fbpx

This is digital planet.

HonorHuaweiTech News

7nm+ နဲ့ 5G modem ပါ၀င်ထားတဲ့ Kirin 990 ကို Huawei မိတ်ဆက်

Huawei ကတော့ အစဉ်အလာအရ သူတို့ရဲ့ next-generation mobile SoC HiSilicon Kirin 990 ကို မိတ်ဆက်ခဲ့ပါတယ်။ Efficiency ပိုကောင်းလာဖို့ Kirin 990 မှာ TSMC နဲ့ပေါင်းထားတဲ့ 7nm FinFET Plus EUV အသစ်ကိုသုံးထားပါတယ်။ Apple ရဲ့ မကြာခင်ထွက်ရှိလာတော့မယ့် A13 Chipset မှာလည်း အဲ့ Process ကိုပဲသုံးပေးထားပါတယ်။

လက်ရှိ Samsung မှာ 5G ပါ၀င်တဲ့ Exynos 980 SOC ကိုမကြာခင်က မိတ်ဆက်ထားသော်လည်း Huawei ရဲ့ Kirin 990 က ပထမဆုံးဈေးကွက်ထဲကို ရောက်ရှိလာနိုင်ပါတယ်။ 5G ရတဲ့ Chipset တွေမှာ 5G Moderms ကို SoC မှာတိုက်ရိုက်ထည့်ပေးထားပါတယ်။ Kirin 990 မှာတော့ 5G Modem တစ်ခါတည်းပါ၀င်လာပါတယ်။ အဲ့တာက အားစားမှုနဲ့ RAM အသုံးပြုမှုကို လျော့ချပေးပါတယ်။ Kirin 990 ဟာ ပထမဆုံး 10.3 billion transistors ကျော် ပါ၀င်လာတဲ့ SoC ဖြစ်ပါတယ်။

Kirin 990 ဟာ အခုလက်ရှိ Chipsets တွေကြားမှာ Powerful အဖြစ်ဆုံးနဲ့ အကျစ်လစ်ဆုံး SoC လို့ Huawei က ကတိပေးထားပါတယ်။ Kirin 990 ဟာ Qualcomm ရဲ့ Snapdragon 855 ထက် 26% ပိုသေးပြီး Samsung ရဲ့ Exynos 9820 ထက် 36% ပိုသေးပါတယ်။ SoC ရဲ့ အထဲက Processor မှာတော့ 2x big Cortex-A76 @2.86GHz ၊ 2x middle Cortex-A76 @2.36GHz နဲ့ 4x small Cortex-A55 @1.95GHz စုစုပေါင်း cores ၈ ခုပါ၀င်ပါတယ်။ အဲ့တာက Snapdragon 855 ထက် single-core tests မှာ 10 % ပိုသာပြီး multi core test မှာ 9% ပိုသာနေပါတယ်။ အောက်ကပုံကတော့ Geekbench က Results တွေပါ။

7nm+ EUV process ဟာ power efficiency ကို သင့်မြတ်အောင် ဆောင်ရွက်ပေးနိုင်ပြီး Qualcomm ရဲ့ solution နဲ့ယှဉ်လိုက်ရင် Kirin 990 ဟာ middle နဲ့ little cores ဟာ 35% နဲ့ 15% တိုးတက်လာပြီး 12% Big-Core efficiency မှာပိုကောင်းလာပါတယ်။ Graphics Task မှာတော့ Kirin 980 မှာသုံးထားတဲ့ Mali-G76 GPU ပဲသုံးထားပြီး Cores ၆ ခုထပ်ထည့်ပေးထားပြီး စုစုပေါင်း 16 cores ထိရှိလာပါတယ်။ Games အတွက် smart cache ကိုပေးနိုင်ပါတယ်။ GPU ကနေ DDR bandwidth ကို 15% ထိ improve ဖြစ်လာပြီး DDR ရဲ့ power consumption က 12% ထိ လျော့သွားပါတယ်။ နောက်ဆုံး Result က Adreno 640 ထက်ပိုကောင်း တဲ့ 6% ပိုကောင်းတဲ့ graphics performance ရှိပါတယ်။

AI part မှာလည်း Huawei ကတော့ တိုးတက်မှုတွေကို ပြုလုပ်ထားပါတယ်။ Quad-core NPU မှာ Da Vinci Architecture ကိုပြုလုပ်ပေးထားပြီး performance နဲ့ efficiency ကို တစ်ချိန်ထဲ ပိုကောင်းအောင်လုပ်ပေးထားပါတယ်။ သူ့မှာ အခုလက်ရှိ SoCs တွေရဲ့ သာမန် CPUs လို AI-demanding tasks အတွက် နဲ့ ပြင်းထန်လွန်းတဲ့ AI တွက်ခြင်းမဟုတ်တဲ့ Tiny-Core လို Same Logic ကိုသုံးပေးထားပါတယ်။

Huawei ကတော့ NPU (Network Processor Unit) ဟာ Real-Time Multi-Instance Segmentation အသစ်ကိုအခြေခံပြီး real-time videos တွေကိုပြသပေးနိုင်တဲ့အခါမှာ Powerful ဖြစ်တယ်လို့ဆိုထားပါတယ်။စိတ်၀င်စားဖို့ကောင်းတာ‌ကတော့ 5G SoC မရတဲ့ SoC မှာ Big Core + Tiny Core setup တစ်ခုပဲသုံးထားသေးပြီး အခု Kirin 990 ရဲ့ 5G Variant မှာ NPU အတွက် dual Big Core + Tiny core configuration ကို သုံးပေးထားပါတယ်။

နောက်ထပ် သူ့မှာ ကိုယ်ပိုင် HiAI platform ပါရှိပြီး NPU ဟာ Facebookရဲ့  Tensorflow နဲ့ Google ရဲ့ Android NN platforms နဲ့ပါလုပ်ဆောင်ပေးနိုင်ပါတယ်။ အဲ့အပြင် NPU ဟာ ပိုကောင်းတဲ့ Image Quality နဲ့ Features အသစ်တွေရဖို့ ISP နဲ့လုပ်ဖို့ထည့်ပေးထားပါသေးတယ်။ အဲ့ Features တွေထဲမှာ Dual-Domain video နဲ့ photo noise reduction ပါ၀င်ပါတယ်။ Video မှာ Chipset Kirin 990 ဟာ 8K HDR videos တွေကို 30fps မှာ Record လုပ်ပေးနိုင်မှာပါ။

Bluetooth connectivity ၊ ultra low-power applications နဲ့ audio decoding နဲ့ပတ်သတ်ပြီး processing နဲ့ power consumption မှာကူပေးဖို့ Huawei ဟာ Kirin A1 co-processor အသစ်ကို စတင်ထည့်ပေးထားပါတယ်။ အဲ့တာက power management unit အပေါ်မှာ မှီခိုပါတယ်။ အဲ့ Chipset ဟာ October လအတွင်းမှာ Mates Generation အသစ် – Huawei Mate 30 နဲ့ Mate 30 Pro နဲ့အတူ ဈေးကွက်ထဲမှာရောက်လာနိုင်ပါတယ်။ နောက်ထပ် တစ်ခြား Huawei ဖုန်းတွေနဲ့ Honor ဖုန်းတွေမှာ Kirin 990 ကိုသုံးလာနိုင်ပါတယ်။

Ref: GSMARENA