This is digital planet.

realmeTech News

90Hz OLED display ၊ S855+ chipset နဲ့ Optical Zoom ပါ၀င်လာတဲ့ ၆ သိန်း၀န်းကျင်က Realme X2 Pro

Realme X2 Pro ဟာ Realme ရဲ့ ပထမဆုံး Flagship အစစ်ဖြစ်ပြီး Realme X2 ကနေကြီးမားတဲ့ ပြောင်းလဲမှုကို ပြုလုပ်ထားပါတယ်။ Realme ကတော့ mid-range ပိုင်းဖုန်းတွေထုတ်ထားကို ငြီးငွေ့လာပြီထင်ပါတယ်။ အခု Realme X2 Pro ဟာ Xiaomi ၊ Honor နဲ့ OnePlus flagships ဖုန်းတွေကိုတိုက်ရိုက် ယှဉ်ပြီး စိန်ခေါ်လာတော့မှာပါ။

ဖုန်းမှာ 90Hz display ကိုသုံးပေးထားပြီး fluid Super AMOLED ကို 6.5 inches နဲ့အတူ 1080p+ resolution ပါ၀င်လာပါတယ်။ Color rendering မှာ HDR10+ ကိုထောက်ပံ့ထားပြီး DCI-P3 color Space ကို အပြည့် အားဖြည့်ပေးထားပါတယ်။ Screen ရဲ့အောက်မှာတော့ ဖုန်းကို 0.23 seconds အတွင်း Unlock လုပ်ပေးနိုင်တဲ့ ပိုမြန်လာတဲ့ In-display fingerprint reader ကိုအသုံးပြုပေးထားပါတယ်။ ရိုးရိုး X2 မှာတော့ Unlock လုပ်ဖို့ 0.36 seconds လိုအပ်ပါတယ်။

Realme X2 Pro to Launch Today: How to Watch Live Stream, Expected Specifications, Price

ဖုန်းမှာ Snapdragon 855+ chipset ကိုသုံးထားပြီး အားဖြည့်ပေးထားပါတယ်။ အဲ့တာက Realme ရဲ့ပထမဆုံး 8-series chip ဖြစ်ပြီး Android မှာ အခုလက်ရှိ အမြန်ဆုံးထဲက တစ်ခုပါ။ Chipset မှာ GPU performance ကို 15% ပိုတိုးတက်အောင်လုပ်ထားပြီး အဲ့တာက 90fps gaming ကိုလွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ပါတယ်။ Chipset ကို graphite sheet ကနေဖြတ်ထားတဲ့ vapor chamber နဲ့ အေးအောင်လုပ်ထားပါတယ်။ HyperBoost 2.0 ဟာ Frame Rates တွေကို ငြိမ်စေပြီး Touch Boost 2.0 မှာတော့ touch တုန့်ပြန်မှုနှုန်းကို 35% ထိတိုးပေးထားပါတယ်။

အခြား Hardware အနေနဲ့ 6GB of RAM ၊ 64GB of UFS 2.1 storage ပါ၀င်ထားပြီး သင့်အနေနဲ့ 8/128GB ဒါမှမဟုတ် 12/256GB ကိုရွေးချယ်နိုင်ပြီး သူတို့မှာ ပိုမြန်တဲ့ UFS 3.0 standard ကိုပြောင်းနိုင်မှာပါ။ ဖုန်းမှာ microSD slot မပါ၀င်တဲ့အတွက် ပိုများတဲ့ built-in storage ကို ရွေးချယ်မှုကပိုပြီး အသုံး၀င်မှာပါ။

Image result for realme x2 pro

Realme X2 Pro ရဲ့ နောက်ဘက်မှာ quad camera ကို တပ်ဆင်ထားပါတယ်။ ပထမဆုံး 64MP regular camera မှာ f/1.8 aperture ၊ 0.8µm pixels နဲ့အတူ ကြီးတဲ့ f/1.8 aperture and 0.8µm pixels Samsung GW1 sensor (1/1.72”) ကိုသုံးထားပါတယ်။ Sensor ရဲ့ Quad Bayer design ဟာ 4-in-1 pixel binning နဲ့ 16MP output အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ Full Resolution လိုချင်ရင် ပြောင်းလို့ရဦးမှာပါ။ Realme အနေနဲ့ သူတို့ရဲ့ night mode version Nightscape 2.0 အသစ်ကို ပိုကောင်းလုပ်ထားပြီး အဲ့တာ AI ကိုအကျိုးရှိရှိသုံးထားပြီး noise ၊ စူးရှတောက်ပတဲ့အလင်း နဲ့ လက်တုန်မှုတွေကို ‌လျော့ချပေးတဲ့ multi-frame synthesis ကိုသုံးထားပါတယ်။

Image result for realme x2 pro

ဒုတိယ စိတ်၀င်စားဖို့ကောင်းတဲ့ Camera ကတော့ 2x telephoto unit ပါတဲ့ 13MP sensor ပဲဖြစ်ပါတယ်။ အခု Camera မှာကော main camera မှာပါ OIS မပါ၀င်ပါဘူး။ သို့သော်လည်း video recording အတွက် 4K mode မှာအလုပ်လုပ်တဲ့ electronic video stabilization ပါ၀င်ထားပါတယ်။ နောက်ထပ်ကတော့ 115° ultra wide-angle camera ပဲဖြစ်ပါတယ် သူ့ Sensor မှာ 8MP ဖြစ်ပြီး Pixel size ကတော့ 1.4µm ရှိပါတယ်။ Micro Shot တွေအတွက်လည်း အနည်းဆုံး 2.5cm or 1 inch ကြားကို Focus ထားပြီး ၎င်း Lens နဲ့ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Camera မှာ 720p slow-motion videos တွေကို 960fps မှာ ရိုက်နိုင်မှာပါ။ နောက်ဆုံး Camera ကတော့ 2MP portrait cam ဒါမှမဟုတ် depth sensor ပဲဖြစ်ပါတယ်။ သူဟာ Main Camera ကိုထောက်ပံ့ထားပြီး image contrast နဲ့ texture ကို မြင့်တင်ပေးဖို့ကူညီပေးထားပါတယ်။

Image result for realme x2 pro

နောက်ထပ်ပြောဖို့ကျန်နေသေးတာက 1.0µm pixels နဲ့ Quad Bayer filter ပါတဲ့ 16MP selfie camera ပဲဖြစ်ပါတယ်။ နောက် Cameras တွေလိုပဲ Selfie Camera မှာ Nightscape mode နဲ့ Video အတွက် EIS ပါ၀င်လာပါတယ်။

Realme X2 Pro မှာ နောက်ဆုံးပေါ် 50W SuperVOOC fast charging support ထားတဲ့ 4,000mAh battery ကိုသုံးထားပါတယ်။ သူ့မှာ Battery ရဲ့ 80 % ကို 30 minutes အတွင်း အားဖြည့်ပေးနိုင်တယ်လို့ ဂတိပေးထားပါတယ်။ အဲ့တာက OnePlus ရဲ့ 30W charger ထက်ပိုမြန်ပြီး USB Power Delivery နဲ့ Qualcomm QuickCharge standards support မှာပိုကောင်းလာပါတယ်။ အဲ့တာက Power Banks တွေနဲ့ အပို Chargers တွေ၀ယ်ရာမှာ ပိုလွယ်ကူစေပါတယ်။ သင့်အနေနဲ့ MacBook charger ကိုငှားပြီး ဖုန်းကို အားဖြည့်နိုင်ပါသေးတယ်။

Image result for realme x2 pro master edition

ဖုန်းရဲ့ အရှေ့ဘက် နဲ့ နောက်ဘက်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။ ရှေ့ဘက်မှာသုံးထားတဲ့ Glass ဟာ ပြားပြီး ‌နောက်ဘက် Glass မှာ ဖုန်းရဲ့ကောက်ကြောင်းကို သင့်တော်အောင်ပြုလုပ်ပေးထားပါတယ်။ ဘောင်ကိုတော့ Metal နဲ့ပြုလုပ်ထားပါတယ်။ ဖုန်းဟာ Ocean Blue ၊ Midnight Silver နဲ့ Master Editions နှစ်ခုဖြစ်တဲ့ အနီရောင်နဲ့ မီးခိုရောင်ဆိုပြီး လေးရောင်ရရှိနိုင်မှာပါ။

X2 Pro မှာ ဂိမ်းတွေအတွက် ပိုကောင်းတဲ့ haptic feedback အတွက် Tactile Linear Motor ပါ၀င်လာပါတယ်။ Realme ကတော့ Ultra-Linear dual speakers ပါ၀င်ထားတဲ့ ပထမဆုံးဖုန်းလို့ Realme ကဆိုထားပါတယ်။ သူ့မှာ Dolby Atmos ကော Hi-Res audio ကိုပါ ထောက်ပံ့ထားပါတယ်။ Realme X2 Pro ဟာ October 18 မှာစပြီး တရုတ်မှာ ၀ယ်ယူလို့ရမှာပါ။ ‌ဈေးအနေနဲ့ 6GB/64GB variant အတွက် CNY2,699 ($380/€345) မြန်မာငွေ 6 သိန်းနီးပါး ၊ 8GB/128GB model မှာတော့ CNY2,899 ($410/€370)မြန်မာငွေ 6 သိန်း 2 သောင်းကျော် ရှိပါတယ်။ Top-end Version 12GB RAM နဲ့ 256GB storage ကိုလိုချင်ရင် CNY3,299 ($465/€425) မြန်မာငွေ 7 သိန်းကျော်ရှိပါတယ်။

Master Edition မှာတော့ 12GB/256GB ရှိပြီး ပုံမှန် Variant နဲ့ ဈေးအတူတူကျမှာပါ။ ဒါပေမယ့် အချိန်အကန့်အသတ်အနေဖြင့် Devices အားလုံးအတွက် Discount CNY100 ($15/€12) ရရှိလာမှာပါ။

Ref: Gizmochina