fbpx

This is digital planet.

Tech NewsXiaomi

Mi Note 10 မှာလည်း 108MP နဲ့ Penta Camera ပါမည့်ကြောင်း Xiaomi Tease လုပ်

Xiaomi ရဲ့ Mi Note 10 ပြန်လာမယ်လို့ သတင်းအပိုင်းအစလေးတွေ ထွက်နေတဲ့အချိန်မှာ Xiaomi က 108MP နဲ့ ကင်မရာ ၅ လုံးပါ၀င်မယ်လို့ တရား၀င်ချပြသွားပါတယ်။ Mi Note 10 က မကြာသေးခင်မှာ Pro Version အတွက် ထိုင်းနိုင်ငံမှာ Certified ဖြစ်သွားပြီး တရုတ်ပြည်ပအတွက်လည်း ရရှိနိုင်မည့် ဖုန်းပဲဖြစ်ပါတယ်။ အခုတရား၀င်ချပြတဲ့ ပုံအရ စက်၀ိုင်း ၅ ခုကို တွေ့ရပြီး ကြီးမားတဲ့ စက်၀ိုင်း ၂ ခုနဲ့ သေးငယ်တဲ့ စက်၀ိုင်း ၃ ခုကိုမြင်တွေ့ရတာဖြစ်ပါတယ်။

ဒီ Teaser ကို Xiaomi ရဲ့ Official account ကနေ့ တင်ခဲ့တာဖြစ်ပါတယ်။ Mi Note Series ပြန်လာမယ်လို့ Confirm ရုံသာမက ကမ္ဘာ့ ပထမဦးဆုံး 108MP Penta camera phone လို့ လည်း ကြွားလုံးထုတ်ခဲ့ပါတယ်။

မနေ့ကလည်း Mi CC9 Pro မှာ 108MP ပါမယ်ဆိုပြီး Teaser တွေထွက်ခဲ့သလို November 5 ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ Mi CC9 Pro လည်း ပဲ Penta camera ပါ၀င်မယ်လို့ ကြားသိရပြီး ဖြစ်နိုင်တာက Mi Note 10 က Mi CC9 Pro ရဲ့ International version ဖြစ်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘယ်လိုပဲ Mi CC9 Pro နဲ့ Mi Note 10 တို့ ဆင်တူတဲ့ အချက်အလက်တွေ ပေါ်ထွက်နေပါစေ India Leaker သမားဖြစ်တဲ့ Mukul Sharma (@stufflistings) ပြောတာတော့ Mi CC9 Pro နဲ့ Mi Note 10 မှာ အချက်အလက် တော်တော်များများ တူပေမဲ့  SoC မှာတော့ ကွာခြားလိမ့်မယ်လို့ သိရပါတယ်။ ဖြစ်နိုင်ချေက Mi CC9 Pro က SD 730G ကို အသုံးပြုမှာ ဖြစ်ပြီး Mi Note 10 ကတော့ ပိုကောင်းတဲ့ SD 855 ကို သုံးနိုင်တယ်လို့သိရပါတယ်။

Ref: Gizmochina