲ့ Nvidia ၂ ယောက်လုံးကို ကောင်းကောင်းမွန်မွန်နဲ့ ဖိအားပေးပစ်လိုက်ပါပြီ။ လုံးစေ့ပတ်စေ့ ဖြစ်သွားအောင် ပြောရရင် CES 2020 ပွဲမှာ Ryzen 7 တတိယမျိုးဆက် (Ryzen 4000 Series) Processor မိတ်ဆက်ခဲ့တဲ့အပြင် RDNA (Radeon DNA) Architecture အသစ်ပေါ် အခြေခံထားတဲ့ RX 5000 Series Graphics Card တွေနဲ့ပါ ပွဲဆူအောင် လုပ်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ Benchmark တွေအရ Ryzen 7 4800U ဟာ Ice Lake U-sereis Processor ဖြစ်တဲ့ i7-1065G7 ထက် Single Thread မှာ 4% ၊ Multi-thread မှာ 90% ကျော်တက်ပစ်တဲ့အပြင် Graphics အပိုင်းမှာ Iris Plus ထက် 28% ပိုမြန်နေခဲ့ပါတယ်။

Lenovo Yoga Slim 7

Ryzen 7 4800U Powered Lenovo Yoga Slim (Photo: WePC)

ဒီလိုပဲ Ryzen 7 4800H ဟာလည်း Highend Desktop Chip ဖြစ်တဲ့ i7-9700K ထက် 28% စွမ်းဆောင်ရည်ပိုကောင်းတဲ့ ရလာဒ်ထွက်လာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Mid-range Graphics တန်းမှာ အမြင့်ဆုံးဖြစ်နေတဲ့ RTX 2060 ကို Bios Update လုပ်ပြီး ကျော်တက်ပစ်လိုက်တဲ့ RX 5600 XT ကြောင့် Intel ရော Nvidia ရော သွေးတိုးနေပါပြီ။

ဒီလောက်ထိ ဖိအားပေးနေတာကိုမှ ဒေါ်လာ ၄၀၀၀ တောင် Threadripper ကြီးက တန်ဖိုးအမြင့်ဆုံး Intel Xeon Platinum 8280 Processor ကိုပါ အနိုင်ပိုင်း ပစ်လိုက်ပါတယ်။ Xeon 8280 ဟာ 28-cores/56-threads ပါဝင်တဲ့ Server Processor ဖြစ်ပြီး ၂၀၁၉ ဒုတိယနှစ်ဝက်မှာ Intel မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Threadripper 3990X

CEO Dr. Lisa Su Show case Threadripper 3990X (Image Credit: Wccftech)

တန်ဖိုးအနေနဲ့ ဒေါ်လာ ၁၀,၀၀၀ လောက် ကျသင့်မှာဖြစ်ပြီး ၂ လုံးပေါင်းရင်တောင် မနိုင်တဲ့ Intel Chip ကြီးကို 3990X နဲ့ ကျော်တက်ပစ်ပါတယ်။ မြင်သာအောင် ပြောရင်တော့ 58-cores/112-threads Vs. 64-cores/128-threads ကွာနေပါတယ်။
ဒါကြောင့် Desktop Processor တွေအတွက် လုံလောက်တာထက် ပိုနေတဲ့ တတိယမျိုးဆက် 3990X Chip ကြီးက တကယ် Rip-off လုပ်ပစ်လိုက်ပြီလို့တောင် ပြောနိုင်ပါတယ်။

Architecture အပိုင်းပြောရမယ်ဆိုရင်တော့ Threadripper 3990X ဟာ HEDT (High End Desktop Computers) Platform အပေါ်မှာ အခြေခံ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ တကယ်တော့ HEDT ကို Server Processor တွေမှာပဲ အသုံးပြုလေ့ရှိတာဖြစ်ပြီး AMD အနေနဲ့ TRX40 Series တွေမှာ အသုံးပြုနိုင်အောင် ဖန်တီးခဲ့တာပါ။

CEO Dr. Lisa Su at CES 2020

3990X မှာ စုစုပေါင်း 288MB Cache (38.5MB x 2 Xeon Processor) ပါရှိမှာဖြစ်ပြီး PCIe 4.0 Interface ထောက်ပံ့ထားတယ်။ အံ့သြစရာ ကောင်းတာက 64-cores ပါဝင်တဲ့ Processor တစ်လုံးကို TDP 280W (205 x 2 Xeon Processor) ပဲ သုံးစွဲမှုရှိတယ်လို့ ကြေညာထားတဲ့အတွက် Zen+ Architecture ၊ 7nm Process တွေက Ryzen တတိယ မျိုးဆက်ကို အကြီးကျယ် Improvement ပေးလိုက်တယ်လို့ သုံးသပ်ရမှာပါ။

Processor Base Clock အနေနဲ့ကတော့ 2.9GHz ရှိမှာဖြစ်ပြီး Single-core Boost ဆိုရင်တော့ 4.3GHz ရှိမယ်လို့ သိရပါတယ်။ ဒုတိယမျိုးဆက် 2990WX ထက် 100MHz ထက် ပိုနည်းတယ်ဆိုမယ့် Xeon 8280 ထက် (2.70GHz ~ 4.0GHz) ပို မြန်တယ်။ TRX40 Motherboard တွေမှာ အသုံးပြုနိုင်အောင် Bios Update ထုတ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

အခုလို သောင်းကျန်းထကြွနေတဲ့ AMD ကြောင့် မတ်လထဲမှာ 7nm Ampere GPU သစ် မိတ်ဆက်မယ်လို့ Nvidia ကြေညာလိုက်ပြီး Radeon RX 5600M ၊ 5700M ဖိုက်တာဖြစ်လာမယ့် Super ကတ် ၆ မျိုးလောက်ကို Laptop တွေအတွက် မိတ်ဆက်ဦးမယ်လို့ သိရပါတယ်။

AMD အနေနဲ့လည်း Ryzen 7 4000 Series CPU နဲ့ Radeon RX 5000 Series Graphics ကတ်တွေကို Intel နဲ့ Nvidia တို့နဲ့အပြိုင် ချဲဦးမှာဆိုတော့ ပွဲကတော့ ပိုကြည့်ကောင်းပြီလို့ ပြောရမှာပါ။

Source: WccftechPCMagNotebookcheckAndroid AuthorityTech Radar