fbpx

This is digital planet.

realmeTech News

48MP quad cameras ပါ၀င်ထားပြီး November 20 မှာ ထွက်လာတော့မယ့် Realme 5s

India ရဲ့ နာမည်ကြီး e-commerce တစ်ခုဖြစ်တဲ့ Flipkart မှာ Realme 5s ဟာ မကြာခင်မှာ ထွက်ရှိလာတော့မယ်လို့ မနေ့က အတည်ပြုခဲ့ပါတယ်။ အခု Realme ဟာ သူတို့ရဲ့ Website မှာ 5s အတွက် Promotion လုပ်ထားပြီး India မှာ X2 Pro နဲ့အတူ November 20 မှာ တရား၀င်ထွက်ရှိလာမယ်လို့ အတည်ပြုထားပါတယ်။ Website မှာဖော်ပြထားတဲ့ Page မှာ 5s ရဲ့ပုံပါ၀င်ပြီး August တုန်းကမိတ်ဆက်ခဲ့တဲ့ Realme 5 နဲ့ဆင်နေပါတယ်။

Realme 5s with 48MP quad camera is coming on November 20

Realme 5s ရဲ့ နောက်ဘက်မှာ အနီရောင်ကိုသုံးထားပြီး Fingerprint reader နဲ့ 48MP main camera ပါ၀င်တဲ့ Quad camera setup ကိုတွေရမှာပါ။ Quad Camera Setup မှာပါ၀င်လာမယ့် တစ်ခြား Sensors တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် သတင်းများအရ 8MP ultrawide ၊ 2MP macro နဲ့ 2MP depth sensor ဆိုပြီးပါ၀င်လာနိုင်ပါတယ်။

Flipkart page မှာ “Ultra Detailed Pictures, that remain sharp even when zoomed in.” ဆိုပြီးဖော်ပြထားပါတယ်။ ဘာသာပြန်ပြောရရင် Realme 5s ဟာ Telephoto unit နဲ့အတူ ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် 5 Pro မှာကတည်းက telephoto unit မပါခဲ့တဲ့ အတွက် ဖြစ်လာနိုင်ခြေမရှိပါဘူး။ ပိုသေချာဖို့ကတော့ စောင့်ကြည့်ရဦးမှာပါ။

Realme 5s with 48MP quad camera is coming on November 20

Realme 5s ရဲ့ တစ်ခြား Specifications တွေကတော့ မသိရသေးပါဘူး။ ဒါပေမယ့် Realme 5 ထက်ပိုကောင်လာမယ့် 1080p display ၊ ပိုမြန်တဲ့ Charging နဲ့ USB-C port စတဲ့အချက်တွေကို Upgrade လာနိုင်ဖို့ မျှော်လင့်ရပါတယ်။ Realme 5s ဟာ Xiaomi Redmi Note 8 နဲ့ တိုက်ရိုက် ယှဉ်ပြိုင်လာဖို့ရှိနေပါတယ်။ Realme 5s နဲ့ ပတ်သက်တဲ့ တစ်ခြားအချက်တွေကို နောက်ရက်တွေမှာ ‌တွေ့လာရနိုင်ပါတယ်။

Ref: Gizmochina