fbpx

This is digital planet.

ArticlesGoogleHuaweiSony

48MP က Marketing Terms လား??

PLANET X ကပြောတော့ Megapixel များတိုင်းမကောင်းဘူးဆို
အခုတော့ 48 MP ပြောင်းသုံးတာက ကောင်းတယ်တဲ့လား…

Image result for pixel binning

အရင်ဆုံး Pixel Binning အကြောင်းကိုနည်းနည်းမြေလှန်ရမယ်…

Pixel Binning ဆိုတာ Camera Sensor ပေါ်မှာရှိတဲ့ Pixel လေးတွေကို 4 ခုကနေ 1 ခုအဖြစ်ပေါင်းလိုက်တဲ့နည်းပညာပါ။ ဒီနည်းပညာက OnePlus 5T နောက်ပိုင်းတွင်ကျယ်လာတယ်ဆိုပေမဲ့ ဟိုးအရင်က Asus Zenfone 2 တို့ HTC U Ultra တို့မှာ အခြားအခေါ်အဝေါ်အနေနဲ့သုံးခဲ့ကြပါတယ်။ အဲ့တုန်းက ချုံ့လိုက်ပြီး ပြန် မချဲ့လို့မရတာတွေ Sensor နည်းပညာကွာတာတွေ Software ပိုင်း မနိုင်နင်းမှုတွေကြောင့် မတွင်ကျယ်ခဲ့ပေမဲ့ OnePlus 5T မှာ ပြန်သုံးလိုက်သည့်နောက်ပိုင်း အတော်လေးကို တွင်ကျယ်လာပါတယ်။

အရင်က Megapixel များတိုင်းမကောင်းဘူးဆိုတဲ့ပိုစ်ကို ရေးဖူးပါတယ် လူတော်တော်များများ PLANET X ကို စသိတဲ့ Post တစ်ခုပေါ့ (ဒီလင့်ခ်မှာဖတ်နိုင်ပါတယ်) အဲ့ဒီပိုစ်မှာ 12MP ထဲနဲ့ ကင်မရာတွေက ဘာလို့ Megapixel များတဲ့ ဖုန်းတွေထက်ပိုကောင်းလဲဆိုတာကို သေချာရှင်းပြထားပါတယ်။ ပြီးတော့ Smartphone Company တွေကလည်း 12MP နဲ့ရပ်တန့်နေမှာမဟုတ်ဘူးလို့လဲ ပြောခဲ့ဖူးပါတယ်။ ဘာလို့လဲဆိုတော့ သူဌေးတွေ Golf ရိုက်တဲ့အခါ သူဌေးတွေက ဂုဏ်ပြိုင်ချင်တာကြောင့် Golf အိတ်အကောင်းစားတွေ အပြိုင်ဝယ်ကြတယ်။ အချင်းချင်း Golf အိတ်နောက်ဆုံးပေါ်ချင်းတူနေရင်တောင် ဘယ်သူ ရိုက်ချက်ပိုသာလဲ ပြိုင်ကြတယ်။ အဲ့လိုပဲ 12MP Sensor ကို အစွမ်းကုန် အပြည့်အ၀ အသုံးချဖို့ ကုန်သွားတဲ့အခါ သူထက်ငါပိုသာဖို့အတွက် ပိုများတဲ့ Megapixel ကိုနည်းပညာအသစ်တွေနဲ့ သုံးလာကြပါတယ်။

ဟိုးအရင် Flagship ဖုန်းတွေမှာ 12MP ကိုအပြိုင် ပိုကောင်းအောင် အမျိုးစုံကြိုးစားနေချိန်မှာ Sony က 20MP တို့ 16MP တို့ 18MP တို့ 32MP တို့ စသဖြင့် အများကြီးကိုသုံးနေတာကိုသိကြလိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ Sony အောင်မြင်ခဲ့လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး။ သူရဲ့ Megapixel များတာက Marketing Term ဖြစ်ခဲ့ရုံကလွဲလို့ ရုပ်ထွက်တွေမကောင်းခဲ့ပါဘူး။ အဲဒါကြောင့် Huawei တို့ OnePlus တို့ Xiaomi တို့ Honor တို့က Megapixel များတာသုံးချင်ပေမဲ့ Sony လမ်းစဉ်လိုက်လို့မရဘူးဆိုတာကို သိနေပါတယ်။ အာ့ကြောင့် အဖြေရှာကြတော့ Pixel Binning အပြင်ပိုကောင်းတဲ့ နည်းပညာမပေါ်သေးပါဘူး။ ဒါကြောင့် Pixel Binning ကိုပြန်သုံးခဲ့ကြပြီး ပိုကောင်းရလဒ်တွေရအောင် ကြိုးစားခဲ့ကြတာပါ။ OnePlus 5T မှာ 16MP ကို Binning လုပ်ပြီးသုံးခဲ့ပေမဲ့ ထင်သလောက် ရလဒ်တွေမကောင်းခဲ့ပါဘူး… ဒါကြောင့် Huawei က P20 Pro မှာ ပိုကောင်းတဲ့ရလဒ်လိုချင်တော့ 40MP ထိတိုးသုံးခဲ့တယ် 40MP ကို 4 ခု 1 ခုအဖြစ်ချုံလိုက်တော့ 10MP အရည်အသွေး မနိမ့်တဲ့ ပုံကိုရခဲ့တယ် အဲ့ဒါကြောင့် 10MP ပုံကိုပဲ ရိုက်ဖို့ Huawei က Recommend ပေးခဲ့တာပါ။ အဲ့အကြောင်း အသေးစိပ်ကတော့ ဒီလင့်မှာ ဖတ်နိုင်ပါတယ်။ အခုတော့ 48MP ထိ Honor နဲ့ Xiaomi က စသုံးနေပါပြီ။ ဒါဆိုတော့ 48MP ကော ကောင်းလား???

48MP Sensor ၂ မျိုး

Smartphone Camera Sensor တွေထဲမှာ 48MP ထိထုတ်ထားတဲ့ Company ၂ က Sony နဲ့ Samsung နှစ်ခုပဲရှိပါတယ်။ Samsung ရဲ့ 48MP က ISOCELL GM1 လို့နာမည်ပေးထားပြီး Sony ကတော့ IMX586 လို့နာမည်ပေးထားပါတယ်။ အဲ့ ၂ ခုနှစ်မှာ နည်းပညာက ဘယ်ဟာပိုသာလည်းဆိုရင် Sony ကပိုသာနေပါတယ်။ အခုတလော နာမည်ကြီးနေတဲ့ Redmi Note 7 မှာ 48MP ကိုဘယ်သူဆီကယူထားလဲဆိုရင် Samsung ကော Sony ကော ၂ ခုလုံးစီကယူထားပါတယ်။ ဒါမဲ့ Sony အနေနဲ့ ပစ္စည်းများများ မတင်ပို့နိုင်သေးတော့ Redmi က ၂ ခုခွဲလိုက်ပါတယ် Pro Version ကို Sony သုံးနိုင်ပြီး Note 7 ကိုတော့ GM1 ကိုသုံးထားတာပါ။ Redmi Note 7 ထွက်တုန်းက 48MP ထိရိုက်လို့မရတဲ့ Limitation အချို့ရှိပါတယ်။ လုံးဝရိုက်လို့မရတာမဟုတ်ဘူး သုံးထားတဲ့ GM1 ကအဆင်မပြေခဲ့တာပါ ဒါကြောင့် 12MP ကိုရိုက်ဖို့ပဲ ပြောခဲ့တာပါ။

ဘာလို့ IMX 586 ကသာတာလဲ

IMX586 ကော GM1 ကော Sensor ပေါ်မှာ Pixel စီနည်းချင်းအတူတူပါပဲ ဒါမဲ့ Pixel တစ်ခုခြင်းအလုပ်လုပ်ပုံမှာကွာသွားပါတယ်။ Sensor ၂ ခုလုံး Quad Bayer စီနည်းကိုသုံးထားတယ်။ Camera Sensor ပေါ်မှာရှိတဲ့ Pixel တွေက Display ပေါ်မှာရှိတဲ့ Pixel နဲ့မတူပါဘူး၊ Display တွေမှာက Pixel တစ်ခုမှာ RBG ဆိုပြီး Color 3 ခုပါပါတယ်၊ Sensor တွေက Pixel တွေ အရမ်းသေးတဲ့အတွက် Pixel တစ်ခုကို Color တစ်ရောင်ပဲသုံးရပါတယ်၊ ပုံမှန်ဆို Pixel တွေကို Bayer Filter နည်းနဲ့ Sensor ပေါ်မှာစီထားတာပါ၊ Bayer Filter ဆိုတာ??? ကျားကွက်ပုံစီနည်းတစ်ခုပါ အရောင်တစ်ခုပဲရှိတဲ့ Pixel တစ်ခုချင်းစီတာပါ (တစ်ချို့က Bayer Filter ကိုမှ အတန်းလိုက်ပြောင်းစီကြတယ်) Quad Bayer ဆိုတာက အရောင်တူညီရာ Pixel 4 ခုကို ပူပြီး ကျားကွက်ပုံ စီတာပါ၊ အဲ့တော့ Bayer Filter စီနည်းထက် Quad Bayer နည်းက တူညီရာ အရောင် 4 ခုပေါင်းလိုက်တော့ Pixel တွေပိုကြီးသွားသလိုဖြစ်သွားပါတယ် (ပုံလေးတွေပြထားပါတယ်၊ အစိမ်းက ပိုများနေမယ်ဆိုတာ… သတိထားမိပါလိမ့်မယ် ဟုတ်ပါတယ် တစ်ကယ်လဲ အစိမ်းကများပါတယ်၊ လူမျက်လုံးကလဲ အစိမ်းပေါ်မှာ ပိုပြီး Sensitive ဖြစ်ပါတယ်၊ 12MP Sensor မှာဆိုရင် Green က 6 Million ကျန်တဲ့ Red and Blue က 3 Million ပဲရှိပါတယ်) အဲ့လိုစီထားပုံချင်းတူနေတာတောင် Lightdata ဖမ်းတဲ့အခါ Sensor ၂ခုကကွာသွားပါတယ်။ Sony ရဲ့ IMX 586 က Pixel တစ်ခုချင်းစီကို Lightdata ဖမ်းနိုင်ပါတယ်။ Samsung ရဲ့ GM1 ကတော့ 4 ခုပေါင်းမှာပဲဖမ်းနိုင်ပါတယ်။

ဘယ်လိုမျိုးလဲဆိုရင် LED မီးလုံး ၄ လုံးပူးထားတယ်ဆိုပါစို့ Sony က မီးလုံး ၁ ခုချင်းစီ အဖွင့်အပိတ်ရပြီး ၄ ခုလုံးပဲပြိုင်တူဖွင့်နိုင်တယ် Samsung ကတော့ ၄ လုံးစလုံး အဖွင့်အပိတ်ရပြီး တစ်လုံးချင်းစီ အလုပ်မလုပ်နိုင်ပါဘူး။ အဲ့ဒါကြောင့် Redmi Note 7 မှာ 48MP အပြည့်ရိုက်ဖို့က Daylight မှာပဲသုံးနိုင်ပါတယ်။ အဲ့ဒါကြောင့် 12MP ကိုပဲသုံးဖို့ တိုက်တွန်းခဲ့တာပါ။ China အလုံးမှာ Samsung ရဲ့ ISOCELL ကိုသုံးထားပါတယ်။ Sony ရဲ့ IMX586 က Global အလုံးမှာပါနိုင်ပေမဲ့ အခြားဘာတွေပြောင်းလဲသွားမလဲမသိသေးပါဘူး။ ပြီးတော့ IMX586 က 4K ကို 90fps ထိရိုက်ကူးနိုင်ပါသေးတယ် အချို့သော Limitation တွေမှာ SOC နဲ့ Software ပိုင်းအပေါ်မူတည်နေလို့ မရနိုင်တာတွေရှိနိုင်ပါတယ်။ ဘာပဲပြောပြော ပလူပြန်သွားတဲ့ Redmi Note 7 က နမူနာရလဒ်တွေမှာ ကောင်းတယ်ဆိုယူဆရပေမဲ့ အပြင်မှာဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ Pixel Binning အားနည်းချက်က Point and Shot မှာဆိုရင် အနည်းငယ် Delay ဖြစ်နိုင်ပါတယ်။

Image result for huawei mate 20 pro low light

48MP က Lowlight အတွက်လား

လုံးဝမဟုတ်ပါဘူး…. အရင်က OnePlus 5T မှာ Lowlight အတွက်ပဲ Pixel Binning ကိုအသုံးပြုတာကပါ ရလဒ်က ဟာခနဲ ဟင်ခနဲ ဖြစ်တာမျိုးမရှိတဲ့အပြင် Aperture ကျယ်တဲ့ဖုန်းတွေလောက်တောင် Result မကောင်းခဲ့ပါဘူး။ ဘာလို့လဲဆိုရင် 16MP ကို ချုံလိုက်တာ 5MP ပဲရှိပါတယ် ပြီးတော့ Software Implement ကလည်း သုံးခါစမို့ မတိုးတတ်သေးပါဘူး၊ ဒါမဲ့ 6T မှာတော့ အဆင်ပြေလာပါတယ်။ Google Pixel မှာဆိုရင် Lowlight ကို Software နဲ့ AI နဲ့ပေါင်းပြီး အကောင်းဆုံး ချဉ်းကပ်သွားတာပါ။ HDR+ Burst Mode Photography အလုပ်လုပ်ပုံမျိုးကို ညဖက် ရိုက်လို့ရအောင် လုပ်ထားတာပါ။ HDR+ မှာ အလင်းအမှောင်ပေါ်မူတည်ပြီး RAW frame ကို 6-8 frames လောက်ထိရိုက်ပြီးပြန်ပေါင်းတာပါ။ Google ရဲ့ Night Shift မှာတော့ အနည်းဆုံး 15 frames လောက်ပြန်ပေါင်းပြီး အလုပ်လုပ်တာပါ။ ညဖက်မှာ Flash မဖွင့်ပဲ လင်းလင်းထင်းထင်း ရုပ်ထွက်ရအောင် ရိုက်လို့ရပါတယ်။ Samsung မှာက Aperture ကို f/1.5 ထိချဲ့သုံးလိုက်တာပါ ဒါမဲ့ f/1.8 ပဲသုံးထားတဲ့ Google Pixel ကိုမှီလားဆိုတော့ မမှီပါဘူး။ ဆိုတော့ Aperture စွတ်ကျယ်တာကလည်း Lowlight အတွက်အဖြေမဟုတ်ပါဘူး။ Aperture ကျယ်လိုက်လွန်းရင်လည်း တစ်ခါတစ်လေ Overexposed တွေဖြစ်တတ်ပါတယ် ဒါကြောင့် Software အားကိုးတဲ့ Company တော်တော်များများက f/1.8 မှာတင်ရပ်နေကြပြန်ပါတယ်။ P20 Pro မှာက Pixel Binning အပြင် LED Flash ကို Auto Adjust လုပ်ပေးတဲ့ Laser Transmitter/Receiver, Color Temperature တို့ကိုသုံးပြီး မလိုတဲ့ အလင်းပြန်မှုတွေကို Noise တွေကို အကောင်းဆုံး Handle လုပ်ခဲ့တာပါ။

Mix 3 မှာဆိုရင် Google Pixel 3 ရဲ့ Night Shift နဲ့အတူတူပါပဲ Multi Frames ပေါင်းများစွာရိုက်ပြီး Software အကူညီနဲ့ ပြန်သုံးလိုက်တာပါ။ Redmi Note 7 မှာ Mix 3 လို Night Scene နဲ့အလုပ်လုပ်ပုံမျိုးပါဝင်တယ်သိရပါတယ်။ ဒါမဲ့ 48MP ကြီး Multi Frame ရိုက်ဖို့က မလွယ်ကူလောက်ပါဘူး ဒါကြောင့် ရိုက်လို့ရမယ်ဆိုရင် Pixel Binning ကိုသုံးနေရဦးမှာပါ။ ဆိုတော့ နည်းပညာက ဘယ်လိုလာဦးမလဲဆိုရင် P20 Pro မှာ Pixel Binning ကိုမှ Multi Frame ထပ်ရိုက်ပြီး လုပ်တာမျိုးဖြစ်နိုင်မှာပါ။ သေချာတပ်အပ်တော့ ရမယ်လို့ မပြောပြနိုင်သေးပါဘူးပါဘူး ဘာဖြစ်လို့လဲဆိုရင် SOC 660 မှာ Limitation ရှိတဲ့အပြင် ၃ သိန်းဝန်းကျင်ဖုန်းတစ်လုံးက Flagship တွေရဲ့ နည်းပညာတွေလုပ်နိုင်နေတယ်လို့ ထင်ရတာတွေက သံသရ၀င်စရာ စိတ်ဖြစ်စေပါတယ်။ ပြီးတော့ Lowlight အတွက် 48MP ကိုအပြည့်မသုံးပါဘူး သုံးကြမှာလဲမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ 48MP ဆိုကတည်းက Pixel Size တွေအရမ်းသေးသွားပြီ သေးသွားတဲ့အတွက် Noise ကို Handle လုပ်ဖို့က တတ်နိုင်သလောက်လျော့ချသုံးမှဖြစ်မှာ… 12MP မှာကတည်းက Image Stacking ကိုအကောင်းဆုံးအသုံးချနိုင်ခဲ့လို့ 48MP က Lowlight အတွက်ရည်ရွယ်တာမဟုတ်ပဲ 12MP ရဲ့ Limitation အချို့ကိုကျော်လွှားဖို့သုံးခဲ့တာပါ။

48MP ကိုသုံးရသည့်ရည်ရွယ်ချက်

အချက် ၂ ချက်ရှိပါတယ်။ ၁ ချက်က 12MP အစစ်ထက်ပိုကောင်းတဲ့ 12MP ပုံထွက်ကိုလိုချင်လို့။ ၂ အချက်က အရေအသွေးမကျတဲ့ Zooming အတွက်ပါ။

12MP ထက်ပိုကောင်းတဲ့ 12MP ရဖို့က 48MP ကို Binning လုပ်ပစ်မှရမှာပါ။ Pixel Binning လုပ်တဲ့အခါ 0.8 macron ကို ၄ခုပေါင်းလိုက်တဲ့အတွက် 1.6 macron ရပါတယ်။ အဲ့ဒီ 1.6 macron Size ရှိတဲ့ Pixel နဲ့ 12MP ပုံဖန်တီးလိုက်တယ် အဲ့နေရာမှာ 12MP Mode ဆိုရင် ဒီနေရာမှာပဲရပ်လိုက်ပြီး 48MP ထိပြန်လိုချင်တဲ့အခါ Superpixel နည်းပညာကိုသုံးရပါတယ် အရင်က Asus တို့ HTC တို့မှာ သုံးခဲ့ဖူးပါတယ်။ 48MP ထိပြန်ချဲ့တဲ့အခါ 48MP အစစ်မရပဲ ချုံပြီးပြန်ချဲ့လို့ရတာမျိုးဖြစ်တဲ့အတွက် Marketing Term ဆိုပြီးထင်ယောင်ထင်မှားစေပါတယ်။ 48MP တစ်ခုလုံးကိုအပြည့်အဝ Handle လုပ်နိုင်တဲ့ SOC နဲ့ Software တွေ မထွက်သေးတဲ့အတွက် အကောင်းဆုံး Solution က Pixel Binning အပြင်မရှိသေးပါဘူး… ဒါဆိုရုပ်ထွက်ကောင်းသလားဆိုရင် ထုတ်လုပ်တဲ့ Company ရဲ့ Software နဲ့ Hardware အပေါ်မူတည်ပါလိမ့်မယ်။

Image result for huawei p20 pro zoom photo

နောက်တစ်ခုက Zooming ပါ။ Tele Lens ကို Kill ဖို့က Digital Zoom ကိုကောင်းအောင်လုပ်ဖို့ပဲရှိပါတယ်။အရင်ဆုံး Optical Zoom and Digital Zoom အကြောင်းလေးပြန်ပြောချင်ပါတယ်၊ Optical Zoom ဆိုတာ Tele Lens မှာပဲရတာပါ Tele Lens မှာ အကွာဝေးနဲ့ Lens လေးတွေ စီထားပါတယ်၊ Zoom ဆွဲတဲ့အခါ အဲ့စီထားတဲ့ Lens တွေရဲ့ အကွာအဝေး (Focal Length) ကို Adjust လုပ်ပြီး ပုံရိပ်ကိုအနီးကပ်ဆွဲယူပေးတာပါ၊ Digital Zoom ကကျတော့ ဓာတ်ပုံကို Crop လုပ်ပြီး Zoom ချဲ့ကြည့်သလိုပါ သူက Focal Length ကို Adjust လုပ်လို့မရပါဘူး၊ အားနည်းချက်ကတော့ Optical Zoom နဲ့ယှဉ်ရင် Resolution တွေကျသွားပါတယ်၊ ပြီးတော့ Pixelated Picture ကိုပဲရပါတယ်၊ P20 Pro မှာ 3x Optical Zoom အပြင် 5x Hybrid Zoom ပါရပါတယ်၊ iPhone XS တို့ Galaxy Note 9 တို့မှာ 12MP Tele Lens ကိုသုံးထားတယ် ဒါမဲ့ 2x Optical Zoom ပဲရတယ်၊ Huawei က 8MP နဲ့ 3x ရအောင်လုပ်ထားတာပါ တစ်ကယ်တော့ 8MP Tele Lens မှာ Focal Length ကို 80mm ထိသုံးပေးထားလို့ပါ၊ 5x Hybrid Zoom မှာ Huawei က Focal Length မတူတဲ့ Camera ၂ လုံးကိုသုံးပြီး Zoom ဆွဲလို့ Hybrid Zoom လို့ခေါ်တာပါ၊ ထူးဆန်းနေတဲ့ နည်းပညာအသစ်တော့မဟုတ်ပါဘူး ဒါမဲ့ အသုံးဝင်တယ် ဖုန်းတွေကြားထဲ အံသြဖို့ကောင်းတဲ့ Zoom တော့ဖြစ်နေပါတယ်၊

Huawei က 5x Hybrid Zoom အတွက် Super Resolution နည်းပညာကိုသုံးထားပါတယ်၊ ဒီနည်းပညာက Astronomers တွေမှာအသုံးပြုကြပါတယ်၊ ဂြိုလ်တွေကို ကြည့်တဲ့အခါ Noise ကိုလျော့ချပြီး Resolution ကိုတိုးဖို့အတွက် အသုံးပြုတာပါ၊ Point of View မတူတဲ့ Camera 2 ခုက Image တွေကို ပြန်ထပ်ပြီး Super Resolution နည်းပညာနဲ့ ပေါင်းထည့်ထားတာပါ၊ ဒီနည်းပညာကို အရင် OPPO Find 7 မှာ 50MP အရေသွေးရှိတဲ့ ပုံအဖြစ်ချဲ့ဖို့ သုံးခဲ့ပါတယ်သေးတယ်၊

The P20 Pro’s Hybrid Zoom combines data from the 8MP 3x telephoto and main 40MP cameras.

အလုပ်လုပ်ပုံက 8MP Tele နဲ့ 3x Optical Zoom ဆွဲနေတဲ့အချိန်မှာ 40MP Lens နဲ့ 8MP Size 3x Digital Zoom ဆွဲနေပါတယ် ပြီးတော့ အဲ့ဒီ 3x Optical နဲ့ 3x Digital 2 ခုကို Kirin NPU နဲ့ ကောင်းတာတွေရွေးပြီးပြန်ထပ်ပါတယ် ရလာတဲ့ 3x ပုံကို 2x ထပ်ဆွဲပါတယ်၊ အဲ့လို 2 ခုပေါင်းပြီး 2 ဆထက်ဆွဲလို့ 5x Hybrid Zoom ဖြစ်လာတာပါ၊ ဘာလို့ Main Lens က 8MP သုံးရလဲဆိုရင်??? Tele Lens နဲ့အညီ ဖြစ်အောင် 8MP ကိုသုံးထားတာပါ၊ ပြီးမှာ Super Resolution နည်းပညာနဲ့ 10MP အရည်သွေးရှိတဲ့ပုံကို ပြန်ထုတ်ပေးပါတယ်၊ အဲ့ဒါကြောင့်လဲ Noise ကို အနည်းဆုံး နဲ့ Resolution မကျအောင်ထိန်းပေးနိုင်တာပါ၊ ဒါက Huawei ရဲ့ Tele Lens နဲ့တွဲသုံးတဲ့နည်းပညာပါ Mate 20 Pro မှာလဲအတူတူပါပဲ။ Tele Lens မပါတဲ့အခါမျိုးမှာ Google ရဲ့ Super Res ကအတော်အသုံးဝင်ပါတယ်။ Google အနေနဲ့ 12MP ကို Crop လုပ်ပြီး Image Stacking နည်းနဲ့ Multi Frame ပေါင်းများစွာရိုက်ပြီး Zoom ချဲ့တာမျိုးပါ။ 48MP ကို Crop လုပ်ပြီး Image Stacking နည်းနဲ့ ဆွဲမယ်ဆိုရင် ပိုကြီးတဲ့ MP နဲ့ပုံကိုရရှိမှာပါ။

48MP က Marketing Term လားဆိုရင် ကိုယ်တိုင်အပြင်မှာ စမ်းသုံးပြီးဆုံးဖြတ်တာပိုသင့်တော်ပါလိမ့်မယ်။ ပြီးတော့ ၎င်းတို့ ၂ ခုထက်ပိုမိုက်တဲ့ 38MP IMX607 ဟာ Huawei P30 Pro and XZ4 မှာသုံးလာနိုင်ပါတယ်။ IMX 607 မှာ RBG Pixel မဟုတ်တော့ပဲ White Color အပိုပါလာပါတယ်။ ပြီးတော့ 48MP ကို Company တွေပြောင်းတာက မလိုအပ်ပဲပြောင်းတာမဟုတ်ပဲ သေချာပေါက်လိုအပ်လို့ပြောင်းလာတာဖြစ်တယ်အပြင် ၂၀၁၉ မှာ လည်း Flagship ဖုန်းတော်တော်များများမှာပဲ တွေ့မြင်ရမှာသေချာပါတယ်။ Google Pixel 4 အနေနဲ့ပြောင်းလဲနိုင်သလားမေးရင် သေချာခန့်မှန်းလို့မရပေမဲ့ တစ်လုံးထဲနဲ့ အကောင်းဆုံး Lens တစ်ခုကိုတော့ ပြောင်းလဲနိုင်ပါတယ်။

Photo : Internet

Leave a Reply

Your email address will not be published.