fbpx

This is digital planet.

AppleTech News

9th Gen CPU, 7nm GPU နဲ့ Keyboard အသစ်ပါ၀င်သော 16″ MacBook Pro ကို Apple မှ မိတ်ဆက်

Apple က MacBook တွေထဲမှာ အကြီးဆုံး(Screen)နဲ့ အကောင်းဆုံး Performance ရှိတဲ့ 16″ MacBook Pro ကို တိတ်တိတ်လေးထုတ်ပြလိုက်ပါတယ်။ ဒီ 16″ MacBook Pro မှာ အရင် MacBook တွေမှာရှိခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး နည်းပညာအသစ်တွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အထူးသဖြင့် Keyboard ပိုင်း အရင် MacBook Model အဟောင်းတွေလို Butterfly keyboard မဟုတ်တော့ပဲ Traditional scissor mechanism (X ၀င်ရိုးပုံစံ) ကို ပြန်ပြောင်းတပ်ဆင်ပေးထားပါတယ်။ ပြီးတော့ Esc (Escape Key) ကို Touchbar မှာ ထည့်ပေးထားတာမဟုတ်တော့ပဲ Physical Key အဖြစ်ပြန်ထည့်ပေးထားပါတယ်။

16″ MacBook Pro အသစ်က 16″ Inches Retina Display ကို အသုံးပြုထားပြီး Lid ပိုင်းမှာ အရင် MacBook တွေလို အပေါ်အောက် ဘောင်အထူမဟုတ်တော့ပဲ ပါးသွားပါပြီ။ ဆိုတော့ 16″ MacBook Pro ဆိုပြီး 15″ MacBook Pro ထက်ကြီးမားသွားမှာမဟုတ်ပဲ Display ပိုင်းပဲ ကြီးသွားတာ ဖြစ်ပါတယ်။ Color coverage အတွက် DCI-P3 ပါ၀င်ပြီး နဲ့ Brightness ပိုင်းမှာတော့ 500 nits ထိ အလင်းအားထုတ်ပေးနိုင်ပါတယ်။

Apple unveils 16'' MacBook Pro with new keyboard, 9th gen Intel CPUs and 7nm AMD GPUs

Scissor mechanism ကို ပြန်အသုံးပြုထားတဲ့ Keyboard ကို Apple က Magic Keyboard လို့ နာမည်ပေးထားပြီး Key travel က 1mm လောက်ပဲရှိပါတယ်။ Apple ပြောတာကတော့ Keyboard ပိုင်းမှာ refined design လုပ်ထားပြီး Typing experience မှာ အသံတွေ မဆူစေပဲ Key presses responsive တွေမှာလည်း ပိုကောင်းလာပါတယ်လို သိရပါတယ်။ Physical Escape key ကိုပြန်ထည့်ပေးလိုက်တာက အများကြီးအဆင်ပြေလာသလို Esc နဲ့ Touch ID ကို အလယ်က Touch Bar နဲ့ ခွဲထားလိုက်ပါတယ်။

16″ MacBook Pro မှာ 9th Generation Intel Processors တွေကို တပ်ဆင်ထားပြီး 6-Core လား 8-Core လားဆိုတာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အမြင့်ဆုံး 8-Core chip ကိုရွေးချယ်မယ်ဆိုရင် Turbo Boosts အနေနဲ့ 5GHz ထိ ရရှိမှာဖြစ်ပါတယ်။ ဒါက Quad-core MacBook Pro 15″ ထက် 2 ဆမြန်တယ်လို့ Apple က ပြောပါတယ်။

GPU အတွက် AMD ရဲ့ 7nm GPUs များကို အသုံးပြုထားပါတယ်။ GPU အတွက် Option 2 မျိုးရှိပြီး Radeon Pro 5300M နဲ့ 5500M တို့ပဲဖြစ်ပါတယ်။ Basic Model အတွက် 4GB ဖြစ်ပြီး 8GB Upgrade လုပ်ထားတာကို အသုံးပြုမယ်ဆိုရင် Video Editing (DaVinci Resolve) အတွက် 80% ပိုမြန်လာမှာဖြစ်ပါတယ်။ အဲ့အပြင် Fortnite ဆော့တဲ့အခါ အရင် MacBook Pro ထက် 60% ပိုမြန်လာဦးမှာပါ။

Apple က Airflow နဲ့ Heatsink အတွက် redesign ပြန်လုပ်ထားပါတယ်။ လေ၀င်လေထွက်အတွက် 28% ပိုကောင်းလာမှာဖြစ်သလို အပူစုပ်ခြင်းအတွက်လည်း 35% ပိုကောင်းလာမှာဖြစ်ပါတယ်။ ဒီလို Cooling solution အသစ်က CPU နဲ့ GPU တို့အတွက် 12W higher Thermal Design Power ကို ကောင်းကောင်း Handle လုပ်နိုင်မှာဖြစ်ပါတယ်။

MacBook Pro 16″ ရဲ့ Base configuration က RAM 16GB နဲ့ 512GB မှ စတင်မှာဖြစ်ပြီး Video Editing တွေ၊ Science calculation တွေ၊ App development သမားတွေအတွက် ပိုကောင်းတဲ့ Upgrade option ကို ရွေးချယ်သင့်ပါတယ်။ MacBook Pro တစ်ခုအတွက် အမြင့်ဆုံး Specs ဆိုရင်တော့ i9 9th 8-core, 64GB RAM, 8TB Storage နဲ့ Radeon 5500M 8GB တို့ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ Base Model က $2,399.00 မှစတင်မှာဖြစ်ပြီး အမြင့်ဆုံး Model က $6,099.00 ပဲဖြစ်ပါတယ်။

Battery ပိုင်းမှာတော့ 100Wh Battery ပါ၀င်ပြီး အရင် MacBook Pro ထက် ၁ နာရီထက် ပိုခံမှာဖြစ်ပါတယ်။ ၁၁ နာရီကြာ Web Browsing တွေအသုံးပြုနိုင်ပြီး 96W charger နဲ့ 2m USB-C to C အားသွင်းကြိုးပါ၀င်ပါတယ်။

Ref: GSMArena