fbpx

This is digital planet.

GlobalizationQualcommTech News

5G ပါလာနိုင်တဲ့ Snapdragon 600 နဲ့ 700 Series ကိုထုတ်လာမယ်လို့ Qualcomm အတည်ပြု

ဒီနှစ်မှာ 5G ရဲ့ ပထမဆုံး ‌‌ခြေလှမ်းတွေကို စတင်ခဲ့နိုင်ပြီး နောက်နှစ် 2020 မှာ 5G အတိုင်းအတာဟာ ကျယ်ပြန့်လာတော့မှာပါ။ အခုလက်ရှိ သင့်မှာ 5G Network ကို Access ရှိခဲ့ရင် ရွေးချယ်စရာ Devices တွေမှာ ကန့်သတ်ထားတာတွေရှိပါတယ်။ ပြီးတော့အဲ့ Devices တွေဟာ ဈေးကြီးပါတယ်။ အဲ့ပြဿနာကို Qualcomm က 5G ပါ၀င်လာမယ့် Snapdragon 600 နဲ့ 700 Series အသစ်ကို နောက်နှစ်မှာ မိတ်ဆက်ရင်း ဖြေရှင်းလာတော့မှာပါ။

Snapdragon 800 Series ဟာ ပထမဆုံး 5G ဖုန်းအသုတ်မှာသုံးနေပြီဖြစ်ပြီး နောက်နှစ်အတွက် အဲ့အတိုင်းပဲ ဆက်လက်သုံးဖို့ရှိနေပြီး Qualcomm က 5G ကို ‌ဈေးသက်သာတဲ့ ဖုန်းတွေအထိ 5G ကို ချဲ့လာချင်နေပါတယ်။

OPPO ၊ realme ၊ Redmi ၊ Vivo ၊ Motorola ၊ HMD နဲ့ LG စတဲ့ Smartphone Companies တွေမှာ Qualcomm ရဲ့ မကြာခင်ထွက်ရှိလာတော့မယ့် Midrange Snapdragon 700 series အသစ်ကို သုံးလာဖို့ရှိနေပါတယ်။ အဲ့ Chipsets တွေမှာ 7nm process နဲ့ ပြုလုပ်ဖို့ရှိနေပြီး ကြော်ငြာအနေနဲ့ Q4 2019 မှာ ထွက်လာနိုင်ပါတယ်။ အဲ့အပြင် Snapdragon 600 series မှာလည်း full 5G experience ကို 2020 နှစ်လယ် လောက်မှာ ရလာနိုင်မယ်လို့သိရပါတယ်။ ဒါဆိုရင် Mid Range ဖုန်းတွေနဲ့ ‌ Entry Level Devices တွေမှာ 5G ကိုမျှော်လင့်လို့ ရတော့မှာပါ။

Qualcomm က သူတို့ရဲ့ ကျယ်ပြန့်လာမယ့် 5G portfolio ဟာ တစ်ကမ္ဘာလုံးရဲ့ အဓိက ဒေသတွေမှာ Support လာမယ်လို့ အသေးစိတ် ဖော်ပြထားပါတယ်။ အဲ့အပြင် mmWave နဲ့ sub-6Ghz spectrum networks တွေရဲ့ ဖြေရှင်းချက်တွေကို ပေးလာမှာပါ။ နောက်လတွေမှာ အဲ့ Chipsets. အသစ်တွေရဲ့ Details ကိုတွေ့လာရနိုင်ပါတယ်။

Ref: GSMArena