fbpx

This is digital planet.

SamsungTech News


Zawgyi






Photos Credit : XDA

Unicode

Samsung က ပထမဦးဆုံး Android Go ဖုန်းမိတ်ဆက်

156000 ကျပ်ထဲနဲ့ ဈေးအသက်သာဆုံး Samsung ဖုန်းကို Samsung က မိတ်ဆက်ပေးခဲ့တယ်။ ပိုထူးခြားတာက ကျွန်တော်တို့ အရင်တွေ့နေကြ Samsung ဖုန်းတွေလို TouchWiz UI တို့ Samsung Experience UI တို့လိုမဟုတ်ပဲ Pure Android GO နဲ့ထုတ်ထားတာပါ။ အရင်က Pure Stock သုံးတဲ့ Galaxy Nexus ကိုထုတ်ဖူးပေမဲ့ အခုတစ်ခါ Android GO Version လေးကို ဈေးသက်သာတဲ့ Level မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဆိုတော့ ကိုယ်ကလည်း Pure Android လေးကိုလိုချင်တယ် ဈေးကြီးတဲ့ ဖုန်းတွေမဝယ်နိုင်ဘူးဆိုသူတွေအတွက်တော့ သင့်တော်သော ဖုန်းတစ်လုံးဖြစ်မှာပါ။


ဖုန်းနဲ့ ပက်သက်တဲ့ Specs တွေအရတော့ 5.0″ TFT Display, Resolution က တော့ 540 x 960, Camera ပိုင်းမှာဆိုရင် 8 MP (Rear) 5 MP (Selfie), RAM အနေနဲ့ 1 GB, Storage က 8 GB ပါ။ Chipset ပိုင်းမှာဆိုရင် Exynos 7570 ကိုသုံးပေးထားတယ်၊ Battery ပိုင်းမှာတော့ 2600 mAh ရှိပါတယ်။ အရောင်အနေနဲ့ အနက်၊ အပြာ နှင့် ရွှေရောင်တို့ကို ရွေးချယ်လို့ရပါတယ်။ ဝယ်ယူသူများအနေနဲ့ အခြားသော အထူးခံစားခွင့်တွေလည်း ရနိုင်ပါတယ်လို့ သိရပါတယ်။

“Observe Here. Trust Yourself”

Photos Credit : XDA