fbpx

This is digital planet.

SamsungTech News

3D ToF Sensor ပါဝင်လာမဲ့ Samsung Galaxy Note 10

Samsung ဟာ အစပိုင်းမှာ 3D ToF sensor ကို သူ့ရဲ့ Galaxy S10 5G နဲ့ Galaxy A80 မှာ အသုံးပြုခဲ့ပါတယ်။ ခုဆိုရင် Samsung ရဲ့အသစ်ထွက်မဲ့ Galaxy Note 10 မှာဆိုရင်လည်း ToF လို့ခေါ်တဲ့ Time of Flight sensors တွေအသုံးပြုသွားဦးမယ်လို့ သိရပါတယ်။ ဒီသတင်းဟာ ကိုရီးယားနိုင်ငံကနေပဲ စတင်ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ Time of flight sensor တွေဟာ ဖုန်းတွေပေါ်မှာ AR application နဲ့ Face recognition အတွက် အသုံးဝင်တဲ့အပြင် ဓာတ်ပုံရိုက်တဲ့အခါမှာလည်း bokeh လို့ခေါ်တဲ့ ရှေ့ကြည်နောက်ဝါး portrait ပုံတွေကို ရိုးရိုး telephoto lens တွေကနေ focus ဖြတ်တာတွေထက်ပိုတိကျလာမှာလည်းဖြစ်ပါတယ်။

ကောလဟာလသတင်းတွေအရ 3D Tof sensor ကို Samsung Galaxy Note 10 ရဲ့ ရှေ့ဘက်မှာရော နောက်ဘက်မှာပါ ပါဝင်ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ တခြားထွက်ပေါ်လာတဲ့ render မှာဆိုရင် ကင်မရာသုံးလုံးကိုထောင်လိုက်ထားထားတဲ့ setup နဲ့ flash ကိုပဲတွေ့ရမှာပါ။ ကောလဟာလ သတင်းတွေထွက်ထားသလို့ ToF sensor တွေ ဖုန်းရဲ့ရှေ့ရောနောက်မှာပါ ပါရှိမယ်ဆိုရင် ထွက်ပေါ်လာတဲ့ render နဲ့ကွဲလွဲမှုရှိနေပါတယ်။ ထွက်ပေါ်လာတဲ့ render မှာဆိုရင် ဖုန်းရဲ့ထိပ်ဆုံးအလယ်ကောင်လေးမှာ punch hole design ကိုမြင်တွေ့ရမှာပါ။ Samsung Galaxy S10 5G version မှာဆိုရင် punch hole က ဒီထက်လည်း ပိုကျယ်တဲ့အတွက် ToF sensor ထည့်ဖို့အတွက်က လွယ်ကူပါတယ်။

ခု ထွက်ပေါ်လာတဲ့ render တွေနဲ့ ကောလဟာလ တွေကို ချိန်ဆကြည့်မယ်ဆိုရင် Samsung အနေနဲ့ ToF sensor တွေကို Galaxy Note 10 ရဲ့ 5G version မှာပဲ ထည့်သွင်းသွားဦးမယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ခုသတင်းဟာ render နဲ့ သိရတဲ့ rumor တွေကနေရေးသားထားရတာဖြစ်တဲ့အတွက် တကယ်ထွက်ပေါ်လာရင်လည်း ကွဲပြားကောင်းကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ rumor တွေကမမှန်ကန်ပဲ Render တွေသာ မှန်ကန်ခဲ့ရင် Samsung အနေနဲ့ Galaxy Note 10 ကို ToF sensor မပါပဲနဲ့လည်း ထုတ်လာနိုင်ပါတယ်။

ToF sensor တွေဟာ camera ရိုက်ကူးရာမှာလည်း အသုံးဝင်သလို AR အတွက်လည်းအလွန်အသုံးဝင်ပါတယ်။ ဒီလို အသုံးဝင်တဲ့ ToF sensor တွေဟာလည်း သိပ်မကြာခင်မှာ flagship ဖုန်းတော်တော်များများရဲ့ Camera setup မှာ နောက်ပိုင်း နေရာယူလာမှာပါ။ ဒါကြောင့် သိပ်မကြာတဲ့နှစ်အတွင်းမှာ Samsung အနေနဲ့ သူ့ရဲ့ flagship ဖုန်းတော်တော်များများ မှာ ToF sensor တွေထည့်သွင်းပေးလာရင်လည်း အံ့သြစရာမရှိဘူးလို့ ပြောနိုင်ပါတယ်။

Ref: GSMARENA