fbpx

This is digital planet.

K News

7နှစ်ကြာလက်တွဲခဲ့တဲ့ အနုပညာအေဂျင်စီမှ ထွက်ခွာတော့မယ့် Song Joong Ki

သရုပ်ဆောင် Song Joong Ki ဟာ သူနဲ့ အတူ 7နှစ်ကြာလက်တွဲခဲ့တဲ့ Blossom Entertainment မှ ယခုနှစ်ကုန်ပိုင်းမှာ ထွက်ခွာတော့မှာဘဲ ဖြစ်ပါတယ်။

Song Joong Ki ဟာ 2013 ခုနှစ် Februaryလ မှာ Blossom Entertainment နှင့် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ဟာ ဒီနှစ် ဒီဇင်ဘာမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး Blossom Entertainment နဲ့ သရုပ်ဆောင် Sing Joong Ki ရဲ့ နှစ်ဦး သဘောတူညီချက်အရ နောက်ထပ် စာချုပ် အသစ် မချုပ်ဖြစ်တော့ကြောင်းကို ယနေ့ December 17 ရက်နေ့မှာ Blossom Entertainment မှ တာဝန်ရှိသူများက media တွေကို တစ်ဆင့်ပြောကြားခဲ့ပါတယ်။

ယခု လက်ရှိမှာတော့ အနုပညာ Agency တစ်ခုဖြစ်တဲ့ KakaoM မှ Song Joong Ki ကို စာချုပ်ချုပ်ဆိုရန် အတွက် ကမ်းလှမ်းထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် KakaoM မှ တာဝန်ရှိသူများက ထို သတင်းဟာ ကောလဟာလ တစ်ခုသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့ပါတယ်

New Source : Mydaily