fbpx

This is digital planet.

Tech News

48MP နဲ့ OPPO F11 Pro ကို March 5 ရက်နေ့မိတ်ဆက်မည်

OPPO ရဲ့နောက်အသစ်ထွက်ရှိမဲ့ဖုန်း F11 Pro ကိုပြီးခဲ့တဲ့အပတ်က မြင်တွေ့ခဲ့ရပြီး ယခုအချိန်မှာတော့ အဆိုပါစမတ်ဖုန်းကို March 5 ရက်နေ့မှာမိတ်ဆက်ပေးသွားတော့မယ်လို့သိရပါတယ်။

OPPO အနေနဲ့ မိတ်ဆက်မဲ့ရက်ကိုအတည်ပြုပေးခဲ့တဲ့အပြင် F11 Pro မှာပါဝင်မဲ့ Spec တစ်ချို့ကိုလည်းထုတ်ဖော်ပြသပေးသွားခဲ့ပါတယ်။ F11 Pro မှာတော့ 48MP + 5MP dual ကျောဘက်ကင်မရာ နဲ့ 6.5-inch Panoramic Screen, VOOC 3.0 fast charging တို့လည်းပါဝင်လာမယ်လို့သိရပါတယ်။ 48MP ကိုဘယ်တော့ Samsung sensor လား Sony sensor လားဆိုတာကိုတော့ မသိရသေးပါဘူး။ ဖုန်းရဲ့ကျောဘက်မှာတော့ 3D gradient glass ကိုသုံးထားတယ်လို့လည်းသိရပါတယ်။

OPPO မှ မျှဝေခဲ့တဲ့ F11 Pro ရဲ့ပုံတွေမှာတော့ ရှေ့ဘက် screen မှာ Notch လုံးဝမပါဝင်တာကိုမြင်တွေ့ခဲ့ရပြီး selfie ကင်မရာကိုလည်းမြင်တွေ့ရခြင်းမရှိခဲ့တဲ့အတွက် Pop-up အနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်။ Color တွေအနေနဲ့ Aurora Green နဲ့Thunder Black တို့ထွက်ရှိလာဖို့ရှိနေပါတယ်။

အရင်ကထွက်ရှိခဲ့တဲ့ Leak တွေအရ OPPO မှအတည်ပြုထားခြင်းမရှိပေးမဲ့ ဒီ F11 Pro မှာ MediaTek ရဲ့ Helio P70 SoC နဲ့အတူ RAM 6 GB ပါဝင်မှာဖြစ်ပြီး 64GB နဲ့ 128GB ဆိုပြီး Storage options ၂ ခုနဲ့ထွက်ရှိလာမယ်လို့သိရပါတယ်။ OS ပိုင်းကိုတော့ Andriod Pie အခြေခံထားတဲ့ ကိုယ်ပိုင် ColorOS 6.0 နဲ့မောင်းနှင်ထားမယ်လို့လည်းသိရပါတယ်။ ရှေ့ Pop-up ကင်မရာထဲမှာတော့ 16MP sensor ကိုတပ်ဆင်ပေးလာနိုင်ပြီး ဘက်ထရီ အနေနဲ့ကလည်း 4000 mAh ဘက်ထရီပါဝင်လာနိုင်ခြေရှိပါတယ်။

OPPO F11 Pro ကိုတော့ March 5 ရက်နေ့ အိန္ဒိယမှာ စတင်မိတ်ဆက်ပေးမှာဖြစ်ပြီး မကြာခင်မှာပဲအခြားဈေးကွက်တွေအတွက်ထွက်ရှိလာအုန်းမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ကောလာဟလ တွေအရ ရူပီ ၃၅၉၉၀ (ဒေါ်လာ ၅၀၆ / မြန်မာငွေ ၇သိန်း ၈သောင်း) လောက် ကျသင့်မယ်လို့သိရပါတယ်။

Source