This is digital planet.

realmeTech News

64MP Quad rear cameras နဲ့ Realme XT တရား၀င်ထွက်ရှိလာ

Redmi မှာ 64MP primary camera sensor ပါ၀င်ထားတဲ့ Redmi Note 8 Pro ကိုမကြာ‌သေးခင်က မိတ်ဆက်ခဲ့ပါတယ်။ ဒီနေ့ Realme ဟာ Realme XT smartphone ကို India မှာမိတ်ဆက်ခဲ့ပြီး India မှာ ပထမဆုံး 64MP ကိုသုံးလာတဲ့ ဖုန်းဖြစ်လာပါတယ်။

Realme XT မှာ 6.4-inch Full HD+ AMOLED display ကိုသုံးပေးထားပြီး Screen Resolution 2340 x 1080 pixels ရှိပါတယ်။ အပေါ်ဘက်မှာ Gorilla Glass 5 protection နဲ့အုပ်ပေးထားပါတယ်။ ဖုန်းမှာ in-display fingerprint sensor ကိုလည်း အသုံးပြုပေးထားပါတယ်။ 10nm process ကိုသုံးပြီး နဲ့ပြုလုပ်ထားတဲ့ Qualcomm Snapdragon 712 AIE octa-core processor ကိုသုံးပေးထားပါတယ်။

4GB RAM, 64GB internal storage ၊ 6GB RAM, 64GB internal storage နဲ့ 8GB RAM ,128GB internal storage ဆိုပြီး Version သုံးမျိုးရှိပါတယ်။ အဲ့အပြင် SD Card ကို 256GB အထိစိုက်လို့ရမှာပါ။

ဖုန်းရဲ့ စိတ်၀င်စားဖွယ်အကောင်းဆုံးက Camera ပိုင်းပဲဖြစ်ပါတယ်။ ဖုန်းရဲ့နောက်ဘက်မှာ 64-megapixel Samsung ISOCELL Bright GW1 primary sensor with 0.8μm pixel size and f/1.8 aperture ပါ၀င်ထားတဲ့ quad-camera setup ကိုသုံးပေးထားပါတယ်။ Primary Camera ကို 8-megapixel 119 degree ultra-wide-angle lens ( f/2.25 aperture and 1.12μm pixel size) ၊ 2-megapixel depth sensor ( f/2.4 aperture, 1.75μm pixel size) နဲ့ နောက်ဆုံး 2-megapixel macro sensor (f/2.4 aperture and 1.75μm pixel size) စတဲ့ Lens တွေနဲ့တွဲပေးထားပါတယ်။

ဖုန်းရဲ့ ရှေ့ဘက်မှာတော့ Selfie နဲ့ Video Calling အတွက် 16-megapixel Sony IMX471 sensor (f/2.0 aperture) ကိုအသုံးပြုပေးထားပါတယ်။ Super Linear Speaker ၊ Super Power Amplifier နဲ့အတူ Dolby Atmos ကို Support ထားပါတယ်။

Android 9 Pie operating system နဲ့ Dark Mode, Font Customisation, Digital Wellbeing, App Clone နဲ့ တစ်ခြား Features တွေပါ၀င်ထားတဲ့ ColorOS 6 ကို Run ပေးထားပါတယ်။ ဖုန်းရဲ့ Connectivity options မှာ Dual 4G VoLTE, Wi-Fi 802.11 b/g/n/ac, Bluetooth 5, GPS + GLONASS နဲ့ USB Type-C port စတာတွေပါ၀င်ထားပါတယ်။ 4,000mAh battery ကိုသုံးထားပြီ 20W fast charging ကို support ထားပါတယ်။

ဈေးနှုန်းကတော့

4GB RAM + 64GB storage: ₹15,999 (~$225)
မြန်မာ‌ငွေ ၃ သိန်းခွဲ ၀န်းကျင်
6GB RAM + 64GB storage: ₹16,999 (~$239)
မြန်မာ‌ငွေ ၃ သိန်း ၇သောင်း ၀န်းကျင်
8GB RAM + 128GB storage: ₹18,999 (~$268)
မြန်မာ‌ငွေ ၄ သိန်း၀န်းကျင် နဲ့ India မှာ 16th September အတွင်း Flipkart ကနေ ၀ယ်လို့ရမှာပါ။

Ref: Gizmochina