fbpx

This is digital planet.

8848Tech News

8848 Titanium M6 5G luxury ဖုန်းဟာ ပထမဆုံး Snapdragon 865 phone အနေနဲ့ မိတ်ဆက်

တရုတ် Luxury Smartphone ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်တဲ့ 8848 ဟာ သူတို့ရဲ့ အနာဂတ် အစီအစဉ်အတွက် ဆွေး‌နွှေးတဲ့ Event တစ်ခုကို Beijing မှာ ပြုလုပ်ခဲ့ပါတယ်။ ကုမ္ပဏီဟာ သူတို့ရဲ့ ၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကိုပါ ကျင်းပခဲ့ပြီး သူတို့ရဲ့ ပထမဆုံး 5G ဖုန်း 8848 Titanium M6 ကိုပါမိတ်ဆက်ခဲ့ပါတယ်။

8848 Titanium M6

8848 Titanium M6 ဟာ ပထမဆုံး 5G smartphone ဖြစ်ရုံသာမက Snapdragon 865 ကိုပါသုံးလာမယ့် ပထမဆုံးဖုန်းဖြစ်ပါတယ်။ ဖုန်းမှာ 6.01-inch AMOLED display ၊12GB RAM နဲ့ 1TB storage ပါရှိပါတယ်။ အဲ့အပြင် 100MP ပုံတွေကိုပါ ရိုက်နိုင်မယ့် 64MP camera ပါရှိထားပါတယ်။

M6 နဲ့ပက်သက်ပြီး တစ်ခြားသော အချက်တွေ‌ကိုတော့ ဖော်ပြလာခြင်းမရှိသေးပါဘူး။ အကြောင်းကတော့ Qualcomm ရဲ့ Snapdragon 864 Processor ရရှိလာမယ့် 2020 ပထမကွာတာမှသာ ထုတ်လုပ်မည့်ဖုန်း ဖြစ်ပါတယ်။ 8848 ဟာ 5G Zero Distance ဆိုတဲ့ အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး အဲ့အစီအစဥ်ဟာ 5G ကိုလွယ်လွယ်ကူကူပြောင်းလဲလာနိုင်ဖို့ ပုံစံထုတ်ထားပါတယ်။ 8848 ကတော့ အဲ့အစီအစဉ်ကို စာရင်းသွင်းဖို့ သူတို့ရဲ့ လက်ရှိဖုန်း 8848 Titanium M5 ကို၀ယ်ယူရမှာပါ။ M6 ကတော့ နောက်နှစ်မှသာ မိတ်ဆက်လာနိုင်ပြီး M5 ၀ယ်တဲ့ဈေးနဲ့ပဲ M6 ကို၀ယ်ယူလို့ရမှာပါ။

အဲ့အပြင် 8848 ဟာ သူတို့ရဲ့ Customers တွေအတွက် Personal Assistant Service ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ တစ်ခြား ကုမ္ပဏီတွေအနေနဲ့ AI ကိုအခြေခံထားတဲ့ Smart Assistants တွေကိုသာ ထုတ်ထားပြီး 8848 ရဲ့ Assistant Service ဟာ လူအစစ်တွေနဲ့ပြုလုပ်ထားပြီး Customers ‌တွေအတွက် အသေးအဖွဲ့လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မှာပါ။ ကုမ္ပဏီကတော့ Smart Assistants တွေဟာ လူတွေကို Service ကောင်းကောင်းမပေးနိုင်ဘူးလို့ ဆိုထားပြီး လူအစစ်တွေနဲ့ ပြုလုပ်ထားတဲ့ Personal Assistant Service ကိုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Ref: Gizmochina