fbpx

This is digital planet.

SamsungTech News

International က Galaxy S10 User တွေအတွက် Android 10 Beta ကို Samsung မှထုတ်ပေး

Samsung က နောက်ဆုံးမှာတော့ Android 10 Beta ကို International က User တွေဖြစ်တဲ့ Galaxy S10, S10e, S10+ နဲ့ S10 5G အတွက် ထုတ်လိုက်ပါပြီ။ Android 10 Firmware က တောင်ကိုရီးယားမှာ ရတာ နည်းနည်းကြာသွားပြီဆိုပေမဲ့ အခုမှ International Users တွေအတွက် Gesture Navigation. Focus Mode နဲ့ One UI အသစ်တွေပါ၀င်တဲ့ Beta Firmware ကို စမ်းသပ်ဖို့ ထုတ်ပေးလိုက်တာဖြစ်ပါတယ်။

၎င်း Features အသစ်တွေပါ၀င်တဲ့ Firmware မှာ Minimized Pop-up တွေ၊ ရိုးရှင်းလှပသပ်ရပ်တဲ့ Button Arrangement တွေ ပါ၀င်တဲ့ Notification Management ပိုင်းမှာ ပိုတိုးတတ်လာတွေ ပါ၀င်လာပါတယ်။ Design အသစ်မှာဆိုရင် gaming ဆော့နေတဲ့အချိန်မှာ အ၀င် Call ခေါ်ဆိုမှုတွေကဲ့သို့ media consumption မှာ အနှောက်အယှက်မဖြစ်အောင် သိသိသာသာ ပိုသေးထားတာကိုတွေ့ရမှာပါ။ အခြား volume control HUD အနည်းငယ် slim ဖြစ်အောင် သေးထားတာကိုတွေ့ရမှာပါ။

Dark mode ပါ၀င်ပြီးသားဖြစ်သလို Wallpaper Brightness Dimming လုပ်တာကိုလည်း Support လုပ်ထားပါတယ်။ ပြီးတော့ စာတွေကို လွယ်လွယ်ကူကူဖတ်လို့အောင်လို့ Text တွေ၊ Color တွေ၊ Notification တွေ၊ Lock Screen မှာ ရှိတဲ့ Clock ကအစ Adjust လုပ်နိုင်မှာဖြစ်ပါတယ်။

Android 10 ရဲ့ Feature အသစ်တစ်ခုဖြစ်တဲ့ Focus Mode ပါ၀င်လာပါတယ်။ ၎င်း Mode က သတ်မှတ်ထားတဲ့ အချိန်မှာ အခြား App တွေအပေါ် အာရုံမပြန့်စေပဲ ကိုယ်သုံးချင်တဲ့ App မှာပဲ အာရုံစိုက်နိုင်အောင် Limited လုပ်ပြီး သုံးတာဖြစ်ပါတယ်။ Digital Wellbeing အတွက်လည်း ပိုလှပတဲ့ Design အသစ်နဲ့ pattern တွေကို လွယ်ကူအောင် ပြုလုပ်ထားပါတယ်။

ကျွန်တော်တို့ မြန်မာပြည်က Galaxy S10 User တွေလည်း Android 10 Beta စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် Samsung Member app မှာ register လုပ်ထားဖို့တော့ လိုအပ်ပါတယ်။ Early beta ဖြစ်လို့ error တွေရှိနိုင်လို့ စမ်းသပ်အသုံးပြုချင်တဲ့သူတွေမှသာ သုံးသင့်ပါတယ်။

Ref: GSMArena