fbpx

This is digital planet.

HuaweiTech News

5G ဖုန်းအပြင် 8K resolution ရှိတဲ့ 5G TV ကိုပါ မိတ်ဆက်ဖို့ပြင်ဆင်နေတဲ့ Huawei

Huawei ကတော့ ကမ္ဘာ့ပထမဆုံး 8K resolution ရှိတဲ့ 5G TV ကို မိတ်ဆက်ဖို့ပြင်ဆင်နေပါတယ်။ Huawei ရဲ့ နည်းပညာတွေကတော့ ယခုနှစ်အတွင်းမှာ ကုန်ပစ္စည်းအသစ် ကို မိတ်ဆက်နိုင်ဖို့အတွက် တဖြေးဖြေးချင်း စီစဉ်နေပါပြီ။ Company ကတော့ Samsung နဲ့ Apple တို့လိုမျိုး စမတ်ဖုန်းအပြင် တခြားသော IOT ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး ကံစမ်းကြည့်ချင်နေတဲ့ သဘောမှာ ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာ့ပထမဆုံး 5G အသုံးပြူနိုင်မယ့် TV ကို ထုတ်လုပ်နိုင်ဖို့အတွက် စီစဉ်လျက်ရှိနေပါတယ်။ Huawei က နောက် ၃ နှစ် အတွင်းမှာ PC ထုတ်လုပ်သူစာရင်းရဲ့ ထိပ်ဆုံး ၅ နေရာမှာ ပါဝင်နိုင်ဖို့အရေး အပြင်းအထန် ရည်ရွယ်ထားပုံ ရပါတယ်။

သတင်းထုတ်ပြန်ချက်များအရ Huawei ဟာ 8k display နဲ့အတူ smart features တွေအများကြီး ပါဝင်ပြီး 5G အသုံးပြုနိုင်မယ့် TV တွေကို မိတ်ဆက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ TV မှာဆိုရင် ကြည့်ရှုသူတွေအနေနဲ့ 360-degree video တွေ VR content တွေနဲ့ တခြားသော resolution မြင့်တဲ့ Videos တွေကိုကြည့်ရှုနိုင်တော့မှာပါ။

Image result for Huawei 5g 8k tv

5 G အသုံးပြုနိုင်မှုကို ထည့်တွက်မယ်ဆိုရင်တော့ Huawei TV တွေဟာ အိမ်သုံး စမတ် ပစ္စည်းတွေရဲ့ center point ဖြစ်လာနိုင်ပါတယ်။ 5G TV ကတော့ အခုလက်ရှိ အိမ်သုံး TV လောကမှာ နာမည်ရနေတဲ့ Samsung အတွက် ပြိုင်ဘက်ကောင်းဖြစ်လာနိုင်ပါတယ်။ Samsung နဲ့ Huawei တို့ကတော့ စမတ်ဖုန်းလောကမှာလည်း သူတပြန် ကိုယ်တပြန် ပဲ ဆိုတော့ TV ဈေးကွက်မှာပါ Samsung ရဲ့ နေရာကို လိုက်လုတော့မယ့်ပုံပေါ်ပါတယ်။

8K TV တွေကို မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Samsung မှာတော့ 5G အသုံးပြုနိုင်မယ့် TV တွေ ကို ထုတ်လုပ်ဖို့ စာရင်းထဲတောင် မရှိသေးပါဘူး။ 5G TV ကို ကြေငြာမယ့် ကိစ္စရပ်နဲ့ အတူ Huawei ဟာ PC ဈေးကွက်မှာလည်း နေရာကောင်းရနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ PC ထုတ်လုပ်သူများစာရင်းရဲ့ ထိပ်သီး ၅ ယောက်ထဲမှာလည်း ပါဝင်နိုင်ဖို့အတွက် ရည်ရွယ်ထားတယ်ဆိုတာ သံသယဖြစ်စရာကို မလိုတော့တာပါ။ Huawei ဟာ တင်ပို့ရောင်းချမှုနှုန်းကိုလည်း 3 ဆ အထိ တိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။

Samsung ရဲ့Q900 8K က $70000 နီးပါး ရှိတဲ့အတွက် ဒီ Huawei ရဲ့ 8K TV ကြီးက တော်တော်ကို ဈေးကြီး နေအုံးမှာပါ ။

Ref: Gizbot