fbpx

This is digital planet.

RedmiTech News

5G Dual-mode ဖုန်း Redmi K30 December မှာထွက်ရှိလာမယ်လို့ Xiaomi CEO ပြောကြား

Xiaomi Developers Conference ဟာ ဒီနေ့ China, Beijing မှာကျင်းပခဲ့ပြီး ပွဲမှာ Xiaomi CEO Lei Jun က 5G ဖုန်းတွေထုတ်ရန်အတွက် ကုမ္ပဏီရဲ့ အခြေအနေကို သုံးသပ်ခဲ့ပါတယ်။ Jun ဟာ 5G Dual Mode ထောက်ပံ့လာမယ့် K30 ဟာ December လမှာ တရား၀င်မိတ်ဆက်လာမယ်လို့ ကြေညာခဲ့ပါတယ်။

December မှာ ‌Redmi K30 ကိုမိတ်ဆက်မယ်လို့‌ဆိုထား‌သော်လည်း Jun အနေနဲ့ ဖုန်းရဲ့ အချက်အလက်တွေကို ‌ဖွင့်ချထားခြင်းမရှိပါဘူး။ Redmi General Manager ဖြစ်တဲ့ Lu Weibing ရဲ့ Weibo မှာတင်ထားတဲ့ post အရ K30 ဟာ နောက်နှစ်မှာထွက်လာမယ်လို့သိရပါတယ်။ ဖြစ်နိုင်တာက Redmi K30 ဟာ နောက်လမှာ ထွက်လာနိုင်ပြီး Redmi K30 Pro ကတော့ 2020 အစောပိုင်းမှာ ထွက်လာနိုင်ပါတယ်။

Xiaomi Developer Conference 2019

မကြာသေးခင်က ကျင်းပခဲ့တဲ့ China Mobile Global Partners Conference မှာလည်း ဈေး 2,000 Yuan (~$285) အထက်ရှိတဲ့ဖုန်းတွေမှာ 5G ထောက်ပံ့လာမယ်လို့ Jun ကဆိုခဲ့ပါသေးတယ်။ နောက်ထပ်လည်း ကုမ္ပဏီအနေနဲ့ 2020 မှာ အနည်းဆုံး 5G ဖုန်း 10 လုံး ထုတ်လာမယ်လို့ ထုတ်ပြန်ခဲ့ပါ‌တယ်။ အဲ့အပြင် Xiaomi ဟာ 2020 ပထမနှစ်၀က်မှာ ဈေးသက်သာတဲ့ 5G ဖုန်းတွေ ထုတ်လာမှာပါ။

Redmi K30 ဟာ standalone (SA) နဲ့ non-standalone (NSA) dual-mode 5G ကိုထောက်ပံ့ပေးလာမယ့် Xiaomi ရဲ့ပထမဆုံး ဖုန်းဖြစ်လာမှာပါ။ ဖုန်းမှာ dual front-facing cameras အတွက်‌ ဆေးတောင့်ပုံစဲ punch-hole display design ကိုသုံးထားမှာဖြစ်တဲ့အတွက် Xiaomi မှာ punch-hole display ပါ၀င်လာမယ့်ပထမဆုံးဖုန်းဖြစ်လာမှာပါ။

Redmi K30 leaked photo

Punch-Hole Display ဟာ ပြီးပြည့်စုံလာပြီး ခိုင်ခံ့လာတဲ့အတွက် Redmi အနေနဲ့ Punch-Hole Display ကိုသုံးလာမှာ ဖြစ်တယ်လို့ Weibing ကဆိုထားပါတယ်။ ပေါက်ကြားခဲ့တဲ့ ပုံတစ်ပုံမှာ Dual Cameras ကို မြှုပ်ထားတဲ့ ထူးဆန်းတဲ့ ဖုန်းကိုကိုင်ထားတဲ့ လူရဲ့ ပုံတစ်ပုံ Weibo မှာ ပေါ်ထွက်လာပါတယ်။ ထိုပုံမှာပါတဲ့ဖုန်းဟာ Redmi K30 ဖြစ်လာမယ်လို့ ယုံကြည်ထားကြပါတယ်။ ဖုန်းရဲ့ တစ်ခြားအချက်‌တွေကတော့ ပေါက်ကြားလာခြင်းမရှိသေးပါဘူး။

Redmi Snapdragon 7 series phone

Redmi K30 မှာ MediaTek 5G chipset သုံးလာဖို့ မျှော်မှန်းရပါတယ်။ သို့‌သော်လည်း MediaTek Chipset အစား Qualcomm 5G chipset ကိုသုံးလာနိုင်ပါတယ်။ အကြောင်းကတော့ Qualcomm ဟာလည်း Weibo Post ကနေ Snapdragon 7 series dual-mode 5G SoC ကို မိတ်ဆက်ခဲ့လို့ပါ။ Redmi ဟာ ထို Post ကို ပြန်တင်ခဲ့ပြီး ထို Chipset သုံးလာမယ့် ပထမ Product အစုကို ထုတ်လာမယ်လို ဖော်ပြထားပါတယ်။ အဲ့သတင်းအရ Redmi K30 5G မှာ Snapdragon 735 5G chipset ကိုအသုံးပြုလာနိုင်ပါတယ်။

Ref: Gizmochina