fbpx
This is digital planet.
AppleTech News
$4400 တန် iPhone X
Zawgyi
Photos from : Caviar
Unicode
Custom iPhone maker ဖြစ်တဲ့ Caviar က Elon Musk ရဲ့ Solar City ကို Inspired ယူထားပြီး Tesla လို့အမည်ပေးထားတဲ့ ဈေးအကြီးဆုံး iPhone X ကို ထုတ်ရောင်းနေပါတယ်။
ဒီ Tesla Solar Charger ဟာ Battery Case တစ်ခုတော့မဟုတ်ပါဘူး။ Original Phone Body ကို Caviar က Modified ပြန်လုပ်ပြီး Solar Charger System တဈခုတပ်ထားတာပါ။ ဖုန်းက အတော်လေးထူသွားတယ်။ ကျောဘက်ခြမ်းမှာ Solar အမြင် Magnetic Charging Port ရယ် Battery LED ရယ် Power Button ရယ်ပါဝင်ပါတယ်။
Solar Addition ထဲမှာ Battery 2300 mAh ပါဝင်တယ်။ အဲ့ကနေတဆင့် ဖုန်းကို အားပြန်သွင်းလို့ရသလို နေရောင်ချည်စွမ်းအားကို ယူပြီး သူ့ဘာသာသူ အားပြန်သွင်းပါသေးတယ်။ နေရောင်ချည်ကို သုံးပြီး အားသွင်းမယ်ဆိုရင် အားပြည့်ဖို့ နာရီ ၃၀ ကြာမြင့်မှာပါ။ ဖုန်းအတော်ပူမှာပဲ :3 ဘယ်လိုမှအဆင်မပြေတဲ့အနေအထားကြီးပါ။ အဲ့အတွက် သူက Magnetic Charging Port ကိုကျောဘက်မှာလည်းထည့်ပေးထားပါသေးတယ်။
အမှန်တော့ ဒီ Tesla iPhone’s Battery pack က Apple’s battery cases နဲ့ဘာမှမကွာပါဘူး။ Solar ပါပြီး အားပြန်သွင်းလို့ရတယ် Magnetic ပါတယ် ဒါပဲ။ ဒါဆိုဘယ်အရာက ဈေးကြီးသွားတာလဲဆိုရင် Carbon Fiber ရယ် ရွှေနဲ့ပြုလုပ်ထားတဲ့ Frame တွေ TESLA LIMITED EDITION လို့ရေးထားတဲ့ ရွှေပြားတွေကြောင့် ဈေးကြီးသွားတာပါ။
Photos from : Caviar