fbpx

This is digital planet.

Tech NewsXiaomi

43 သိန်းတန် Mi Mix Alpha

ဖုန်းတစ်ခုလုံးနီးပါးလွှမ်းခြုံထားတဲ့ Diplay နဲ့ 108MP camera ပါ၀င်လာမယ့် Xiaomi Mi Mix Alpha ရဲ့ ပထမဆုံး ပုံရိပ်များ ပေါ်ထွက်လာ

Image result for mi mix alpha

Xiaomi ဟာ သူတို့ရဲ့ Mix lineup အတွက် စိတ်၀င်စားဖို့ အကောင်းဆုံး နည်းပညာတွေကို အမြဲ စုထားတတ်ပါတယ်။အခု Mi Mix Alpha မှာလည်း wrap-around display ၊ 108 MP camera နဲ့ Qualcomm ရဲ့ နောက်ဆုံးပေါ် Chipset တို့ပါ၀င်လာတဲ့အတွက် စိတ်ပျက်ရမှာမဟုတ်ပါဘူး။

Xiaomi Mi Mix Alpha 5G Design

Xiaomi Mi Mix Alpha ဟာ ကမ္ဘာ့ပထမဆုံး ဖုန်းတစ်ခုလုံးနီးပါလွှမ်းခြုံထားတဲ့ curved display ပါ၀င်တဲ့ ပထမဆုံးဖုန်းပဲဖြစ်ပါတယ်။ Back မှာ Camera အတွက်ချန်ထားတဲ့ နေရာကလွဲလို့ နောက်ဘက် Sides တွေအပါ၀င် ဖုန်းတစ်ကိုယ်လုံးမှာ Display က ၀န်းရံထားပါတယ်။ အဲ့ Display ဟာ Display တစ်ခုတည်းသာဖြစ်ပြီး Screen to body ratio 180.6 % ရှိပါတယ်။ အဲ့လိုဖြစ်စေရတာက အပေါ် နဲ့အောက်မှာရှိတဲ့ ကျဉ်းတဲ့ 2.15mm bezels တွေကြောင့်ပါ။

ဖုန်းဟာ 4D surround display ခေတ်အသစ်အတွက် လမ်းစဖွင့်ပေးလိုက်ပါပြီ။ဒါပေမယ့် အဲ့အယူအဆကို လက်တွေဘ၀ထဲယူဆောင်လာဖို့က မလွယ်ကူပါဘူး။ အဲ့အတွက် Xiaomi အနေနဲ့ full-screen wraparound design ရဖို့ ဖြေးရှင်းချက် တော်တော်များများကိုသုံးခဲ့ရပါတယ်။

ဖုန်းမှာ ပေါ့ပါးပြီး ခိုင်ခံတဲ့ Titanium frame ကိုသုံးပေးထားပါတယ်။ ဖုန်းရဲ့ နောက်ဘက် Camera ထည့်ထားတဲ့ နေရာကိုတော့ black precision ceramic material နဲ့ပြုလုပ်ပေးထားပါတယ်။ Back မှာပါတဲ့ triple cameras ကို ကုတ်ရာ ခြစ်ရာ တွေခံနိုင်ဖို့ sapphire glass နဲ့ကာကွယ်ပေးထားပါတယ်။ Triple Cameras ပါ၀င်တဲ့ ထောင့်မှန်ပုံစံ ကျဉ်းမြောင်းတဲ့နေရာမှာ antennas connectivity modules for Wi-Fi ၊ 5G ကိုထည့်ပေးထားပါတယ်။

အဲ့လို Premium Materials တစ်ပိုင်းတစ်စကနေ Mi Mix Alpha ဟာ သူ့ရဲ့ ဖုန်း Design မှာ ကြုံတွေလာရမယ့် စိန်ခေါ်မှုတွေအတွက် ဖြေရှင်းချက်များ ပါ၀င်လာပါတယ်။

ဥပမာ ဘေးဘက်မှာ ခလုတ်တွေထည့်လို့ မရတော့တဲ့အတွက် ဖိအားကိုတုန့်ပြန်မယ့် sides ကိုအသုံးပြုလာပါတယ်။အဲ့တာက Mate 30 Pro ကပုံစံနဲ့တူပါတယ်။ အဲ့အပြင် အသံအတွက် Display acoustic technology ကိုသုံးပေးထားပါတယ်။

Image result for mi mix alpha

Mi Mix Alpha Specs & Hardware

Xiaomi အနေနဲ့ Mi Mix Alpha နဲ့ပတ်သတ်ပြီး အသေးစိတ် specifications ကိုဒီနေ့ပွဲမှာ မဖော်ပြသွားပါဘူး။ 5G dual SIM support လာမယ့် Snapdragon 855+ processor အသုံးပြုလာမယ်လို့ Company က အတည်ပြုထားပါတယ်။ 12GB of RAM နဲ့ 512GB of UFS 3.0 storage version ပါလာဖို့ရှိနေပါတယ်။4050mAh Battery ကိုသာသုံးပေးထားပြီး Mi 9 Pro လို 40W fast charging ကို Support ပေးထားပါတယ်။

Xiaomi Mi Mix Alpha Camera

Xiaomi Mi Mix 5G ဟာ ကမ္ဘာပေါ်မှာ 100MP+ resolution camera sensor ကိုသုံးလာမယ့် ပထမဆုံး ဖုန်းပဲဖြစ်ပါတယ်။ အဲ့လိုသုံးလာနိုင်ဖို့ Samsung ISOCELL Bright HMX 108MP camera sensor ကိုအသုံးပြုထားပါတယ်။ အဲ့ Sensor ဟာ Samsung နဲ့ Xiaomi ပေါင်းပြီး ပြုလုပ်ထားပါတယ်။ အဲ့အတွက် Xiaomi Mi MIX Alpha မှာ ပထမဆုံးတွေလာရတာ မဆန်းပါဘူး။

Mi Mix Alpha မှာပါတဲ့ 108MP primary sensor ဟာဘ1/1.33″ sensor နဲ့ တော်တော်ကြီးပါတယ်။ 12032 x 9024-pixel resolution images တွေကိုထုတ်ပေးနိုင်ပြီး Details တော်တော်လေးကောင်းပါတယ်။ 8X zoom မှာတောင် ပုံတွေဟာ Details ကောင်းနေသေးပါတယ်။

Image result for mi mix alpha

108MP primary sensor ကိုw 2x optical zoom နဲ့ 20MP ultra-wide-angle camera lens with 117° FOV နဲ့ထောက်ပံပေးထားပါတယ်။ အဲ့ Triple Camera Setup မှာ 1.5cm macro photography ကို Support ပေးထားပါတယ်။ four-axis OIS, Laser focus နဲ့ flicker sensor စတဲ့ Features တွေလည်းပါ၀င်ထားပါတယ်။

တစ်ခုသတိပေးချင်တာက ဖုန်းဟာ CNY19,999 (မြန်မာငွေ ၄၃ သိန်း) ရှိပါတယ်။ အဲ့ဈေးဟာ Samsung Galaxy Fold နဲ့ မထွက်ရှိသေးတဲ Huawei Mate X တို့ထက်ဈေးပိုကြီး‌နေပါတယ်။ ဖုန်းကို ဒီနှစ်အကုန်လောက်မှာ အများအပြားထုတ်လုပ်လာမယ်လို့ သိရပါတယ်။

Ref: Gizmochina