fbpx

This is digital planet.

NvidiaTech News

RTX 20 စီးရီးတွေထက် ၅၀ ရာခိုင်းနှုန်း မြန်ဆန်လာမယ့် 7nm Nvidia GPU

အခုဆိုရင် Las Vegas မြို့မှာ CES 2020 (Consumer Electronics Show) ပွဲကြီး ကျင်းပနေပါပြီ။ အစဥ်လာမပျက် ကျင်းပလျက်ရှိနေတဲ့ ဒီပွဲကြီးမှာဆိုရင် ကုမ္ပဏီတွေရဲ့ အကောင်းဆုံး နည်းပညာတွေ မြင်ရလေ့ရှိသလို Hardware အသစ်တွေကိုလည်း ထုတ်ပြလေ့ရှိပါတယ်။

Nvidia အနေနဲ့ Generation အသစ် Graphics နည်းပညာကို ၂ နှစ်လောက်ခြားပြီး မိတ်ဆက်တတ်တယ်ဆိုမယ့် ဒီစံနှုန်းကို ကျော်လွန်မှ ဖြစ်ပါတော့မယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဖက်ကြီး AMD က RDNA (Radeon DNA) Architecture အသုံးပြုထားတဲ့ NAVI GPU နဲ့ တပ်ချပ်မကွာ လိုက်နေလို့ပဲ ဖြစ်ပါတယ်။

RTX 20 Series GPU

RTX 20 Series GPU

နောက်တစ်ချက်ကတော့ PC အတွက် ၂၀၁၉ နိုဝင်ဘာလထဲ ထွက်ရှိလာတဲ့ Red Dead Redemption 2 Graphics နည်းပညာက တချိန်တုန်းက Crysis 3 (2013) လို GPU တွေရဲ့ အရှေ့ကို ရောက်နှင့်နေပါတယ်။

ဆိုလိုတာ စွမ်းဆောင်ရည် အကောင်းဆုံး RTX 2080 Ti တောင် 1080p Setting မှာ 60fps မတွန်းပေးနိုင်ပါဘူး။ ဂိမ်းကိုယ်တိုင်လည်း Technical ပြဿနာတွေ ကြုံတွေနေရသလို စံနှုန်းတစ်ခု သတ်မှတ်ဖို့ 7nm Nvidia GPU ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

ခိုင်မာတဲ့ သတင်းတွေအရ လက်ရှိ RTX 20 စီးရီးကတ်တွေထက် ၅၀ ရာခိုင်နှုန်း မြန်ဆန်မယ်လို့ ပြောဆိုထားလို့ 4K Resolution မှာ 120fps အထိ ကိုင်တွယ်ပေးနိုင်မယ်လို့ သုံးသပ်ရပါတယ်။

Ray Tracing DEMO

Ray Tracing DEMO by Nvidia

Nvidia အနေနဲ့လည်း 7nm GPU ဟာ Ampere Architecture ကို အခြေခံထားမယ်လို့ ပြောထားတဲ့အတွက် Super ကတ်တွေလို အစားထိုးသွားမှာ မဟုတ်ပါဘူး။

CEO “Jensen Huang” အဆိုရ Ampere ကတ်တွေကို TSMC (FinFET) Process နဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး Production အပိုင်းကိုတော့ Samsung Electronics က ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

7nm ဖြစ်သွားတဲ့အတွက် Performance ပိုတိုးလာမှာဖြစ်သလို စွမ်းအင်သုံးစွဲမှုအပိုင်းမှာပါ ထက်ဝက်နီးပါး ကွာသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပမာပေးရရင် 125 ကနေ 150W ပါဝါသုံးစွဲမှုရှိနေတဲ့ RTX 2060 လိုကတ်မျိုးက Ampere လက်ထက်မှာ RTX 2080 Ti ကို ကျော်သွားမှာ ဖြစ်ပါတယ်။

RTX 2080 Super Graphics Card

Photo: Nvidia

အစောအနေနဲ့ မြင်ရနိုင်တာကတော့ ၂၀၂၀ မတ်လထဲမှာ Nvidia ကျင်းပသွားမယ့် GTC (Nvidia’s GPU Technology Conference) ပွဲပဲ ဖြစ်ပါတယ်။ အစဥ်လာအရ GTC မှာ Generation အသစ် မိတ်ဆက်လေ့ရှိသလို AI ၊ HPC နဲ့ Data Center မှာ အသုံးပြုထားမယ့် GPU တွေကို Nvidia အရင် ကြေညာလေ့ရှိပါတယ်။

Consumer Graphics ကတ်တွေကိုတော့ နှစ်လယ်ပိုင်းလောက်မှာ ထုတ်လေ့ရှိတဲ့အတွက် ဒုတိယ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) မှာမှ 7nm Ampere ကတ်တွေကို မြင်ရမှာပါ။ ထုံးစံအတိုင်း High-end တွေကိုပဲ မိတ်ဆက်တာဆိုတော့ ဖြစ်နိုင်ချေရှိတာက

RTX 3070 – 12GB VRAM
RTX 3080 – 12GB VRAM
RTX 3080 Ti – 16GB VRAM ကတ်တွေပဲ ဖြစ်ပါတယ်။

ဆိုတော့ Ampere မှာလည်း Ray Traching 2.0 နည်းပညာသစ် ပါဝင်လာမှာဖြစ်ပြီး လတ်တလော ပြိုင်ဖက်တွေ စမ်းသပ်နေတဲ့ နည်းပညာထက် ပိုကောင်းလာမယ်လို့ ယုံကြည်ရပါတယ်။

ASUS ROG Scar II

ROG Scar II (Tech Spot)

အရေးကြီးဆုံး မေးခွန်းကတော့ RTX 30 စီးရီးတွေဟာ အရင် Generation တွေထက် စျေးချိုမလား? ဥပမာ RTX 3060 ကတ်မျိုးက RTX 2080 Level စွမ်းဆောင်ရည်သွားနေရင်တော့ GPU စျေးကွက်ကြီးက သိသိသာသာကို Nvidia ဖက် တိမ်းညွတ်သွားမှာ သေချာပါတယ်။

ဒါကြောင့် Gaming Laptop ၊ Desktop ဝယ်ယူဖို့ စဥ်းစားထားရင် ခဏလောက် အောင့်အီးသည်းခံလိုက်တာ အကောင်းဆုံးဖြစ်တယ်လို့ အကြုံပြုချင်ပါတယ်။ ဘာလို့လဲဆိုတော့ Ampere နဲ့အတူ Intel လျှို့ဝှက်နည်းပညာတချို့ ထွက်ရှိလာဖို့ သတင်းပေါက်ကြားနေတော့ ၂၀၂၀ မှာ PC Gaming လောကကြီးက တမျိုးတဖုံ ပြောင်းလဲလာနိုင်ပါတယ်။

Source: TweaktownTechradarWccftech