fbpx

This is digital planet.

realmeTech News

48MP ပါတဲ့ ဖုန္းကိုထုတ္လုပ္ဖို႔ ျပင္ဆင္ေနတဲ့ Realme

Zawgyi

Redmi Note 7 ရဲ႕ ဂယက္လႈပ္ခတ္မႈေနာက္မွာေတာ့ Realme India ရဲ႕ CEO ျဖစ္တဲ့ Madhev Sheth က သူတို႔ Company ရဲ႕ မ်ိဳးဆက္သစ္ Smartphone ျဖစ္လာမယ့္ Realme 3 ကို 2019 ပထမ သံုးလပတ္အတြင္းမွာ ခ်ျပသြားဖို႔႐ွိၿပီး 48MP Camera ပါဝင္လာမယ့္ Smartphone ကိုလည္း စတင္ျပင္ဆင္ေနၿပီလို႔ ဆိုပါတယ္။

ဒါ့အျပင္ Realme A1 ဆိုတဲ့ နာမည္နဲ႔ Phone Model အသစ္တစ္မ်ိဳးကိုလည္း 2019 အေစာပိုင္းကာလ၊ Realme C1 နဲ႔ U1 ၾကားကာလမွာ မိတ္ဆက္သြားဖို႔႐ွိေနပါတယ္။

48MP ပါဝင္တဲ့ Smartphone အတြက္ စတင္ျပင္ဆင္ေနၿပီဆိုေပမယ့္ အဲဒီ Camera ဟာ Realme 3 မွာပါဝင္လာမွာလား၊ ဒါမွမဟုတ္ Model အသစ္နဲ႔အတူ ပြဲထြက္လာမွာလားဆိုတာ ေသခ်ာမသိရေသးသလို အသံုးျပဳမယ့္ Sensor ကေရာ Sony ရဲ႕ IMZX 586 လား၊ ဒါမွမဟုတ္ Samsung ရဲ႕ ISOCELL GM1 လားဆိုတာေတာ့ အတည္ျပဳေျပာၾကားျခင္း မ႐ွိေသးပါဘူး။

Realme အေနနဲ႔ Amazon, Flipkart စတဲ့ Online Market ေတြေပၚမွာ Exclusive ေရာင္းခ်ဖို႔ အဆင္မေျပႏိုင္တာေၾကာင့္ သူတို႔ရဲ႕ Realme 2 Pro ကို Offline Market မွာ မၾကာခင္ေရာင္းခ်ႏိုင္ဖို႔ ႀကိဳးစားေနၿပီး 2019 ဒုတိယႏွစ္ဝက္မွာ India ရဲ႕ ပထမဆံုး Realme Offline Store ကိုလည္း ဖြင့္လွစ္သြားဖို႔ ျပင္ဆင္ေနပါတယ္။

Realme ဟာ Independent Brand အျဖစ္ရပ္တည္ၿပီး ပထမ ၇ လအတြင္း Smartphone ၄ သန္းေက်ာ္ကို ေရာင္းခ်ႏိုင္ခဲ့လို႔ 2019 မွာလည္း ဒီထက္ပိုၿပီး ေရာင္းအားတိုးတက္လာႏိုင္ေျခ ႐ွိေနပါတယ္။

Unicode

Redmi Note 7 ရဲ့ ဂယက်လှုပ်ခတ်မှုနောက်မှာတော့ Realme India ရဲ့ CEO ဖြစ်တဲ့ Madhev Sheth က သူတို့ Company ရဲ့ မျိုးဆက်သစ် Smartphone ဖြစ်လာမယ့် Realme 3 ကို 2019 ပထမ သုံးလပတ်အတွင်းမှာ ချပြသွားဖို့ရှိပြီး 48MP Camera ပါဝင်လာမယ့် Smartphone ကိုလည်း စတင်ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် Realme A1 ဆိုတဲ့ နာမည်နဲ့ Phone Model အသစ်တစ်မျိုးကိုလည်း 2019 အစောပိုင်းကာလ၊ Realme C1 နဲ့ U1 ကြားကာလမှာ မိတ်ဆက်သွားဖို့ရှိနေပါတယ်။

48MP ပါဝင်တဲ့ Smartphone အတွက် စတင်ပြင်ဆင်နေပြီဆိုပေမယ့် အဲဒီ Camera ဟာ Realme 3 မှာပါဝင်လာမှာလား၊ ဒါမှမဟုတ် Model အသစ်နဲ့အတူ ပွဲထွက်လာမှာလားဆိုတာ သေချာမသိရသေးသလို အသုံးပြုမယ့် Sensor ကရော Sony ရဲ့ IMZX 586 လား၊ ဒါမှမဟုတ် Samsung ရဲ့ ISOCELL GM1 လားဆိုတာတော့ အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။

Realme အနေနဲ့ Amazon, Flipkart စတဲ့ Online Market တွေပေါ်မှာ Exclusive ရောင်းချဖို့ အဆင်မပြေနိုင်တာကြောင့် သူတို့ရဲ့ Realme 2 Pro ကို Offline Market မှာ မကြာခင်ရောင်းချနိုင်ဖို့ ကြိုးစားနေပြီး 2019 ဒုတိယနှစ်ဝက်မှာ India ရဲ့ ပထမဆုံး Realme Offline Store ကိုလည်း ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေပါတယ်။

Realme ဟာ Independent Brand အဖြစ်ရပ်တည်ပြီး ပထမ ၇ လအတွင်း Smartphone ၄ သန်းကျော်ကို ရောင်းချနိုင်ခဲ့လို့ 2019 မှာလည်း ဒီထက်ပိုပြီး ရောင်းအားတိုးတက်လာနိုင်ခြေ ရှိနေပါတယ်။

Source