This is digital planet.

Tech News

7nm ထုတ်ကုန်သစ်တွေ 2020 အားလပ်ရာသီမှာ ရောင်းချသွားမယ့် AMD

2020 ကိန်းဂဏန်းက ကုမ္ပဏီကြီးတွေအတွက် ယှဥ်ပြိုင်အား ပိုကောင်းစေတယ်လို့ သုံးသပ်ရသလို PS5 နဲ့ Xbox Series X တို့ မိတ်ဆက်လိုက်တဲ့ နှစ်ဆန်းပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ဒါကို PC Industry ဖက် နွယ်ပြီး ဒီသတင်းမှာ ဖော်ပြသွားမှာ ဖြစ်သလို ရည်ရွယ်ချက် ကြီးကြီးထားသူက AMD လို့ ဆိုရမှာပါ။ R&D အပိုင်း ဇောက်ချ လုပ်ကိုင်လာပြီးတဲ့နောက် Zen 2 Architecture အသုံးပြုထားတဲ့ Renoir 4000 Series Ryzen Processor တွေဟာ မျက်နှာပန်း လှပနေခဲ့တယ်။

Intel, Nvidia & AMD

တဖက်မှာလည်း Intel ကို တုပ်တုပ်မလှုပ်နိုင်အောင် နည်းပညာပိုင်း အသာစီး ရယူထားသလို ပြိုင်ဖက်ကြီး Green Team နဲ့ နွဲဖို့ပဲ ကျန်တော့တာပါ။

သိတဲ့အတိုင်း Nvidia အနေနဲ့ 7nm Process မှာ အခြေခံ ထုတ်လုပ်ထားမယ့် မျိုးဆက်သစ် Ampere Graphics နည်းပညာကို Consumer အတွက် ထုတ်ပေးတော့မှာ ဖြစ်သလို ခွန်းမတုံ့နိုင်ရင်တောင် ချေပဖို့ Radeon Family အတွက် တာဝန်ကျလာပြီ ဆိုရမှာပါ။

7nm Ryzen Desktop Processor

Image: Tech Spot

သတင်း အချက်လက် ပြန်စုဆောင်းရရင် စက်တင်ဘာလ (၂) ရက်နေ့မှာ Tiger Lake နဲ့ Rocket Lake-S နာမည်ရ 11th Generation Processor တွေကို Intel မိတ်ဆက်တော့မှာပါ။

Rocket Lake ကတော့ Desktop နွယ်မှာ ဖြစ်ပြီး Tiger Lake တွေကတော့ မိုဘိုင်း ပလက်ဖောင်းပေါ် ရောက်ရှိလာမှာပါ။ Speculation တွေအရ 11th Gen Chip တွေဟာ Redesign Cache နဲ့ Xe Graphics ပါဝင်လာမယ့် အားသာချက် တွေရှိနေပါတယ်။

New 7nm chips this summer

AMD အတွက် ဘယ်လိုလာမလဲ မသိရပေမယ့် CEO ကြီး Lisa Su အဆိုရ 7nm မှာပဲ အခြေခံ ထုတ်လုပ်ထားမယ့် Zen 3 Architecture နဲ့ RDNA2 (Big Navi) တို့ မြင်တွေ့ရမှာပါ။ အဆိုပါ Processor အသစ်နဲ့ GPU အသစ်တို့ဟာ Intel Chip နဲ့ Ampere ကတ်တို့နဲ့ ယှဥ် ဖိုက်ရမယ့် အနေထားပါ။

လက်ရှိ အခြေနေမှာတော့ RDNA2 ဟာ RDNA မျိုးဆက်ထက် 50% စွမ်းဆောင်ရည် ပိုကောင်းလာမယ့် သဘောမှာ ရှိနေပြီး တခါက ဖော်ပြဖူးတဲ့ Nvidia Chip တွေလို Ray Tracing နည်းပညာအပြင် Ampere က Turing ကို 50% Performance ပိုစွမ်းဆောင်နိုင်တဲ့ Comparison Fighting မျိုး ချပြလာနိုင်ပါတယ်။

CEO Lisa Su

Image: Serve the Home

အဆိုပါ AMD Products အသစ်တွေကို လာမယ့် အားလပ်ရက် ရာသီမှာ မြင်ရဖို့ ရှိနေပြီး PS5 နဲ့ Xbox Series X တို့ကိုလည်း တပြိုင်နက် ရောင်းချသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် PC Upgrade လုပ်မယ့်သူပဲ ဖြစ်စေ ၊ Console အသစ်ဆင်မယ့်သူပဲ ဖြစ်စေ 7nm Chip အသစ်တွေကို သုံးစွဲခွင့်ရတာ တပန်းသာမှာပါ။

PS5 & Xbox series X

တကယ်လို့သာ Ampere နဲ့ Tiger Lake တို့ ရောက်နှင့်နေခဲ့ရင် Intel တွက် ဗျာများစရာ မလိုပေမယ့် Nvidia Chip အသစ်က Consumer စျေးကွက်ကို ဆက်ထိန်းမယ့် သဘောမှာ ရှိနေပါတယ်။

Intel အနေနဲ့ 7nm Roadmap ကို 2022 ခုနှစ်အထိ အချိန်ဆွဲထားသလို မကြာသေးခင်က ပေါက်ကြားထားတဲ့ ကောလာဟလတွေအရ 5nm နဲ့ 3nm Chiplets တို့လည်း ပါဝင်နေပါတယ်။

PS5 & Xbox Series X

သို့ပေမယ့် မရေရာတဲ့ သတင်းဖြစ်သလို စမတ်ဖုန်းတွေချည်း ယှဥ်ပြိုင်အားကောင်း နေတာ မဟုတ်ဘဲ PC အပိုင်းမှာလည်း AMD လှုံ့ဆော်မှုကြောင့် Ryzen နဲ့ Intel Ultrabook အသစ် သို့မဟုတ် Ampere နဲ့ အတွဲမြင်ရမလားကိုပဲ စောင့်ကြည့်ရမှာပါ။

အခုလို 2020 နှစ်ကုန်ပိုင်းမှာ မြင်တွေ့ရနိုင်တာနဲ့ ပတ်သက်လို့ အစောပိုင်း ကာလတွေမှာ COVID-19 ကူးစက်ရောဂါကြောင့် နှောင့်နှေးမှု ဖြစ်ပွားခဲ့တယ်လို့လည်း AMD ဆိုထားပါတယ်။

Source: The VergeTech Radar