fbpx

This is digital planet.

Tech NewsXiaomi


Zawgyi


Do you see 4800??



Unicode

48MP ပါဝင်လာမှာဖြစ်တဲ့ Redmi 7 series ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာစတင်မိတ်ဆက်မည်

Xiaomi ရဲ့ စမတ်ဖုန်းအသစ်နဲ့ပက်သက်ပြီး ကောလဟာလတစ်ချူိ့ကတော့လက်တွေ့မှာတကယ်ဖြစ်ပေါ်လာခဲ့ပါပြီး Xiaomi အနေနဲ့ Redmi 7 series မှာ 48MP camera ပါဝင်မယ်လို့ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်နေ့မှာစတင်ရောက်ရှိလာမယ်လို့သိရပါတယ်။

Do you see 4800??

ဒီထုတ်ပြန်ချက်ကိုတော့ Xiaomi ရဲ့တရားဝင် Website နဲ့ Redmi ရဲ့ တရားဝင် Weibo account မှာဖော်ပြခဲ့ပြီး “New Independent Brand” လို့လည်းဖော်ပြထားတာကိုမြင်တွေ့ခဲ့ရပါတယ်။ Redmi အနေနဲ့ Huawei ရဲ့ Honor နဲ့ OPPO ရဲ့ Realme တို့လို့ကိုယ်ပိုင် brand တစ်ခုအနေနဲ့ဖြစ်လာဖို့ရှိတယ်လို့ယူဆရပြီး Research and Development ပိုင်း နဲ့ ထုတ်လုပ်မှုအပိုင်း ကတော့ Xiaomi လက်အောက်မှာပဲရှိနေအုန်းမှာပါ။

ပိုစတာမှာတော့ Redmi ရဲ့လိုဂိုအပေါ်မှာ 4800 လို့ဆိုတာကိုမြင်တွေ့ခဲ့ရကာ ဒါဟာ 48MP ကိုရည်ညွန်းတာဆိုတာသိသားပါတယ်။ Redmi 7 မိတ်ဆက်ပွဲကိုတော့ ဘေဂျင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့ပြလုပ်မှာဖြစ်ပါတယ်။ အဆိုပါ ပြပွဲမှာတော့ Xiaomi Redmi 7 အပြင် Redmi 7 Pro, Redmi Note 7 Pro, Redmi 7A စတာတွေလည်းမိတ်မြင်တွေ့ရဖွယ်ရှိပါတယ်။

Source