fbpx
This is digital planet.
HonorTech News
48 MP Sony Camera ပါဝင္တဲ့ Honor V20 ထြက္ရွိလာ
Zawgyi
Honor V20 Display
Design and Display
Honor V20 cameraas
Honor အနေနဲ့လည်း အီတလီ Luxury Band တစ်ခုဖြစ်တဲ့ MOSCHINO နဲ့ပူးပေါင်းပြီး Phantom Blue နဲ့ Phantom Red Edition တို့ကို Honor V20 ရဲ့ MOSCHINO edition အနေနဲ့ ထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ယွမ် ၃၉၉၉ (ဒေါ်လာ ၅၇၉ မြန်မာငွေ ၉ သိန်း ၂ သောင်းနီးပါး) ကျသင့်မယ်လို့သိရပြီး Dec.28 ရက်နေ့မှာပဲ ပထမဆုံးစတင်ရောင်းချမှာဖြစ်ပါတယ်။
Unicode
Honor မှာ ဒီနေ့မှာတော့ Kirin 980 အသုံးပြုထားတဲ့ Budget-friendly flagship ဖုန်းဖြစ်တဲ့ Honor V20 ကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဖုန်းမှာတော့ Huawei ရဲ့ Nova 4 လိုပဲ ကင်မရာ ထည့်သွင်းထားတဲ့ အပေါက်လေး တစ်ပေါက်လည်းပါဝင်လာခဲ့ပါပြီး 48MP ကင်မရာ, 25MP ရှေ့ကင်မရာ နဲ့ Link Turbo technology တို့လည်းပါဝင်လာခဲ့ပါတယ်။
Honor V20 Display
Design and Display
Honor V20 မှာတော့ Metal နဲ့ Glass တို့ကိုပေါင်းစပ်ထားတဲ့ Premium အသွင်အပြင်မျိုးရှိပြီး မှန်မျက်နာပြင်ကို 3D Glass သုံးထားပြီး ရောင်ပြန်ပုံစံ V-shape ပုံစံလေးတပ်ဆင်ထားပါတယ်။ ရှေ့ကင်မရာကိုတော့ Display ရဲ့အပေါ်ဘက် ဘယ်ဘက်ထောင့်လေးနားမှာ 4.5mm ရှိတဲ့အပေါက်လေး တစ်ခုဖော်ပြီးထည့်သွင်းထားပါတယ်။
Honor V20 မှာတော့ 6.4-inch IPS LCD Screen ပါဝင်ပြီး 2310 x 1080 pixels Full HD+ resolution နဲ့ထောက်ပံ့ပေးထားပါတယ်။ Screen-to-body ratio အနေနဲ့ 91.82 percent ရှိပြီး pixel density အနေနဲ့ 382 PPI ရှိပါတယ်။
Chipset, RAM and Battery
V20 မှာတော့ 7nm Kirin 980 chipset ကိုအသုံးပြုထားပြီး RAM 8GB နဲ့ထောက်ပံ့ပေးထားကာ Storage အနေနဲ့ Inbuilt Storage 256 GB ပါဝင်လာခဲ့ပါတယ်။ MicroSD Card slot မပါဝင်တဲ့အတွက် ထပ်မံတိုးချဲလို့တော့မရပါဘူး။ ဘက်ထရီ 4000 mAh ပါဝင်ကာ 4.5V/5A နဲ့ထောက်ပံံပေးပါတယ်။ Andriod 9.0 Pie ကိုအခြေခံထားတဲ့ EMUI 9.0 UI ကိုအသုံးပြုထားပြီး နိုဝင်ဘာတုန်းက ထွက်ရှိခဲ့တဲ့ Honor Magic 2 မှာပါဝင်တဲ့ YOYO AI Smart Assistant ကိုလည်းထည့်သွင်းပေးထားပါတယ်။
Honor V20 မှာတော့ GPU Performance ကိုအဆင့်မြင့်တင်ပေးနိုင်မဲ့ GPU Turbo Technology လည်းပါဝင်ကာ ကင်မရာ, CPU နဲ့ Charging IC တို့အတွက်ပြည့်စုံတဲ့ အအေးပေးစနစ်တစ်ခု ဖြစ်တဲ့ NINE liquid cooling system ကိုလည်းထည့်သွင်းထားပါတယ်။
Honor V20 cameraas
Cameras and Other Features
Honor V20 ကျောဘက်မှာတော့ Sony IMX 586 48MP primary sensor နဲ့ 3D ToF ( Time of Flight ) Stereo Lens တို့ပါဝင်ပါတယ်။ Kirin 980 မှာပါဝင်တဲ့ dual NPU အနေနဲ့ 48MP Al Ultra Clear primary sensor နဲ့အတူ ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေကို Al HDR နဲ့အတူ ရိုက်ကူးဖို့ထည့်သွင်းပေးထားပါတယ်။ ဆက်လက်ပြီး AIS handhd Super Night View Mode, 960 fps Super Slow-motion HD quality Video Recording Mode နဲ့ 4-into-1 pixel binding တို့ကိုလည်းထောက်ပံ့ပေးထားပါတယ်။
Augmented Reality (AR) အတွက် 3D ToF ပါဝင်ပြီး Depth Measurement, Bone Recognition, Motion Capture, 3D body shaping စတဲ့ features တွေနဲ့ 3D somatosensory လို့ခေါ်တဲ့ ဂိမ်းလည်းပါဝင်ပါတယ်။ 3D ToF Lens ရဲ့ YOYO assistant အနေနဲ့ အသုံးပြုသူတွေရဲ့ပုံရိပ်တွေကို 3D ဇာတ်ကောင်ပုံစံပြောင်းလဲပေးနိုင်ပါတယ်။ ရှေ့ဘက်မှာတော့ f/2.0 aperture ရှိတဲ့ 25MP selfie camera ကိုအပေါက်ထဲမှာထည့်သွင်းထားပါတယ်။
Honor V20 မှာတော့ Dual-band GPS technology အပြင် LTE 4G connection နဲ့ WiFi connection နှစ်ခုလုံးကိုပေါင်းစပ်အသုံးပြုအောင် Honor V20 မှာပြုလုပ်ပေးထားပါတယ်။ အခြား Connectivity features တွေအနေနဲ့ 4G VoLTE, WiFi 802.11ac, Bluetooth 5.0, NFC နဲ့ USB-C တို့ပါဝင်ပါတယ်။
Honor V20 ရဲ့ဈေးနှုန်းတွေ အနေနဲ့
6GB RAM + 64 GB Storage — ယွမ် ၂၉၉၉ ( ဒေါ်လာ ၄၃၅ မြန်မာငွေ ၆ သိန်း ၉ သောင်း နီးပါး )
8GB RAM + 128 GB Storage — ယွမ် ၃၄၉၉ ( ဒေါ်လာ ၅၀၅ မြန်မာငွေ ၈ သိန်း နီးပါး ) အသီးသီးကျသင့်မှာဖြစ်ပါတယ်။
Honor V20 ကိုတော့ Magic Night Black, Charm Blue Sear နဲ့ Charm Red ဆိုပြီးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး Dec.28 နေ့မှာ ပထမဆုံးစတင်ရောင်းချ မှာဖြစ်ပါတယ်။
Honor အနေနဲ့လည်း အီတလီ Luxury Band တစ်ခုဖြစ်တဲ့ MOSCHINO နဲ့ပူးပေါင်းပြီး Phantom Blue နဲ့ Phantom Red Edition တို့ကို Honor V20 ရဲ့ MOSCHINO edition အနေနဲ့ ထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ယွမ် ၃၉၉၉ (ေဒေါ်လာ ၅၇၉ မြန်မာငွေ ၉ သိန်း ၂ သောင်းနီးပါး) ကျသင့်မယ်လို့သိရပြီး Dec.28 ရက်နေ့မှာပဲ ပထမဆုံးစတင်ရောင်းချမှာဖြစ်ပါတယ်။
Source