fbpx

This is digital planet.

QualcommTech News

5‌G ပါတဲ့ Snapdragon 865 ၊ Snapdragon 765/765G Chipsets အသစ်တွေကို မိတ်ဆက်လိုက်တဲ့ Qualcomm

လာမယ့်နှစ် Android ဖုန်းတွေမှာ 5G ကို‌လုပ်ဆောင်ပေးစွမ်းရှိလာတော့မယ့် Chipsets အသစ်တွေကို Qualcomm အနေနဲ့ တရား၀င်မိတ်ဆက်လိုက်ပါပြီ။ အမေရိကန်အခြေစိုက် Chipset ပြုလုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Qualcomm ဟာ Snapdragon 865 ၊ Snapdragon 765 နဲ့ Snapdragon 765G တို့ကို အမေရိကန် ၊ ဟာဝိုင်ယီပြည်နယ်မှာ ကျင်းပခဲ့တဲ့ 2019 Snapdragon Tech အစည်းအဝေးမှာ မိတ်ဆက်ခဲ့ပါတယ်။ Snapdragon 865 ဟာ Flagship ဖုန်းတွေအတွက် ရည်ရွယ်ပြီး Snapdragon 765/765G တို့ကတော့ Mid-range အမြင့်ပိုင်း‌တွေအတွက် ဖြစ်လာမှာပါ။

Image result for snapdragon 865

နည်းပညာကုမ္ပဏီတွေအနေနဲ့ Qualcomm ရဲ့ 5G modem ပါ၀င်လာမယ့် Chipset ကိုမျှော်လင့်နေသော်လည်း ကုမ္ပဏီ Snapdragon 865 အသစ်ဟာ အရင်က mmWave နဲ့ Sub-6 GHz 5G networks တို့ကို ထောက်ပံ့ပေးထားတဲ့ Snapdragon X55 ကို၀ယ်ထားတဲ့ ကုမ္ပဏီတွေ အတွက်သာ အထူးသီးသန့် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ Smartphone OEMs တွေကလည်း 4G modem ပါတဲ့ Snapdragon 865 ကိုသုံးပြီး 4G ဖုန်းကြီးပဲ ထုတ်လုပ်မှာတော့ မဟုတ်လောက်ပါဘူး။ SD865 ဟာလည်း 200-megapixel camera အထိ ထောက်ပံ့ပေးလာမှာဖြစ်ပြီး 8K 30fps video recording ကိုပါ ထောက်ပံ့ပေးလာမှာပါ။

Image result for snapdragon 865

Snapdragon 765/765G 5G တို့မှာ 5G modem ပါ၀င်လာမှာပါ။ ဒါပေမယ့် Snapdragon X52 5G modem မှာရတဲ့ Download ှpeeds 3.7Gbits/s ထက်တော့ အနည်းငယ်ပိုနှေးပါတယ်။ X52 5G modem ဟာ Sub-6 5G networks တွေမှာသာ အလုပ်လုပ်ပါတယ်။ SD765/765G တို့ဟာ ပိုအဆင့်မြင့်တဲ့ AI processing နဲ့ သီးသန့် Snapdragon Elite Gaming experiences တွေကိုပေးနိုင်မှာပါ။

Xiaomi နဲ့ OPPO တို့ဟာ Snapdragon 865 ပါ၀င်လာမယ့်ဖုန်းကို 2020 ပထမ ၄လ အတွင်းထုတ်လာမယ်လို့ အတည်ပြုထားပါတယ်။ Xiaomi Mi 10 ဟာ SD865 ပထမဆုံးပါ၀င်လာမယ့်ဖုန်းဖြစ်လာမယ်လို့ Xiaomi ကအတည်ပြုထားပါတယ်။ Motorola မှာလည်း နောက်နှစ်မှာထွက်လာနိုင်တဲ့ အမည်မသိ Flagship ဖုန်းမှာ Snapdragon 865 ပါ၀ငါလာမယ်လို့ အတည်ပြုထားပါသေးတယ်။

Image result for snapdragon 865

Redmi K30 နဲ့ OPPO Reno 3 တို့ဟာ ပထမဆုံး Snapdragon 765 5G chipset ပါ၀င်လာမယ့် ဖုန်းတွေဖြစ်လာမှာပါ။ HMD Global ၊ LG ၊ Motorola ၊ OPPO ၊ Realme ၊ Redmi နဲ့ Vivo စတဲ့ ကုမ္ပဏီတွေဟာလည်း 2020 မှာ Snapdragon 765 ပါတဲ့ 5G ဖုန်းတွေထုတ်လာမယ်လို့ အတည်ပြုထားပါတယ်။

Qualcomm ကတော့ Snapdragon 865 ၊ Snapdragon 765 နဲ့ Snapdragon 765 5G Chipsets တွေရဲ့ အသေးစိတ်အချက်တွေကို ဖော်ပြခဲ့ခြင်းမရှိသေးပါဘူး။ 2019 Snapdragon Tech အစည်းအ‌ဝေးရဲ့ ပထမရက်မှာ ကုမ္ပဏီဟာ 3D Sonic Max လို့ခေါ်တဲ့ Ultrasonic in-screen fingerprint scanning technology အသစ်ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။ အဲ့တာဟာ 30mm x 20mm ရှိတဲ့ fingerprint scanning area ထက် အကျယ် 17 ဆ ပေးနိုင်မှာပါ။ ထိုနည်းပညာပါ၀င်မယ့် Devices တွေဟာ လက်ချောင်းနှစ်ခုကို တစ်ပြိုင်နက် Scan လုပ်ပေးပြီး အတည်ပြုပေးနိုင်မှာပါလို့ သိရပါတယ်။

Ref: Gizmochina